HIV က ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုပုံစံနဲ့ ကူးစက်နိုင်ပါသလဲ
03-Nov-2020
အိတ်ချ်အိုင်ဗွီပိုးဟာ လိင်အင်္ဂါက ထွက်တဲ့အရည်မှာ
အများဆုံးရှိပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါက အရည်တွေဟာ ခံတွင်းထဲ၊
အာခေါင်ထဲကို ရောက်လာမယ်။ ခံတွင်းထဲ၊ အာခေါင်ထဲမှာ အနာရှိနေရင်
အဲ့ဒီအနာပေါက်ကနေတဆင့် ရောဂါ ပိုးတွေ အလွယ်တကူဝင်သွားပြီး ရောဂါကူးမယ်။
အနာ မရှိပေမယ့်လည်း ရောဂါ မကူးနိုင်ဘူးဆိုပြီး
စိတ်ချနေလို့မရပါဘူး။ ခံတွင်းရဲ့နံရံတွေကို နုနယ်ပါးလွှာတဲ့ အမြှေးပါးဟာ မာတဲ့
အစာတွေ၊ အရိုးတွေ ကိုက်ဝါးထားတဲ့ဒဏ်၊ သွားတိုက်ရင်း သွားပွတ်တံနဲ့ ဖုံးအုပ်ထားတယ်။
အဲ့ဒီအမြှေးပါးဟာ မာတဲ့အစာတွေ၊ အရိုးတွေ ကိုက်ဝါးထားတဲ့ဒဏ်၊ သွားတိုက်ရင်း
သွားပွတ်တံနဲ့ ပွတ်မိထားတဲ့ ဒဏ်တွေကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့
ပွန်းပဲ့မှုတွေ ရှိနေမယ်။ ရောဂါပိုးတွေဟာ ပွန်းပဲ့နေတဲ့ အမြှေးပါးကတဆင့်
ခန္ဓာကိုယ်ထဲရောက်ပြီး ရောဂါ ကူးစက်နိုင်တယ်။ အဲ့ဒါကြောင့် ဘယ်ပုံစံနဲ့ပဲ
လိင်ဆက်ဆံဆက်ဆံ ရောဂါမကူးအောင် ကွန်ဒုံး ( အက်ဖ်အယ်လ်/ F.L ) ကို သုံးပါ။
Credit : Unicef
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

