စိတ်ကစင့်ကလျားရောဂါ
20-May-2020
လူတစ်ယောက် Schizophrenia ဖြစ်နေသည် ဆိုလျှင် စိတ်လုံးဝမကောင်းတော့ပါ။
သူဘာခံစား နေရသည်ကို အမှန်မသိ၊ သူ့အတွေးအခေါ်များ ပျက်စီး၊ သူ့စကားရေလည်စွာပြော နိုင်စွမ်းရပ်၊
ပြောလျှင် အဓိပ္ပာယ်မရှိ၊ လူတွေနှင့်မပေါင်း၊ အများနှင့်မတူ၊
တစ်မူထူးခြားစွာ ပြုမူတတ်
သည်။ အဝတ်အစားဝတ်ခြင်းကို ဂရုစိုက်ချင်မှစိုက်မည်။
တစ်ယောက်တည်းပြုံးနေမည်။ စကားပြောနေမည်။ လူတစ်ယောက်က (သို့) နတ်ကသူ့ကို လာစကားပြောနေသည်။ အသံကြားရသည်ဟု ပြောမည်။
ယခုစိတ်ကစင့်ကလျားရောဂါခေါ် Schizophrenia ရောဂါ၌ စိတ်သည်တစ်ခုတည်း
မဟုတ်၊ အမျိုးမျိုးဖြစ်နေသည်။ ပျံ့နေသည်၊ နှံ့နေသည်၊ တည်ငြိမ်မှုကမရှိ၊
ခံစားမှုကမှား၊
တွေးခေါ်မှု ကပျက်၊ စကားပြောကမပီပြင်၊ အမူအရာက သူများနှင့်
မတူတော့ပေ။ ရှေးက
Split Personlity ဟုခေါ်ခဲ့သည်။ တကယ်တော့ “လူတစ်ကိုယ်စိတ်နှစ်ခွ”
“လူနှစ်ကိုယ်စိတ်ရောဂါ” မဟုတ်ပါ။ လူတစ်ဦးတည်း၊ စိတ်ကတစ်ခုတည်း၊ စိတ်ပြိုပျက်ခြင်း၊
စိတ်မတည်ငြိမ်ခြင်းသာ ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
(က) အရှိလက္ခဏာများ (Positive Symptoms)
(၁) လက်တွေ့နှင့် ကင်းကွာနေသည်။ အမှန်ကိုမသိ။
(၂) အကြောင်းမရှိဘဲ ထင်ယောင်ထင်မှား၊ အသံကြားခြင်း
(Hallucination) ရှိနေသည်။ တစ်ယောက်ယောက်က၊ အသံတစ်ခုက သူ့ကိုအမြဲစကားပြောနေသည်။ ဟိုဟာလုပ်၊
ဒီဟာမလုပ်နှင့် ခိုင်းနေသည်။
(၃) တကယ်ရှိသော သူများကို အမှားထင်နေသည်။ အိမ်နီးချင်းများက
သူတို့လိုချင်ရာကို အခြားသူများအား ခိုင်းနေသည်၊ စေတလုံးပိုင်နေသည်ဟုထင်နေသည်။ သူ့ကိုလည်း
ထိုသို့လုပ်မည်ဟု ထင်နေသည်။ (Delusion)
(၄) တွေးခေါ်မှု ပျက်ပြားနေသည်။ (Disorganised
Thinking)။ လူနာသည် အတွေးအခေါ်တစ်ခုကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်။ တစ်ဝက်မှာ
ရပ်သွားသည်။
(၅) လှုပ်ရှားမှုမမှန် (Movement Disorder) သူသည် လိုသလို
မလှုပ်ရှားနိုင်။ သို့သော် အလိုလို ကိုယ်ခန္ဓာက လှုပ်ပြီး သူ့ခြေလက်၊ ကိုယ်က ပုံမကျ ပန်းမကျ
ဖြစ်နေသည်။
(ခ) မရှိလက္ခဏာများ (Negative Symptoms)
(၁) မျက်နှာကသေပြီး ပြုံးရယ်ခြင်းမရှိ။
(၂) နေ့စဉ်လုပ်ငန်းများမှာ သာယာမှုမရှိ၊ မပျော်။
(၃) မိမိဘာသာ လုပ်ငန်းတစ်ခုကို မစနိုင်၊ မလုပ်နိုင်။
(၄) စကားမပြောချင်၊ ပြောခိုင်းလျှင်ပင် မပြော။
(ဂ) အသိဉာဏ်ချွတ်ယွင်းမှုလက္ခဏာများ (Cognitive
Symptoms) ဦးနှောက်မှ စဉ်းစားလုပ်ကိုင်မှု
(၁) အများပြောသည်ကို နားမလည်၊ လုပ်ခိုင်းလျှင်လိုက်မလုပ်နိုင်။
(၂) တစ်ခုခုကို စိတ်မဝင်စားနိုင်၊ မစူးစိုက်နိုင်။
(၃) သစ္စက္ခမှတ်ဉာဏ်မရှိ၍ ဘာလုပ်ပြီး ဘာလုပ်ရမည်မသိ။
(ဃ) အပြုအမူပြောင်းလဲမှုလက္ခဏာများ
(၁) အများနှင့်မပေါင်းသင်း မိမိဘာသာနေ။
(၂) အလုပ်အကိုင်လုပ်ရည်ကျ၊ ယခင်လိုမလုပ်။
(၃) အဝတ်အစား ဂရုမစိုက်ဖြစ်သလို ဝတ်ထား။
(၄) လူများနှင့်မတူ ဝတ်စားဆင်ယင်၍ သိသာလွန်း။
(၅) သူများမလုပ်သော အလုပ်လိုက်လုပ်နေ ဥပမာအမှိုက်ကောက်ခြင်း။
(င) လူနာကိုယ်တိုင်ခံစားရသည်များ
(၁) သူဘာဖြစ်နေမှန်းမသိ။ စိတ်ရှုပ်နေသည်။
(၂) သူများနှင့်မတူဟု ခံစားနေသည်။
(၃) အလိုလိုကြောက်လန့် စိုးရိမ်နေသည်။
(စ) စကားပြောပျက်ခြင်း
(၁) စကားကိုသိပ်မပြော။
(၂) စကားပြောလျှင် အဓိပ္ပာယ်မရှိ။
(၃) စကားလုံးအသစ်များသုံးလာ။
(၄) ပြောစကားအရပ်ရပ်သွား၍ အသစ်ပြန်ပြော။
(၅) ဆက်စပ်မှုမရှိသော စကားများပြောဆို။
(ဆ) စိတ်ရောဂါဆရာဝန်မှာ ဤရောဂါဟု အမည်တပ်ရန် အချက်များ
(Diagnostic Criteria) ရှိပါသည်။ သူနှင့်တိုင်ပင်ပါ။
(၁) စိတ်ရောဂါကုဆေးများ (Antipsychtotics Or
Neuroleptics) Phenotitiazines, Fluphenazine, Haloperidol
(၂) လျှပ်စစ်ဓာတ်အားဖြင့်တို့ ကုသခြင်း (Electro
Convulsive therapy, ECT) အချို့မှာ ဤသို့ကုသပြီး ကောင်းသွားသည်။ အချို့မှာဆေးနှင့်
ပူးပေါင်းကုသက ကောင်းသွားသည်။ ဆေးရုံအချို့မှာ အဓိကကုသနည်းဖြစ်သည်။
(၃) စိတ်နှင့်ပေါင်းသင်းဆက်ဆံမှု ရောကုခြင်း
(Psychosocial treatment)
Credit : ဒေါက်တာမောင်မောင်ညို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
