လိင်အင်္ဂါကြွက်နို့
03-Mar-2022
လိင်အင်္ဂါကြွက်နို့သည် Humen papilloma Virus ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်ပါသည်။ လိင်အင်္ဂါကြွက်နို့သည် ယေဘုယအားဖြင့် သေးငယ်သော အသားရောင် အလုံးလေးများ သို့မဟုတ် ဂေါ်ဖီပန်းပုံစံရှိတတ်ပါသည်။ တစ်ခါတစ်ရံ လိင်အင်္ဂါကြွက်နို့သည် အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ပါ။
ရောဂါဖြစ်နိုင်ချေရှိသူများ
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- အခြားလိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါတစ်ခုခုရှိနေခြင်း
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း
ရောဂါလက္ခဏာများ
- လိင်အင်္ဂါတစ်ဝိုက်နှင့် စအိုပေါက်ပတ်ဝန်းကျင်တွင် သေးငယ်သော အသားရောင် သို့မဟုတ် မီးခိုးရောင်အလုံးလေးများ ရှိခြင်း၊
- ကြွက်နို့များစွာ စုနေသောအခါ ဂေါ်ဖိပန်းပုံစံကဲ့သို့ ဖြစ်နေခြင်း၊
- လိင်အင်္ဂါယားယံခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း၊
- လိင်ဆက်ဆံလျှင် သွေးထွက်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
- ကြွက်နို့ဖြစ်စေသော အချို့ Human papilloma Virus ပိုးသည် ကင်ဆာဖြစ်စေနိုင်ပါသည်။
- မိန်းမကိုယ်အတွင်းရှိ
ကြီးမားသော ကြွက်နို့များသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင် ဆီးသွားရန်ခက်ခဲခြင်း၊ ကလေးမွေးဖွားနေစဉ်အတွင်း
သွေးထွက်ခြင်းတို့ဖြစ်စေပါသည်။
ကုသခြင်း
လိင်အင်္ဂါကြွက်နို့ကို Imiquimod လိမ်းေးဆ၊
Podophyllin လိမ်းဆေး၊ Tricholoroacetic acid, Sinecatechin လိမ်းဆေးတို့ဖြင့် ကုသနိုင်ပါသည်။
ခွဲစိတ်ဖယ်ရှားခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ အေးခဲစေသောနည်း Cryotherapy ဖြင့်လည်း
ကုသနိုင်ပါသည်။ လျှပ်စစ်စီးကြောင်းဖြင့် လောင်ကျွမ်းစေသော နည်း Electro cautery နှင့်
လေးဆာကုထုံးနည်းတို့ဖြင့်လည်း ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
- လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးခြင်းသည် ရောဂါကူးစက်နိုင်ခြေကို သိသိသာသာ လျော့ချပေးပါသည်။
-Gardasil
9 ခေါ် ကာကွယ်ဆေးသည် Human Papilloma
Virus ၉ မျိုးကို ကာကွယ်ပေးနိုင်ပါသည်။
Ref: Mayo
Clinic
Translated by Dr STH
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
