အကျိတ်ကင်ဆာ
02-Apr-2020
ပြန်ရည်ကျိတ် (Lymph node) ကို သားနံရည်ကျိတ်ဟုလည်း ခေါ်ကြသည်။ ယင်းတို့ကို ပြန်ရည်ကြော
(Lymphatic vessel) တို့နှင့် ပေါင်း၍ ပြန်ရည်ကြောစနစ် (Lymphatic system) ဟုခေါ်သည်။ အမှန်အားဖြင့် ပြန်ရည် (Lymph) သည် ကိုယ်တွင်းထွက် အရည်ကြည်ဖြစ်သည်။ ယင်းတွင် သွေးဖြူဥများ
ခိုအောင်းလျှင် အကျိတ်များ ကြီးမားလာသည်။ ချိုင်း၊ ပေါင်ခြံ၊ လည်ပင်းရှိ
အကျိတ်များတွင် တွေ့ရသည်။
ဖြစ်ပွားမှု
အကျိတ်ကင်ဆာ နှစ်မျိုးရှိသည်။ Hodgkin’s Lymphoma နှင့် Non-
Hodgkin’s Lymphoma ဟူ၍ ခေါ်သည်။ Non- Hodgkin’s Lymphoma သည် ဖြစ်ပွားမှု ပိုမိုများသည်။
ကုသပျောက်ကင်းရန် ခက်သည်။ Lymphocyte ခေါ်
သွေးဖြူဥဆဲလ်များမှ ဖြစ်လာသည့်
ကင်ဆာဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း Non-
Hodgkin’s Lymphoma ဖြစ်ပွားသူအသစ်
၃ သိန်းခွဲကျော် တွေ့ရှိရသည်။
ဖြစ်ပွားရခြင်းအကြောင်းရင်း
ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို
ယနေ့ထိ တိကျစွာမသိနိုင်သေးချေ။ Hodgkin’s
Lymphoma သည် Epstein-Barr virus ခေါ် ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့်
ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆသည်။ ယင်းဗိုင်းရပ်စ်ပိုးသည် ဖျားပြီး အကျိတ်ထွက်စေသည့် Glandular Fever ရောဂါကို ဖြစ်စေသည်။ HIV
ပိုးသည်လည်း Kaposi’s sarcoma ခေါ် ကင်ဆာတစ်မျိုးအပြင်
အကျိတ်ကင်ဆာကိုပါ ဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ
အကျိတ်ကင်ဆာ (Lymphoma) ဖြစ်လျှင် ဖျားခြင်း၊ လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံရှိ
အကျိတ်များရောင်ပြီး နာကျင်မှုမရှိခြင်း၊ ညအချိန် ချွေးထွက်ခြင်း၊
အရေပြားယားယံခြင်း၊ အရေပြားပေါ်တွင် အနီကွက်များပေါ်ခြင်း၊ ကိုယ်အလေးချိန်
ကျဆင်းခြင်းတို့ဖြစ်သည်။ သွေးကင်ဆာ (Leukaemia)
၏ အချို့ရောဂါလက္ခဏာများနှင့် တူညီသည်ကို
တွေ့ရသည်။ အကျိတ်ကင်ဆာသည် သွေးကြော၊ ပြန်ရည်ကြော တို့မှတစ်ဆင့် အရိုးသို့
ပျံ့နှံ့နိုင်ပြီး ရိုးတွင်းခြင်ဆီ (bone
marrow) ကို
ပျက်စီးစေသည်။
ရောဂါရှာဖွေခြင်း
လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံရှိ
အကျိတ်များ ကြီးခြင်းရှိမရှိ စမ်းကြည့်နိုင်သည်။ သွေးစစ်ဆေးခြင်းသည် အဓိကဖြစ်ပြီး
သွေးဖြူဥအရေအတွက်၊ ရောဂါအခြေအနေတို့ကို သိရှိနိုင်သည်။ လည်ပင်း၊ ချိုင်းနှင့်
ပေါင်ခြံမှ အကျိတ် နမူနာယူ၍ ဓာတ်ခွဲ စစ်ဆေးနိုင်သည်။ ဓာတ်မှန်၊ CT Scan ရိုက်ပြီး အသည်း၊ အဆုတ်၊ သရက်ရွက်တို့သို့ ပြန့်ပွားမှု ရှိ
မရှိ သိနိုင်သည်။
ကုသခြင်း
အကျိတ်ကင်ဆာ ပျံ့နှံ့မှု မရှိသည့် အခြေအနေတွင်
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ပြုလုပ်နိုင်သည်။ အကျိတ်ကင်ဆာကို ဆေးဝါးဖြင့်
ကုသသည်။ အကယ်၍ ဆေးဝါးဖြင့် ကုသရာ၌ ထိရောက်မှုမရှိလျှင် အာနိသင် ပိုပြင်းသည့်
ဆေးဝါးဖြင့် ကုသသည်။ ယင်းတို့သည် ရိုးတွင်းခြင်ဆီကို ထိခိုက်ပျက်စီးစေနိုင်၍
ရိုးတွင်းခြင်ဆီ အစားထိုးခြင်း (Bone
Marrow Transplant) ကိုပါ
ပြုလုပ်ရသည်။
Credit : ဒေါက်တာအောင်ဆန်း
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
