Print

ဘီပိုးအခွံအကောင်ရေ တစ်ထောင်အောက်ရှိပါက ထိုးဆေးဖြင့်ကုသနိုင်

  24-Feb-2017
Preview Image

အသည်းရောင်အသားဝါ ဘီပိုးအခွံကောင်ရေ ၁,၀၀၀ အောက်ရှိသူများ ထိုးဆေးအသုံးပြု၍ တစ်နှစ်အတွင်း ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ကြောင်းအသည်းရောင် ဘီပိုး၊ စီပိုးအဝေဒနာရှင် ၁၀၀ ခန့်အား ကုသပေးနေသူဒေါက်တာဇာနည်ဇင်က ပြောသည်။

 

ဘီပိုးရှိလျှင် အကောင်ရေတွက်မရဟု ထင်မှတ်သည်မှာ မှားယွင်းကြောင်း၊ ဘီပိုးရှိသည်ဟုသိသည်နှင့် ခေတ်ပေါ် နည်းစနစ်သစ်စမ်းသပ်မှုဖြင့် ပိုးအခွံကောင်ရေ စစ်နိုင်ပြီး ဘီပိုးကောင်ရေများပြားနေပါက ဘီပိုးသေဆေး တီနိုဖိုဗီယာ (Tenofovir) ပေး၍ သုံးလခန့်ကု ကြောင်း၊ ထို့နောက် ပီဂေးဆစ်ထိုးဆေးအသုံးပြု၍ ပျောက်ကင်းအောင်ကုသနိုင်ကြောင်း ၎င်းက ဆိုသည်။

 

‘‘ဘီပိုးသေဆေး တီနိုဖိုဗီယာသောက်ပြီး သုံးလကြာရင် ဘီပိုးကောင်ရေပြန်စစ်တယ်။ ဘီပိုးကောင်ရေက သွေးထဲမှာ တစ်ကောင်မှမရှိတော့ဘူး။ ဒါပေမဲ့ အသည်းထဲမှာရှိတဲ့ ဘီပိုးအခွံကောင်ရေကို ထပ်စစ်တယ်။ ပိုးအခွံကောင်ရေက ၁,၀၀၀ အောက်ဆိုရင် ဘီပိုးသေဆေး ပီဂေးဆစ်ထိုးဆေးကို တစ်ပတ်တစ်လုံးနဲ့ တစ်နှစ်ဆိုရင် ၄၈ လုံးထိုးပြီး ကုလိုက်ရင် လုံးဝပျောက်ကင်းမယ်’’ ဟု ဒေါက်တာ ဇာနည်ဇင်က ဆိုသည်။ လူနာအတွက် အခွင့်အရေးကောင်းတစ်ခုအနေဖြင့် Roche ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ ဘီပိုးဝေဒ နာရှင်များကို ဘီပိုးသေဆေး ပီဂေးဆစ် တစ်နှစ်စာ ၄၈ လုံးထိုး ကုသမည်ဆိုပါက ကုမ္ပဏီမှ ၂၄ လုံး (ထက်ဝက်) အား အခမဲ့ထောက်ပံ့နေကြောင်း ထို့ကြောင့် လူနာရှင်အနေဖြင့် ဆေးထိုးကုသမှု ကုန်ကျစရိတ်မှာ အရင်က ကျပ်သိန်း ၁၀၀ ကုန်ကျမည်ဆိုလျှင် ယခု ကျပ်သိန်း ၅၀ ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

အသည်းအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၏ အသည်းရောင်ဘီပိုးပညာပေးဆောင်းပါးတွင်လည်း ဘီပိုးရှိသည့် လူနာ၏သွေးကို ခေတ်ပေါ်နည်းစနစ်သစ်စမ်းသပ်မှု qHBsAg နဲ့စစ်ပြီး ပိုးကောင်အရေအတွက်ကို စစ်ကြည့်ပါ။ ဘီပိုးသေဆေးထိုး ပေးလို့ရလျှင် ထိုးပေးပါ။ ထို့ကြောင့် ဘီပိုးရှိလျှင် ကုစရာမလိုဘူးဆိုသည်မှာ လွဲမှားသည့်အယူအဆဖြစ်သည်ဟု ’’ ဖော်ပြထားသည်။

 

၂၀၁၅ အောက်တိုဘာအတွင်း နောက်ဆုံးကောက်ယူခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၆ဒသမ၅ ရာခိုင်နှုန်းရှိပြီး လူဦးရေ ထူထပ်ခြင်းနှင့် ကာကွယ်ဆေးထိုးမှုအားနည်းခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဘီပိုးဖြစ်ပွားသူအများဆုံးတွေ့ရှိရကြောင်း မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းမှ သိရသည်။

 

Credit: 7 day daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18