ကော့ပါး (သို့) ပလတ်စတစ်သားအိမ်တွင်းထည့်ကိရိယာ Copper or Plastic Device...
26-Apr-2021အမျိုးသမီးအများစုမှာ
ဆေးဝါးများကို ကြာရှည်မသောက်သုံး လိုကြသောကြောင့် ကော့ပါး (သို့) ပလတ်စတစ်သားအိမ်တွင်းထည့်
ကိရိယာ (IUD) ကိုထည့်ပေးခြင်းဖြင့် သားဆက်ခြားနိုင်ကြသည်။ ကျွမ်းကျင်သောဆရာဝန်များက
ထည့်ပေးပါက (IUD) ထည့်ခြင်းကြောင့် နာကျင်မှုလွန်စွာ နည်းပါးသည်။ IUD ထည့်ပြီးနောက်တွင်
မွေးလမ်းကြောင်းဝတွင် အပ်ချည်ကြိုးကို သတိထား စစ်ဆေးပေးခြင်းဖြင့် ၎င်းအမြဲပုံမှန်အတိုင်း
ရှိမရှိသိရှိနိုင်သည်။ လိုအပ်ပါက ဆရာဝန် (သို့) သူနာပြုမှ တစ်နှစ်တစ်ခါခန့် ပြန်လည်စစ်ဆေးပေးနိုင်ရန်
ပြသသင့်၏။
သို့ရာတွင်
IUD သည် သန္ဓေတားဆေးကဲ့သို့မဟုတ်ဘဲ ဓမ္မတာသွေးများခြင်း၊ ထည့်ပြီးနောက် သားအိမ်မှ ညှစ်ခြင်းကြောင့်
နာကျင်ခြင်း စသည်တို့ရှိတတ်သည်။ ယခုအခါ ဟော်မုန်းဆေးဝါးများ IUD အသစ်များ ပေါ်ပေါက်လာမှုကြောင့်
ရိုးစင်းသောကာကွယ်နည်းဖြင့် သန္ဓေတားခြင်းများကို အများစုကမေ့နေကြပြီး ၎င်းနည်းများမှာ
မှန်ကန်စွာအသုံးချပါက ထိရောက်မှုများစွာရှိပါသည်။
Credit : ဒေါက်တာမေမိုးနွယ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။