နှလုံးလေသင်တုန်းရိုက်ခြင်း ( Heart Attack ) (Myocardial Infarction )
15-Feb-2022
ရောဂါလက္ခဏာများ
(၁) ရင်ဘတ်နာခြင်း၊
လေးလံခြင်း၊ တစ်ခုခုဖိထားသလို ခံစားရခြင်း
(၂) ရင်ဘတ်နာကျင်မှုမှာ
ဝဲဘက် ( ဘယ်ဘက် ) ရင်ဘတ်ခြမ်းရှေ့မှ ဝဲဘက်မခုံး၊ ဝဲဘက်လက်မောင်းရင်း တစ်လျှောက် ထိုမှ
ဝဲဘက်လက်ပြင်ထိပျံ့ခြင်း
(၃) နေရသည်မှာ
အီလာခြင်း၊ ခေါင်းထဲမှာပေါ့နေခြင်း
(၄) သတိမေ့ချင်ခြင်း
(၅) ချွေးထွက်လာခြင်း
(၆) ပျို့ခြင်း
(၇) အန်ခြင်း
(၈) အသက်ရှူမဝခြင်း
(၉) သတိမေ့လဲကျခြင်း
ပြုစုကုသမှု
(၁) လူနာကို
ကြမ်းပြင်ပေါ်လှဲချပါ။ ပက်လက်ထားပါ။
(၂) ကျပ်နေသော
အဝတ်များဖြေပါ။
(၃) အသက်ရှူနေပါက
အက်စ်ဖရင် ( Aspirin ) တစ်လုံး ( ၃၂၅ မီလီဂရမ် ) တိုက်ပါ။ ရေနှင့် မသောက်နိုင်ပါက
သူ၏လျှာအောက်မှာထားပါ။
(၄) နှလုံးသွေးကြောကျယ်ဆေး
Nitrogylcerine ရှိက ယင်းဆေးပြားကို သူ့လျှာအောက်မှှာထားပေးပါ။
(၅) အသက်မရှူပါက
“ အသက်ရှူကူပေးပါ ” ( CPR ) လုပ်ပါ။
ရင်ဘတ်နာခြင်း ( Angina )
နှလုံးသို့
သွေးအလုံအလောက်မရောက်၍ ရင်ဘတ်နာခြင်းဖြစ်သည်။ နှစ်မျိုးနှစ်စားရှိသည်။
က။ ဖြစ်နေကျရင်ဘတ်နာ
Stable Angina ခန္ဓာကိုယ်လှုပ်ရှားတိုင်း၊ အလုပ်လုပ်တိုင်းနာလေ့ရှိသည်။
ခ။ ရုတ်တရတ်
ရင်ဘတ်နာ Unstable Angina ရုတ်တရတ် ရင်ဘတ်နာခြင်း သို့မဟုတ် ယခင်က ရှိပြီးဖြစ်သော ဖြစ်နေကျ
ရင်ဘတ်နာမှာ ပိုပိုနာလာခြင်း၊ အလုပ်မလုပ်ဘဲနာချင်လာခြင်း ( Angina Without
Exertion )
က။ ရင်ဘတ်နာရောဂါလက္ခဏာများ
(၁) ရင်ဘတ်နာခြင်း၊
အောင့်ခြင်း
(၂) ဝဲဘက်ရင်ဘတ်မှ
နာကျင်မှုသည် ဝဲဘက်လည်ပင်းဘေး၊ ထိုမှ မေးရိုး၊ ဝဲဘက်ပခုံး၊
လက်မောင်းရင်း
စသည်တို့ ပြန့်ခြင်း
(၃) ပျို့ခြင်း
(၄) အန်ခြင်း
(၅) နွမ်းနယ်ခြင်း
(၆) အသက်ရှူမဝခြင်း
( အသက်ရှူသွင်းမှုတိုခြင်း )
(၇) စိတ်ပူခြင်း
(၈) ချွေးထွက်ခြင်း
( အလိုလို )
(၉) ခေါင်းမူူးခြင်း
ထိုသို့ဖြစ်လျှင် ဆရာဝန်ခေါ်ပါ။ ဆေးခန်းသွားပါ။
Credit : ဒေါက်တာမောင်မောင်ညို
( လူတိုင်းအတွက် အရေးပေါ်ဆေးပညာ ) မှကောက်နှုတ်ထားပါသည်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
