အသည်းရောင်အသားဝါ ဘီပိုး (HBV) နှင့်ပတ်သက်ပြီး လွဲမှားနေသော အယူအဆများ
23-May-2021ဘီပိုးရှိရင်
အချို့ကကုစရာမလိုဘူး ၊ဘာမှလုပ်စရာမလိုဘူး လို့ပြောကြတယ်။ အချို့ကျပြန်တော့လဲ ဘီပိုးရှိရင်တစ်သက်လုံး
ကုမရတော့ဘူး ကျွန်တော်/မတို့ ဘယ်လောက်ထိနေနိုင်မလဲ ဘယ်တော့သေရမှာလဲ မေးတတ်ကြတယ်။
အဲဒီလိုတွေခဏခဏအမေးများတယ်။ တကယ်တော့ ဒီလိုပြောတာတွေက တစ်ခုမှ မဟုတ်ပါဘူးအခုခေတ်မှာ ဘီပိုးကိုလုံးဝပျောက်အောင် သေစေတဲ့၊ ကုတဲ့ဆေးတွေ အများကြီးပေါ်နေပါပြီစားဆေးလဲရှိတယ်။ ထိုးဆေးလဲရှိတယ်။ ဒါကြောင့်ဘီပိုးဆိုတာ ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုတာ သိစေချင်ပါတယ်ဒီနေ့ကမ္ဘာပေါ်မှာ ဘီပိုးသေဆေးကို အဓိကအားဖြင့်အုပ်စု ၂စုခွဲထားပါတယ် ။
> ကိုယ်ခံအားမြင့်စေတဲ့
ဆေးများ နဲ့
> ဘီပိုးသေဆေးစားဆေးများ ဆိုပြီး ဒီ၂မျိုးအောက်မှာ(သောက်ဆေး ထိုးဆေး)အမျိုးစားကွဲ များစွာ ရှိပါတယ်
အဲဒါကြောင့်
ဘီပိုးရှိနေပြီဆိုရင်လဲ အသည်းအထူးကု ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ပျောက်ကင်းအောင်ကုသနေနိုင်ပါပြီ
။ သို့ပေသိ "ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်" ဆိုရိုးစကားရှိတဲ့အတိုင်း
ဖြစ်မှကုသနေရလျှင်အချိန်ကုန် ငွေကုန် ဖြစ်ရသည့်အတွက် မဖြစ်ခင်ကတည်းကပင် ကာကွယ်ဆေးကြိုတင်ထိုးပြီး
ကာကွယ်မှုရယူထားသင့်ပါသည်။ ကျန်းမာလန်းဖြာနိုင်ကြပါစေ
Credit : Prof Dr Khin Maung Win (heaptologist)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။