အလေးထားသင့်သည့် ကလေးသွား
24-Feb-2017ကလေး သွားများသည် ခြောက်လမှ စတင်ပေါက်ကာ အသက်နှစ်နှစ် အရွယ်တွင် အားလုံးစုံ၍ အချောင်း နှစ်ဆယ် ရှိပါသည်။ အသက် ခြောက်နှစ်ခွဲတွင် ကလေးသွားများ စတင်ကျိုးပြီး လူကြီးသွားများနှင့် စတင် လဲပါသည်။ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း ကလေးသွားများ အကုန်ကျိုး၍ လူကြီးသွားများနှင့် အစားထိုးပါသည်။
ကလေးသွားများကို ဂရုမစိုက်ဘဲ ထားထားပါက -
၁။ ကလေးများ သွားတိုက်သည့် ဝေဒနာကို ခံစားရခြင်း။
၂။ သွားကိုက်ခြင်း ဝေဒနာကြောင့် မစားနိုင်သည့် အတွက် အာဟာရ ချို့တဲ့ခြင်း။
၃။ သွားကိုက်ခြင်း ဝေဒနာကြောင့် ကျောင်းမတက်နိုင်သည့်အတွက် ပညာရေးကို ထိခိုက်ခြင်း။
၄။ သွား မကောင်းသည့်အတွက် အခြားပိုးများ ပါးစပ်အတွင်း၌ ပိုမို များပြားလာပြီး အခြားရောဂါများ ဖြစ်နိုင်ခြင်း။ ဥပမာ - လေးဖက်နာ (Rheumatic Fever) ရောဂါ။
၅။ သွားများ စောစီးစွာ နုတ်လိုက်သည့်အတွက် မျက်နှာ အလှပျက်ခြင်း။
၆။ ငယ်သွားများ အချိန်မတိုင်မီ နုတ်လိုက်ရသည့် အတွက် ကြီးသွားများ ပေါက်သည့်အခါ သွားမညီညာမှုများ ဖြစ်ခြင်း။
၇။ သွားမလှသည့်အတွက် စိတ်ဓာတ် သိမ်ငယ်ခြင်း (ဥပမာ- မိန်းကလေးများ) ခံစားရနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာတင်လတ်
Health for all magazine, February 2016, No.109, Pg.57