Print

Haemophilus Influenzae Type B ဦးနှောက် အမြှေးရောင်ရောဂါနှင့် အဆုတ်ရောင...

  27-Feb-2017
Preview Image

 

ကလေးငယ်များမှာ Haemophilus Influenzae Type B ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဘက်တီးရီးယားဦးနှောက်အမြှေးရောင် ရောဂါ၊ နမိုးနီးယား (ခေါ်) အဆုတ်ရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ထိုရောဂါပိုးကြောင့် သွေးဆိပ်တက်ခြင်း (သွေးထဲတွင် ရောဂါဖြစ်စေသော ဘက်တီးရီးယားပျံ့နေခြင်း)နှင့် အဆစ်ရောင်ခြင်းတို့လည်း ဖြစ်ပွားတတ်ပါတယ်။ Hib ရောဂါပိုးသည် အသည်းရောင်အသားဝါဖြစ်စေသော Heapititis B (Hep B) နှင့် မတူပါ။ တုပ်ကွေးရောဂါဖြစ်စေတတ်သော Influenza ဗိုင်းရပ်စ်ပိုးမျိုးလည်း မဟုတ်ပါ။ ထိုရောဂါပိုးများသည် ဗိုင်းရပ်စ်ပိုးများ ဖြစ်ပါသည်။ Hib ရောဂါပိုးဝင်ရောက်ကူးစက်ပြီး ပြင်းထန်သော ရောဂါများ ဖြစ်တတ်ပါသည်။ တစ်နှစ်အောက်ကလေး ငယ်များတွင် ရောဂါပြင်းထန်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

Hip ရောဂါပိုးကြောင့်ဖြစ်သော ရောဂါသည် အသက်ငါးနှစ်အောက် ကလေးများ တွင် အဖြစ်အများဆုံးဖြစ်သည်။ အထူးသဖြင့်် (၄)လမှ (၁၈)လအရွယ်ကလေးများသည် အန္တရာယ်အရှိဆုံး ဖြစ်ပါသည်။ မိခင်နို့စို့နေသော ကလေးငယ်များသည် (၂)လမတိုင်မီ မိခင်ထံမှ ရရှိသော ရောဂါကာကွယ်မှု ပဋိပစ္စည်းများကြောင့် ရောဂါကာကွယ်မှု ရရှိနေနိုင်ပါ သည်။ Hib ရောဂါပိုးကြောင့် ပြင်းထန်သော ရောဂါများသည် အသက် (၅)နှစ်အထက် ကလေးများနှင့် လူကြီးများတွင် ဖြစ်ပွားလေ့မရှိပါ။ အရွယ်တူ အခြားကလေးများနှင့် ကလေးများစုဝေးရာနေရာတွင် ရောဂါရှိသူနှင့် အနီးကပ်အတူနေသူများ ကူးစက်ရန် အန္တရာယ် ပိုမိုရှိပါသည်။

 

ရောဂါရှိသူ ကလေးချောင်းဆိုးနှာချေသောအခါ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အမှုန်များမှတစ်ဆင့် ရောဂါပိုးများ ကလေးတစ်ယောက်မှ တစ်ယောက် ကူးစက်ပျံ့ပွားစေပါသည်။ ကလေးများကိုင်တွယ်သော ကစားစရာများ၊ ကခြားပစ္စည်းများ ပါးစပ်ထဲသို့ ထည့်မိလျှင် ကူးစက်နိုင်ပါသည်။ Hib ကာကွယ်ဆေးထိုးခြင်းသည်သာ Hibရောဂါပိုးကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ အခြားပိုးများကြောင့် ဖြစ်ပွားသော နမိုးနီးယားနှင့် ဦးနှောက်အမြှေးရောင်ရောဂါများကို မကာကွယ်ပါ။ Hib ပါဝင်သော ကာကွယ်ဆေးများကို အသက် (၆)ပတ်မှ စတင်ထိုးပေးနိုင်သည်။ ကလေးများသည် အသက် (၄)နှစ် (၅)နှစ် အရွယ်ရောက်လျှင် Hib ရောဂါကို သဘာဝအားဖြင့် ကာကွယ်မှု ရနေပြီး ဖြစ်တတ်ပါသည်။ ထို့ကြောင့် အသက်ကြီးသော ကလေးများ ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။

 

ရောဂါကာကွယ်နိုင်ရန် အသက်တစ်နှစ်အတွင်း စုစုပေါင်း (၃) ကြိမ် ထိုးပေးရမည်။ ပထမအကြိမ်ကို အသက်ခြောက်ပတ်မှ စတင်ထိုးပေးနိုင် သည်။ တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး (၁)လခြားရမည်။ ကာကွယ်ဆေးထိုး အစီအစဉ်ကို သင်နေထိုင်သောနေရာရှိ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းအား မေးမြန်းပါ။ ကာကွယ်ဆေးကို ကလေးငယ်၏ ပေါင်းအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် ဘေးတစောင်းကျသောနေရာတွင် အသားဆေးအဖြစ် ထိုးပေးမည်။ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးနှင့် တချိန်တည်း တိုက်ကျွေးပေးနိုင်ပါသည်။ Hib ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်သော နောက်ဆက်တွဲဖြစ်ရပ်များ မဖြစ်ပွားတတ်ပါ။သို့ရာတွင် ကာကွယ်ဆေးထိုးသည့်နေရာတွင် နီခြင်း ရောင်ခြင်း နာခြင်း များ ကာကွယ်ဆေးထိုးပြီး (၁)ရက်တွင် စဖြစ်လေ့ရှိပြီး (၁) ရက်မှ (၃) ရက်ကြာတတ်ပါသည်။ တစ်ခါတရံတွင် ဖျားခြင်း မအီမသာ ဖြစ်ခြင်းများ ဖြစ်တတ်သည်။ ကာကွယ်ဆေး မထိုးပေးသင့် သည့် အကြောင်းများမှာ ယခင်ထိုးထားသောအခါက Pentavalent ကာကွယ်ဆေးကို ဓာတ်မတည့်ခြင်းဖြစ်ခဲ့ဖူးလျှင် နောက်တကြိမ် မထိုးပေးရပါ။ထိုသို့ ဓာတ်မတည့်ခြင်းသည် အလွန်ရှားပါးပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
ဒေါက်တာရဲလှ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18