မိခင်နှင့် ကလေးများတွင် ဗီတာမင် B1 (ဘီဝမ်း) ချို႕တဲ့ခြင်း
24-Feb-2017
B1 သိုင်ရာမင်းဓာတ်သည် ခန္ဓာကိုယ်အတွက် အနည်းငယ်သာ လိုအပ်သော် လည်း နေ့စဉ်မှန်မှန် ရနေပါမှ ၎င်းချို့တဲ့ရောဂါ ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပေမည်။ B1 ချို့တဲ့လျှင် ဘယ်ရီဘယ်ရီ (Beri Beri) ခေါ် ထုံစို့နာ ဖြစ်နိုင်ပေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျန်းမာရေး ဗဟုသုတနည်းသော အရပ်ဒေသမှ အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့် သားဖွားပြီးစ အမျိုးသမီးများ ၎င်းရောဂါများကို သိသိသာသာ ခံစားကြရသည်ကို တွေ့နေရဆဲ ဖြစ်သည်။
ကိုယ်ဝန်ဆောင်စဉ်အချိန်တွင်းရော မီးဖွားပြီး ကလေးနို့တိုက်နေစဉ် အချိန် အတွင်းများ၌ပါ ဘေးစကားများကြောင့် အစိုးရိမ်လွန်ကာ ငါးခြောက်ဖုတ်နှင့် ဟင်းခါးလောက်သာ သုံးဆောင်ကြသော မိခင်များ အထူးသိသာပေလိမ့်မည်။ ခြေများဖောရောင် ၍ နောင်တွင် ကိုယ်ပါဖောရောင်လာပြီး အောက်ပိုင်းချည့်သလို ခြေထောက်များ မလှုပ်နိုင်သည်အထိ ဖြစ်လာနိုင်ပေသည်။
ခြေလက်များ ထုံကျဉ်၍ ကိုက်ခဲနေသည်ကို အရင်ခံစားရမှာ ဖြစ်ကြပေ သည်။ နောင်တွင် မောပန်းလွယ်၍ အသက်အန္တရာယ်ပါ စိုးရိမ်ရသည်အထိ ဖြစ် သွားနိုင်ပေသည်။
ထိုသို့ လက္ခဏာများ ခံစားရသည့် မိခင်၏ ကလေးမှာလည်း B1 ချို့တဲ့ရောဂါကို မိခင် နည်းတူ ခံစားရမှာဖြစ်သည်။ ဘယ်ရီဘယ်ရီဖြစ်သော ကလေးသည် များသောအားဖြင့် အသက် ၁ လခွဲမှ ၃ လအရွယ်အတွင်းလောက် ဖြစ်တတ်သည်။
ကလေးအနေနဲ့ မိခင်၏နို့ကို ဝဝလင်လင် စို့ရသဖြင့် ဝတုတ်၍ နို့သည် B1 ချို့တဲ့နေသောနို့ ဖြစ်သဖြင့် ကလေးငယ်သည် B1 ချို့တဲ့မှုဒဏ်ကို တဖြည်းဖြည်းခံစားနေရစဉ် မသိသာသော်လည်း ရောဂါစုလာပြီ ဆိုသည်နှင့် နှလုံးကိုထိခိုက်သဖြင့် ကလေးသည် ရုတ်တရက် ချက်ချင်း အငိုမရပ်ဘဲ တအီအီနှင့် ဖြစ်လာတတ်ပါသည်။ ထိုအချိန်တွင်း တတ်သိနားလည်သည့် ဆရာဝန်များနှင့် မတွေ့ခဲ့ပါမူ တက်သည့်အဆင့်သို့ ရောက်သွားကာ အသက်ပါ ဆုံးရှုံးသွားနိုင်ပေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မျိုးဟန်
ကလေးအထူးကုဆရာဝန်ကြီး
သားသားမီးမီးတို့ဖြစ်တတ်သော ရောဂါများ -၂ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

