ဆံပင်သန်စွမ်းပြီး အသစ်တွေအမြန်ပေါက်စေဖို့ အိမ်မှာတင် အလွယ်တကူလုပ်နိုင်...
20-Mar-2026
ဆံပင်သန်စွမ်းပြီး အသစ်တွေအမြန်ပေါက်စေဖို့ အိမ်မှာတင် အလွယ်တကူလုပ်နိုင်တဲ့ သဘာဝနည်းလမ်း (၅) သွယ်
+++++++++++++++++++++++++++++++++++++++++++++
၁။ ကြက်သွန်နီအရည် (Onion Juice)
ဒါကတော့ ဆံပင်သန်ဖို့အတွက် နာမည်ကြီးပြီး အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ ကြက်သွန်နီမှာပါတဲ့ Sulphur ဓာတ်က ဆံပင်ပေါက်ခြင်းကို အားပေးပါတယ်။
ပြုလုပ်ပုံ: ကြက်သွန်နီကို ညှစ်ပြီး အရည်ယူပါ။
အသုံးပြုပုံ: ဂွမ်းစလေးနဲ့ ဦးရေပြားအနှံ့တို့ပေးပြီး (၁၅) မိနစ်ခန့် ထားပါ။ ပြီးလျှင် ခေါင်းလျှော်ရည် အပျော့စားဖြင့် ဆေးချပါ။ (အနံ့ပြင်းပါက သံပရာရည်အနည်းငယ် ထည့်နိုင်ပါတယ်)။
၂။ ရှားစောင်းလက်ပတ် (Aloe Vera)
အသုံးပြုပုံ: ရှားစောင်းလက်ပတ်အတွင်းသား (Gel) ကို ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပေးပါ။ (၄၅) မိနစ်ခန့် ထားပြီးနောက် ရေအေးဖြင့် ဆေးချပါ။ တစ်ပတ် (၂) ကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။
၃။ ဆန်ဆေးရည် (Rice Water)
ပြုလုပ်ပုံ: ဆန်ကို ဆေးပြီး ပထမတစ်ရည်ကို သွန်ပါ။ ဒုတိယတစ်ရည်ကို (၂၄) နာရီခန့် အချဉ်ဖောက်ထားပါ။ အသုံးပြုပုံ: ခေါင်းလျှော်ပြီးနောက် ဆန်ဆေးရည်ဖြင့် အုပ်ပြီး (၅) မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးမှ ရေပြန်ဆေးချပါ။
၄။ ကြက်ဥဖြင့် ပေါင်းတင်ခြင်း
ကြက်ဥမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆံသားအရင်းကို ခိုင်မာစေပါတယ်။
ပြုလုပ်ပုံ: ကြက်ဥ (၁) လုံးကို သံလွင်ဆီ (သို့) ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းနဲ့ ရောမွှေပါ။
အသုံးပြုပုံ: ဆံသားအနှံ့ လိမ်းပြီး (၂၀) မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေအေးဖြင့် လျှော်ချပါ။ (သတိပြုရန် - ရေနွေးဖြင့် မဆေးရပါ၊ ကြက်ဥများ ဆံပင်မှာ ကပ်သွားနိုင်လို့ပါ)။
၅။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း (Scalp Massage)
အသုံးပြုပုံ: ညအိပ်ခါနီး သို့မဟုတ် ခေါင်းလျှော်ခါနီးမှာ လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို (၅) မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ၎င်းက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကို လှုံ့ဆော်ပေးပါတယ်။
#DIY
#DrPhooEi
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

