ခေါင်းကိုက်ခြင်း
01-Mar-2017ခေါင်းကိုက်ခြင်းဖြစ်ပေါ်နေပါက ဆရာဝန်ပြပါ။ ဆရာဝန်ညွှန်ကြားထားသော ဆေးကိုသာ သောက်သင့်ပါသည်။ ခေါင်းကိုက်ခြင်း မဖြစ်စေရန် အလွန်ပူသောနေရာမှ အလွန်အေးစိမ့်နေသောနေရာသို့သွားရောက်ခြင်းမျိုးကို သတိထားရှောင်ပါ။ အိပ်ရေးမပျက်စေရန် ဂရုစိုက်ပါ။ အစားအစာကို ဝအောင်စားပေးပါ။ ခန္ဓာကိုယ်အတွက် ရေပမာဏ လုံလောက်စွာ ဖြည့်စွက်ပေးပါ။ ခန္ဓာကိုယ်အတွက် ရေပမာဏ လုံလောက်စွာဖြည့်စွက်ပေးပါ။ ရေများများ သောက်ပေးပါ။ အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ နေ့စဉ်မိနစ် ၃၀ ခန့် အားကစားလုပ်ပေးပါ။ ဖိအားများ မဖြစ်စေရန် သတိပြုပါ။ စိတ်ဖိစီးမှုများကို လျှော့ချထားပါ။
ပတ်ဝန်းကျင်ရှိ အလွန်ဆူညံသံများကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပေါ်ပါက ဆူညံသောနေရာမှ အမြန်ထွက်ခွာ၍ တိတ်ဆိတ်အေးချမ်းသော
နေရာတစ်ခု၊ မှောင်သောနေရာတစ်ခုသို့သွား၍ ထိုင်ခြင်း၊ အိပ်ခြင်းပြုလုပ်၍ အနားယူလိုက်ပါ။ ခေါင်းအရမ်းကိုက်ခြင်း မသက်သာပါက အဝတ်ထူထူထဲသို့ ရေခဲအနည်းငယ်ထည့်၍ ခေါင်းကိုကပ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်နေပါက မျက်လုံးကို မှိတ်၍ စိတ်လျှော့ချကာ ခန္ဓာကိုယ်ရှိ ကြွက်သားများကိုဖြေလျှော့ထားပါ။ ပခုံးပိုင်း၊ လည်ပင်းပိုင်းတို့ကို နှိပ်ပေး၍ အကြောလျှော့ချလိုက်ပါ။ ခေါင်းကိုက်ခြင်း ဖြစ်တတ်သူများသည် အဆီပါသော အသား၊ တိရစ္ဆာန်တို့၏ အသည်း၊ ကလီစာတို့ကို လျှော့စားပါ။ ဗီတာမင် B ဓာတ်ရရှိစေရန် တစ်နေ့လျှင် ဗီတာမင် B ဓာတ် ၅၀ မီလီဂရမ် စားပေးသင့်ပါတယ်။ ဗီတာမင် B ဓာတ်ပါသော အစားအစာတချို့မှာ အဝါရောင်ဥအနှစ်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်စားစရာပစ္စည်းများ၊ ဂုံးကောင်တို့ဖြစ်ပါသည်။
ခေါင်းကိုက်တတ်သူများသည် ဗီတာမင် စီ ပါသော အစားအစာများကိုလည်း စားပေးပါ။ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ အစိမ်းရောင်ရင့်ရင့် ဟင်းရွက်စိမ်းများထဲတွင် ဗီတာမင် စီဓာတ် ကြွယ်ဝစွာ ပါသည်။ ကိုယ်ခန္ဓာသည် ဗီတာမင်စီဓာတ် လုံလောက်စွာရရှိပါက ဖိအားများလျှော့ပေး၍ ခေါင်းကိုက်ခြင်းရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခေါင်းကိုက်တတ်သူများသည် မဂ္ဂနီဆီယမ်ဓာတ် ခန္ဓာကိုယ်ကို လုံလောက်စွာ ဖြည့်ပေးရမည်။ မဂ္ဂနီဆီယမ်ဓာတ်ပါသော အစားအစာ အချို့မှာ ခရမ်းသီး၊ အုတ်၊ဂျုံ၊၊ ပန်းစိမ်းတို့ဖြစ်ပါသည်။
လိုအပ်သောဓာတ်များ
ခေါင်းကိုက်တတ်သူများသည် ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B5၊ ဗီတာမင် B6 ၊ ဗီတာမင် B9 ၊ ဗီတာမင် B12 ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ မဂ္ဂနီဆီယမ်ဓာတ်တို့ လိုအပ်ပါသည်။
စားသင့်သောအစာ
ခေါင်းကိုက်တတ်သူများသည် ငရုတ်သီးပွ၊ ခရမ်းသီး၊ ပြောင်းဖူး၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ၊ ရေညှိ၊ သလဲသီး၊ ကီဝီသီး၊ သံပရာသီး၊ ဂရိတ်ဖရုသီး၊ ပန်းသီး၊ နာနတ်သီး၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲ၊ နှမ်း၊ ပဲပြား၊ အဆီမပါ အသားတို့စားပေးသင့်ပါသည်။
မစားသင့်သော အစာများ
ခေါင်းကိုက်တတ်သူများသည် ဝက်အူချောင်း၊ ကျပ်တိုက်ထားသောအသား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အရက်၊ ဘီယာ၊ ရွှေပဲသီး၊ ချောကလက်၊ အချိုမှုန့်၊ ချဉ်ဖတ်၊ ငရုတ်ဆီတို့ မစားသင့်ပါ။
Credit:
ယမုံအေး (စမ်းချောင်း)
Health for all magazine, August 2016, Pg. 97