Print

ကြွက်တက်တာ ဘာလုပ်မလဲ

  01-May-2021
Preview Image

 မကြာခဏ မေးကြတယ်။ အလိုအလျောက် ခြေထောက်ကြွက်သားတွေ မှာ ကွက်ပြီး ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။ ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်၊ ကိုယ်လက်လှုပ်ရှားအားကစား၊ ဓာတ်ဆားမျှခြေပျက်ခြင်း၊ အဖျားပိုင်း အာရုံကြော၊ သွေးကြော၊ ကြွက်သားရောဂါများ၊ ကျောက်ကပ်စစ်ယူမှု ချို့ယွင်းခြင်းနဲ့ တချို့ဆေးဝါးတွေကြောင့် ဖြစ်မယ်လို့ ထင်ရတယ်။ ဘာလို့ ဖြစ်မှန်းမသိတာလည်း ရှိတယ်။ အသက် ကြီးလာလေ အဖြစ်များလေ။

   RCTs စနစ်တကျ လေ့လာမှု ၁၂ ခု လုပ်ခဲ့တယ်။ အနာသက်သာဆေးများ၊ အတက်သက်သာဆေးများ၊ (ကယ်လ်စီယမ်) ဓာတ်ဆား၊ ခြေထောက်ကို ကျပ်ကျပ်စည်းတဲ့ ခြေအိတ်၊ (မက်ဂနီဆီယမ်) ဓာတ်ဆား၊ ဗီတာမင်နဲ့ ဓာတ်ဆားများ၊ (ကွီနင်း) ဆေး၊ (ကွီနင်း + သီယိုဖိုင်လင်း)၊ (ဆိုဒီယမ် - ကလိုရိုက်)၊ ကိုယ်လက်ဆန့်တန်း လေ့ကျင့်ခန်းတွေကို စမ်းသပ်ခဲ့တယ်။

   Quinine ငှက်ဖျားဆေးကနေ သိသိသာသာ သက်သာစေတယ်။ ဒါပေမယ့် ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက်ကြာကြာ ပေးရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ငှက်ဖျားဆေးနဲ့အတူ (သီယိုဖိုင်လင်း) ဆေးပါတွဲပေးရင် (ကွီနင်း) တစ်မျိုးတည်း ပေးတာထက် ပိုပြီး သက်သာမယ်လို့ ယူဆတယ်။ Quinine ကြောင့် နှလုံးခုန်မမှန်တာ၊ သွေးမှုံနည်းတာ၊ ဆေးနဲ့မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝ မသင့်တာတော့ သိကြပြီးသားပါ။

  အနာသက်သာဆေးတွေ၊ အတက်သက်သာဆေးတွေ၊ (ကယ်လ်စီယမ်) ဓာတ်ဆား၊ ခြေထောက်ကို ကျပ်ကျပ်စည်းတဲ့ ခြေအိတ်၊ (မက်ဂနီဆီယမ်) ဓာတ်ဆား၊ ဗီတာမင်နဲ့ ဓာတ်ဆားတွေရဲ့ ထိရောက်မှုကို အသေအချာ မပြောနိုင်ပါ။

RCT ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုအရ ထွက်လာတဲ့ ရလဒ်တွေ-

 

၁။ Quinine ငှက်ဖျားဆေး

         Quinine (ကွီနင်း) ပေးတာဟာ ညအချိန် ကြွက်တက်တာကို လေးပတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။

၂။ Quinine + Theophylline

         Quinine တစ်မျိုးတည်း ပေးတာထက် Theophylline နဲ့ပါ တွဲပေးထားတာဟာ ပိုသက်သာစေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းလေးသာ တွေ့ရသေးတယ်။

၃။ Analgesics အနာအကိုက် သက်သာဆေးတွေ 

ဒီလိုဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။

 

၄။ Vitamin E 

          ဗီတာမင် အီးပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

၅။ Magnesium Salts မဂ္ဂနီဆီယမ် ဓာတ်ဆား 

          ကိုယ်ဝန်ဆောင်နေတုန်း ကြွက်တက်တာအတွက် Magnesium Lactate, Magnesium Citrate ပေးတာ သုံးပတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။

 

၆။ Calcium Salts ကယ်လ်စီယမ်ဓာတ်ဆား

          ကိုယ်ဝန်ဆောင်နေတုန်း ကြွက်တက်တာအတွက် (ကယ်လ်စီယမ်) ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

၇။ Multivitamins and Minerals ဗီတာမင်များ 

          ကိုယ်ဝန်ဆောင်နေတုန်း ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ ဓာတ်ဆားတွေပေးတာနဲ့ သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

 

Credit : ဒေါက်တာ တင့်ဆွေ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18