သူငယ်ပြန်သူများအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကျိုးရှိ
02-Sep-2021
ကနေဒါနိုင်ငံ၊
အယ်လ်ဘားဒါးတက္ကသိုလ်မှ သုတေသီတွေက သူငယ်ပြန်တဲ့သူတွေဟာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာကြောင့်
အကျိုးများစွာရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လေ့ကျင့်
ခန်းပြုလုပ်တာကြောင့်
နေ့စဉ်ပြုလုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေမှာ တိုးတက်မှုရှိလာတယ်လို့ ဆိုပါတယ်။ သုတေသီတွေက
အရင်က ပြုလုပ်ခဲ့တဲ့ သုတေသန ၁၆ခုကို ပြန်လည်လေ့လာတဲ့အပြင် သူငယ်ပြန်သူ ၉၃၇ ယောက်အား
လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နေ့စဉ် ဘဝနေထိုင်လှုပ်ရှားမှု၊ အပြုအမူနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ
တိုးတက်ကောင်းမွန်မှုရှိ၊ မရှိကို စမ်းသပ်စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သူငယ်ပြန်သူတွေဟာ
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ရောဂါဖြစ်နှုန်း နှေးကွေးသွားတာ ဒါမှမဟုတ် ပြန်လည်ကောင်းမွန်တာတွေ
ဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တဲ့ သူငယ်ပြန်ဝေဒနာခံစား ရသူတွေဟာ
ထိုင်ရာမှ မတ်တပ်ရပ်တာ ဒါမှမဟုတ် လမ်းအနည်းငယ်လျှောက်တာမျိုး နေ့စဉ်လှုပ်ရှားနိုင်တဲ့
စွမ်းရည်မြင့်တက်လာတဲ့အပြင် မှတ်ဉာဏ်နဲ့ စူးစိုက်မှုတွေလိုမျိုး ဦးနှောက်လုပ်ငန်းစဉ်တွေလည်း
ပြန်လည်ကောင်းမွန်လာတယ်လို့ သိရပါတယ်။
Credit:Arogyam magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

