ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ
31-Mar-2021
ပြောင်းဖူးမှာ
အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။
ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗိုဟိုက်ဒရိတ် တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို
ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ်
ပါဝင်တာ ကြောင့်ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီ ပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ
ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပြောင်းဖူးမှာ
ဗီတာမင် B9 လို့ခေါ် တဲ့ ဖောလိတ်ပါဝင်မှုကြောင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
ဖောလိတ်ဓာတ်ပါတဲ့ အစားအစာကို များများစားတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ်
တာနဲ့ နှလုံးရောဂါထတာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါကို
ကာကွယ်ပေးပါတယ်
ပြောင်းဖူးရဲ့
နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ်ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်းဖူးမှာ
Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေဟာ
ပြောင်းဖူးကို ပုံမှန်စားပေးရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
မှတ်ဉာဏ်ကို
အားကောင်းစေပါတယ်
ပြောင်းဖူးမှာ
သိုင်ယာမင်း (ခေါ်) ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။
ဒီ အာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင်တဲ့ လုပ်ငန်းဆောင်တာကို
တိုးတက်စေပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
အမြင်အာရုံကို
ကာကွယ်ပေးပါတယ်
ပြောင်းဖူးမှာ
ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန်သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက
မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ရောင်ရမ်းမှုကို
လျော့ကျစေပါတယ်
ပြောင်းဖူးမှာ
Ferulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်
တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတွင်း
ကိုလက်စထရောကို လျော့ ကျစေပါတယ်
ပြောင်းဖူးတစ်ခွက်စာ
ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ်
ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က
သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အမျှင်ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။
ဂရုစိုက်ရန်
လေ့လာမှုအရ
ပြောင်းဖူးဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစုထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။
လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ်စားသောက်ကြပါတယ်။
ပြောင်းဖူးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ်ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာရေးနဲ့
ပိုညီညွတ်ပါတယ်။
Credit : Good Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
