ကူးစက်တတ်သော ရောဂါဆိုတာ ဘာလဲ။
14-Mar-2022
ကူးစက်တတ်သော ရောဂါဆိုတာကတော့ လူတစ်ဦးမှတစ်ဦးကို နည်းလမ်းအမျိုးမျိုးနဲ့ ပျံ့နှံ့တာဖြစ်ပါတယ်။ ဥပမာ - ရောဂါပိုးရှိတဲ့သူရဲ့ သွေး ကိုယ်တွင်းအရည်တစ်မျိုးမျိုး လေမှတစ်ဆင့်ကူးစက်သော ဗိုင်းရပ်စ်များကို ရှူရိုက်မိခြင်း၊ (သို့) အင်းဆက်တစ်မျိုးမျိုး အကိုက်ခံရခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ကူးစက်ရောဂါတွေက ဘယ်လိုပျံ့နှံ့တာလဲ။
ကူးစက်ရောဂါတွေက ဘယ်လိုပျံ့နှံ့သလဲဆိုတာကတော့ ရောဂါရဲ့သဘာဝ
(သို့) ရောဂါဖြစ်စေတဲ့ ပိုးမွှားပေါ်မူတည်ပါတယ်။ ဥပမာ တချို့ပဲရမယ်ဆိုရင်တော့ -
၁။ ရောဂါရှိသူနဲ့
ကိုယ်ခန္ဓာကိုယ် ထိတွေ့မိခြင်း (phys: centact) ဥပမာ အထိအတွေ့ကြောင့်
Staphylococces အရေပြားရောဂါ၊ လိင်မှတစ်ဆက်ကူးစက်ခြင်း (ဆီးပူညောင်းကျရောဂါ၊ HIV ရောဂါ)၊
အစားအသောက်က ကူးတာမျိုးဆိုရင်တော့ (အသည်းရောင် A ပိုး)၊ ရောဂါ)၊ အသက်ရှူလမ်းကြောင်းမှ
ကူးသောရောဂါ (တုပ်ကွေး၊ တီဘီရောဂါ)။
၂။ ရောဂါပိုးရှိသော
ပစ္စည်း (သို့) အရာတစ်ခုခုနဲ့ ထိမိလို့ ကူးစက်ခြင်း Norwalk ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊
အစားအသောက်မှကူးစက်ခြင်း (တိုက်ဖိုက် (သို့) အူရောင်ငန်းဖျားရောဂါ) သွေးမှတစ်ဆင့်ကူးစက်ခြင်း၊
HIV ၊ အသည်းရောင် B ပိုး) ရေမှတစ်ဆင့်ကူးစက်ခြင်း (ကာလဝမ်းရောဂါ)။
၃။ အင်းဆက်အကိုက်ခံရခြင်း
(သို့) ရောဂါသယ်ဆောင်သော သတ္တဝါများ အကိုက်ခံရခြင်း (ဥပမာ - ခြင်ကြောင့် ငှက်ဖျားရောဂါ
ဖြစ်တတ်ပြီး၊ သန်းတစ်မျိုးကြောင့် ပလိပ်ရောဂါ၊ ဖြစ်တတ်ပါတယ်။
၄။ လေမှတစ်ဆင့်
ကူးစက်ခြင်း (ဥပမာ - TB ရောဂါနှင့် ဝက်သက်ရောဂါ) တို့ဖြစ်ပါတယ်။
Credit: Dr. Tun
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
