အမာရွတ်တွေကို ပျောက်စေဖို့ ကုသနည်း
10-Mar-2020
အမာရွတ်တွေ ပျောက်စေဖို့ဆိုရင် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေရောင်ကာခရင်မ် သုံးရပါမယ်။ အမာရွတ်ပျောက်စေဖို့အတွက် သင့်တော်မယ့်ဆေးကို ဆရာဝန်ပြပြီး လိမ်းရပါမယ်။
ပုံမှန်ဖြစ်တတ်တဲ့ အမာရွတ်ကတော့ ကြာလာရင် သက်သာသွားတတ်ပေမယ့် အမာရွတ်အဖုလုံး (Keloid) ကတော့ ဆေးကုသရ ခက်ခဲပါတယ်။ Keloid အမာရွတ်ကို အရောင်ကျဆေး ထိုးလိုက်ပြီးရင်
သက်သာပေမယ့်
ဆေးအရှိန်ကုန်ချိန်မှာတော့
Keloid က
ပွားတတ်ပြီး
ပြန်ကြီးတတ်တဲ့အတွက်
ပြန်ကြီးလာမှာပဲ
ဖြစ်ပါတယ်။
ဒါကြောင့်
Keloid မဖြစ်အောင်
အကောင်းဆုံးက
ဒဏ်ရာ
မရအောင်နေဖို့ပါပဲ
ဖြစ်ပါတယ်။
၁။ ရေဓာတ်ဖြည့်ဆီ ဆေးလိမ်းပေးပါ။
၂။ အထူးပြုလုပ်ထားတဲ့
Polyurethane or silicone ဂျဲလ်
သုံးနိုင်ပါတယ်။
၃။ အမာရွတ်ကို ဖိအားသုံးပြီး သေးအောင်ပြုလုပ်နိုင်ပါတယ်။
၄။ ခွဲစိတ်ပြီး စနစ်တကျ ပြန်ချုပ်ရပါမယ်။
၅။ အရောင်ကျဆေး ထိုးလို့ရပါတယ်။
၆။ အအေးပေး ကုသနည်း (Cryotherapy) နဲ့ ကုသလို့ ရပါတယ်။
၇။ အပေါ်ယံ ဓာတ်ရောင်ခြည် ကုသမှု (Superficial X-ray Treatment) နဲ့ ကုသလို့ ရပါတယ်။
၈။ လေဆာနည်းနဲ့ ကုသလို့ရပါတယ်။
Credit : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

