ဆီးကျိတ်ကင်ဆာနှင့် လက္ခဏာများ
04-Sep-2020
ဆီးကျိတ်ကင်ဆာလူနာတွေထဲက တချို့က ဆီးလမ်းကြောင်းလက္ခဏာတွေ
ခံစားရတာကြောင့် စစ်ဆေးရာက တွေ့ရှိကြပြီး တချို့ကတော့ ရောဂါလက္ခဏာ မရှိသေး
ဘဲ ကြိုတင်စစ်ဆေးရာက တွေ့ရှိရတာဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာရဲ့ အဓိကလက္ခဏာသုံးခုကတော့ ဆီးလမ်းကြောင်းလက္ခဏာ
တွေဖြစ်တဲ့ ဆီးအနည်းငယ် မကြာခဏ သွားတာ၊ ဆီးစတင်သွားဖို့
ခက်ခဲတာ၊ ဆီးအလုံးသေးသွားတာ၊ ဆီးအားနည်းသွားတာ၊ ဆီးတစ်စက်စက်ကျတာ၊ ဆီးကျန်တာတွေ
ခံစားရနိုင်ပါတယ်။ ဒုတိယလက္ခဏာကတော့ ခါးနာတာနဲ့ တတိယလက္ခဏာ
ကတော့
ဆီးထဲမှာ သွေးပါတာတွေ ဖြစ်ပါတယ်။
ကင်ဆာဆဲလ်တွေဟာ တခြားနေရာကို ပျံ့နှံ့သွားပြီဆိုရင်တော့
အစားအသောက်ပျက်တာ၊ ပိန်လာတာ၊ သွေးအားနည်းတာ၊ အရိုးတွင်းနာကျင်တာ၊ အရိုးကျိုးတာ၊ အကျိတ်တွေထွက်ပေါ်လာတာ၊
ခြေထောက်ဖောတာ၊ ရောင်တာ၊
ခြေထောက်သွေးပြန်ကြော ပိတ်တာ၊ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး
ဆီးလမ်းကြောင်း
တင်းတာတွေ ခံစားရနိုင်ပါတယ်။
Credit : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
