Asthma ( ပန်းနာရင်ကျပ်ရောဂါ )
04-Feb-2022ပန်းနာရင်ကျပ်ရောဂါ ဆိုသည်မှာ ချွဲထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။
လက္ခဏာများ
- အသက်ရှူမြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရကျပ်ခြင်းကြောင့်
အိပ်မရခြင်း
- တရွှီရွှီ အသံမြည်ခြင်း
- ချောင်းဆိုးခြင်း
- ချွဲကျပ်ခြင်း
အမျိုးအစားများ
. Exercise
induced asthma - ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးသောအခါ ကျပ်ခြင်း၊
.
Occupational asthma - လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကြောင့် ကျပ်ခြင်း၊
. Allergy induced
asthma - ဓာတ်မတည့်သောအရာများ ရှူမိ၊ စားမိ၊ ထိတွေ့မိသောအခါ ကျပ်ခြင်း၊
ဖြစ်ပွားရသော အကြောင်းရင်းများ
အကြောင်းရင်း
အတိအကျ မရှိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးတို့ပေါ်
မူတည်၍ ခုခံအား ပြောင်းလဲမှုများကြောင့် ဖြစ်ပွားနိုင်သည်။မိမိနှင့် ဓာတ်မတည့်သည့် အရာများနှင့်
ထိတွေ့ပါက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ဥပမာ - ပန်းဝတ်မှုံ၊ တိရိစ္ဆာန်အမွေးများ၊
မှိုမှုန့် ၊ ဖုန်မှု့န်များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေအငွေ့များနှင့် ထိတွေ့ခြင်း
- အအေးမိ ဖျားနာခြင်း
- လေအေးနှင့်
ထိတွေ့ခြင်း
- ပြင်းထန်စွာ
လှုပ်ရှားမှု ပြုလုပ်ခြင်း၊
- စိတ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုဖြစ်လျှင် ဥပမာ - စိတ်ဆိုးဒေါသဖြစ်ခြင်း။
ဖြစ်နိုင်ချေများသူများ
. မိဘ၊ သို့မဟုတ်
ဆွေမျိုးသားချင်းထဲတွင် ပန်းနာရင်ကျပ်ရောဂါ ရှိလျှင်။
. ဓာတ်မတည့်
နှာစေးခြင်း၊ ဓာတ်မတည့် အရေပြား ယားယံခြင်းများ ရှိလျှင်။
. ကိုယ်အလေးချိန်
များလျှင်။
. မိမိကိုယ်တိုင်
ဆေးလိပ်သောက်သူဖြစ်လျှင် သို့မဟုတ် ဆေးလိပ်ငွေ့များနှင့် အမြဲထိတွေ့နေရလျှင်။
. မည်သည့်အရာနှင့်
ဓာတ်မတည့် ဆိုသည့် အချက်များသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။
နောက်ဆက်တွဲ ပြဿနာများ
ပန်းနာရင်ကျပ်
လက္ခဏာများ ခံစားရသည့်အတွက် အလုပ်ပျက်၊ ကျောင်းပျက်ခြင်း၊ရောဂါအတွက် ဆေးများ စွဲသောက်ရခြင်းကြောင့်
ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
စစ်ဆေးမှုများ
ဆရာဝန်မှ စမ်းသပ်ခြင်းများ
အပြင်
-
Spirometry - မိမိ၏အဆုတ် လုပ်ငန်းဆောင်တာ ကောင်းမကောင်း စစ်ဆေးခြင်း
- Peak
expiratory flow rate- PEFR ဖြင့် စစ်ဆေးခြင်း
- CXR
(chest X-ray) - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း
- သွေးစစ်ခြင်း
- Allergy
test - ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ပြုလုပ်နိုင်ပါသည်။
ပန်းနာရင်ကျပ်ရောဂါ အဆင့်ဆင့်
. Mild
intermittent - မပြင်းထန်သော ပန်းနာရင်ကျပ် လက္ခဏာ တစ်ပတ်လျှင် ၂ ရက်နှင့် ၁ လလျှင်
တစ်ရက် ခံစားရခြင်း။
. Mild
persistent - တစ်ပတ်လျှင် ၂ ကြိမ်၊ သို့သော် တစ်ရက်လျှင် တစ်ကြိမ်ထက် မပိုရပါ။
. Moderate
persistent - တစ်နေ့လျှင်တစ်ကြိမ် နှင့် တစ်ပတ်လျှင်တစ်ညထက် ပိုပြီးခံစားရခြင်း။
. Severe
persistent - နေ့တိုင်းနီးပါး ရောဂါလက္ခဏာ ခံစားရခြင်း။
ကုသခြင်း
ကုသခြင်းတွင်
မိမိနှင့် မတည့်သောအရာအား သိအောင်ပြုလုပ်၍ ရှောင်ကြဉ်ရမည်။ မတည့်သောအရာနှင့် ပြန်လည်ထိတွေ့ပါကလည်း
ပြန်ဖြစ်တတ်သည်။ ဖြစ်ပေါ်ပါကဆေးသောက်၊ ဆေးရှူခြင်း ပြန်လည်ပြုလုပ်ရမည်။ ကုသခြင်းနည်းလမ်းတွင်
လူနာ၏ ဖြစ်စဉ်၊ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသရသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။
အိမ်တွင်းကုထုံးနှင့် လူနေမှုပုံစံပြောင်းလဲခြင်း
. ပန်းနာရင်ကျပ်ခြင်းအတွက်
ဆေးဝါးဖြင့် ကုသနေရုံ သာမက လူနေမှုပုံစံကိုပါ ပြောင်းလဲသင့်ပါသည်။
. လေအေးပေးစက်
အဲကွန်းဖြင့် နေထိုင်ခြင်း - ထိုသို့ နေထိုင်ခြင်းအားဖြင့် သန့်စင်နေသည့်အတွက် ဖုန်၊
အမှုန်များကို ရှူရှိုက်မိခြင်းမှ သက်သာစေသည်။
. မိမိ၏အိပ်ယာခင်းများ၊
ခေါင်းအုံးစွပ်များနှင့် အိပ်ယာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရမည်။
. တိရိစ္ဆာန်
အမွေးများနှင့် မတည့်ပါက မထိတွေ့အောင်ရှောင်ပါ။
. လေအေးသို့မဟုတ်
ခြောက်သွေ့သောလေနှင့် ထိတွေ့ပါက ရင်ကျပ်တတ်လျှင် နှာခေါင်းစည်း ဝတ်ထားပါ။
Dr.hp
Healthcare.com.mm
သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref : Mayo
clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။