သွေးထဲကသံဓာတ်အားနည်းခြင်း
02-Dec-2020
သံဓာတ်ဆိုတာ
အနီးမီးယား (Anaemia) ဆိုတဲ့ သွေးအားနည်းရောဂါထဲမှာ သံဓာတ်အား ချို့တဲ့ တာကြောင့်ဖြစ်ရတဲ့ အနီမီးယားရောဂါ အဖြစ်အများဆုံးပါ။ တကယ်လို့ သံဓာတ်ချို့ တဲ့ပြီး သွေးအားနည်းခဲရင် မောပန်းလွယ်တာ၊ နုံးချည့်တာ၊ အသက်ရှူမဝတာ၊ ရင်တုန် တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုပြဿနာတွေနဲ့ ဆေးရုံ၊ ဆေးခန်းလာပြရင် ဆရာဝန်တွေ က အနည်းဆုံးတော့ ဦးစွာလျှာတို့၊ မျက်ခွံတို့ကို သတိထားစစ်ဆေး တတ်ပါသည်။ လျှာထုတ်ခိုင်းပြီး လျှာရဲ့အရောင်အဆင်းကို အကဲခတ်တာ၊ အောက်မျက်ခွံလေး လက်နဲ့ ဆွဲပြီး ဖြူနေသလားဆိုပြီး စူးစမ်းတာတွေ လုပ်လေ့ရှိပါတယ်။ သံဓာတ်အားနည်းရင် မူးတာ၊ မောတာ၊ ရင်တုန်တာတွေတင်မကဘူး။ အရေပြားမှာလည်း ပြဿနာတွေ တစ်ပုံတစ်ပင်ကြီး ပေးတတ်ပါတယ်။
(၁) ဖြူဖပ်ဖြူရော်
ပါးစပ်ပေါက်ရဲ့
ထောင့်နှစ်ခုမှာ အနာဖြစ်ပြီး နီရဲရောင်ရမ်းနေတာကို ကျီးပါးစပ်နှင့် တူလို့ ကျီးပါးစပ်နာလို့
အရပ်ထဲမှာခေါ်ပါတယ်။ ဆေးပညာဝေါဟာရကတော့ Angular Cheilitis လို့လည်း သုံးကြပါတယ်။ ကျီးပါးစပ်နာဖြစ်တဲ့သူတွေရဲ့
၂၅ ရာခိုင်နှုန်းက အာဟာရမပြည့်စုံလို့၊ ဗီတာမင်ဘီနှင့် သံဓာတ်ချို့တဲ့လို့ စတာတွေကြောင့်
များပါတယ်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
