သရက်သီးမှည့်နှင့် မျက်နှာပေါင်းတင်ကြည့်ပါ။
21-May-2021သရက်သီးမှည့်ကို
ယူသောအခါတွင် အဓိက ဂရုပြုရမည်မှာ ယင်း၏အခွံဖြစ်သည်။ အခွံတွင် အသားကို ယားယံစေတတ်သော
အင်ဇိုင်းဓာတ် ပါဝင်သဖြင့် အလယ်မှ သရက်သီးမှည့် အနှစ်များကိုသာ သီးသန့်ထုတ်ပါ။
၁.ပြီးလျှင်
မြေစေးဆပ်ပြာ၊ လက်ဖက်ရည်ဇွန်း ၂ဇွန်း ၃ ဇွန်းကို သရက်သီးမှည့် အနှစ်ရော၍ ပျစ်အောင်
လုပ်ပါ။
၂.ဤအရောကို
မျက်နှာပေါ်တွင် မျက်လုံး၊ နှုတ်ခမ်းတစ်ဝိုက်၊ မျက်ခုံး တစ်ဝိုက်ကို ရှောင်၍ လိမ်းပြီး
(၁၅) မိနစ်ခန့်ထားပါ။
၃.ဤအရောက အခြားမျက်နှာ
ပေါင်းတင်သည့် အရာများကဲ့သို့ ခြောက်သွားခြင်းမရှိပါ။ (၁၅)မိနစ် ကြာလျှင် အဖတ်များကို
ခွာ၍ ရေနှင့်သစ်ချပါ။ သရက်သီးမှည့်နှစ် သည် ဗီတာမင် A နှင့်C ကြွယ်ဝပြီး ရေဓာတ် ဖြည့်ဆည်းမှု
မြင့်မားစွာ ပါဝင်သည်။
အရေပြားကို
စိုပြည်စေပြီး မည်သို့ သော အသားအရေမျိုး၌မဆို ပြုလုပ်နိုင်သည်။
Credit : Health Updates
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။