Print

ကလေးကိုယ်ပူတာ စိုးရိမ်ရပါသလား

  09-May-2017
Preview Image


၃၇.၇ ဒီဂရီစင်တီဂရိတ် ( ၁ဝဝ ဒီဂရီ ဖာရင်ဟိုက် )ထက် ပိုအောင်ပူလာတဲ့အသက်ခြောက်လအောက် ကလေးငယ်များဟာ ကိုယ်ပူချိန်ကြာလာရင်တက်တတ်တဲ့အတွက် စိတ်ပူရပါတယ်။


အရင်ဆုံးဘာလုပ်ပေးသင့်သလဲ ???? 

(၁) ကလေးကိုယ်ပူနေတယ်ထင်ရင် အဖျားတိုင်းကြည့်လိုက်ပါ။မသေချာသေးရင် မိနစ် ၂ဝလောက်အကြာမှာ တစ်ခါထပ်တိုင်းကြည့်ပါ။


(၂) ကလေးကို အိပ်ခန်းထဲကို ခေါ်ထားပါ။ ချည်ထည်ပါးပါး အဝတ်များသာဝတ်ပေးထားပါ။ အခန်းထဲမှာ အေးနေရင်လည်း အေးနေပါစေ။


(၃) အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ် ( ၁ဝ၄ ဒီဂရီ ဖာရင်ဟိုက် ) ထက်မြင့်နေရင်ရေဖတ်တိုက်ပေးရပါမယ်။ ရေနွေးဖြစ်ဖို့ မလိုသလို ရေခဲရေဖြစ်ဖို့လည်း မလိုပါဘူး။သာမန်အခန်း အပူချိန်အတိုင်းရှိတဲ့ ရေနဲ့ ရေဖတ်တိုက်ပေးရန်ဖြစ်ပါတယ်။ ရေဖတ်တိုက်ဖို့အရည်စုပ်ယူအားကောင်းပြီး နူးညံ့တဲ့အဝတ်စကို အသုံးပြုရပါမယ်။ ရေဆွတ်ပြီးကလေးဦးခေါင်းမှစ၍ တစ်ကိုယ်လုံးသို့ ရေဝတ်နဲ့ ညင်ညင်သာသာ ပွတ်ပေးရန်ဖြစ်ပါတယ်။ရေဖတ်အဝတ်နွေးသွားတိုင်း အေးတဲ့ ရေဖတ်အဝတ်နဲ့ လဲလဲပြီး သုံးရပါမယ်။


(၄) ၅မိနစ်ခြားတစ်ခါ ကိုယ်အပူချိန်ပြန်တိုင်းကြည့်ပြီး အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁ဝဝ.၄ ဒီဂရီ ဖာရင်ဟိုက် ) ထိ ကျဆင်းလာပြီဆိုရင် ရေဖတ်တိုက်တာကို ရပ်လို့ရပါပြီ။အရေးကြီးတာက ရေခဲရေလို ရေအေးအေးနဲ့ ရေဖတ်တိုက်ခဲ့ရင် အအေးရှိန်ကြောင့်သွေးကြောများ ကျုံ့သွားကာ ခန္ဓာကိုယ်ထဲက အပူရှိန်အပြင်ကို ထွက်မသွားနိုင်တော့ဘဲကိုယ်အပူချိန် ပိုမိုတက်လာစေနိုင်ပါတယ်။ ဒါကြောင့် ရေဖတ်တိုက်တဲ့နေရာမှာ ရေအေးကိုမသုံးသင့်ပါဘူး။


(၅) ကိုယ်အပူချိန်ကျမလာဘူးဆိုရင် ပါရာစီတမော တိုက်ကျွေးပါ။ အက်စပရင်ပါတဲ့ဆေးကိုတော့ အသက် ၁၂နှစ်အောက် ကလေးများကို မတိုက်သင့်ပါဘူး။ အထူးသဖြင့်ရေကျောက်ရောဂါ၊ တုပ်ကွေးရောဂါဖြစ်တယ်လို့ ထင်ရတဲ့ ကလေးလူနာများကိုအက်စပရင်မတိုက်မိဖို့ အရေးကြီးပါတယ်။


(၆) အရည်ခန်းခြောက်ခြင်း မခံစားရအောင် အရည်နည်းနည်းစီကို မကြာခဏချော့မော့ပြီးတိုက်ကျွေးပေးရပါမယ်။


ဆရာဝန်ထံပြဖို့ သင့်သလား ????

ခြောက်လအောက် ကလေးငယ်ဆိုရင် ဆရာဝန်ထံ အမြန်ပြသသင့်ပါတယ်။ကလေးတက်နေလျှင်သော်လည်းကောင်း၊ ယခင်က တက်ဖူးတဲ့

ကလေးဖြစ်လျှင်သော်လည်းကောင်း၊ တက်တတ်သော မျိုးရိုးဖြစ်လျှင်သော်လည်းကောင်း၊၂၄နာရီကျော်သည်အထိ ကိုယ်ပူမကျလာလျှင်သော်လည်းကောင်း၊ သင့်စိတ်ထဲမှာအခြားရောဂါလက္ခဏာရှိနေတယ်လို့ သံသယစိတ်ရှိလျှင်သော်လည်းကောင်း ဆရာဝန်ထံချက်ချင်းပြသဖို့ လိုပါတယ်။


ဆရာဝန်မှ ညွှန်ကြားမှုများ

ဘက်တီးရီးယားရောဂါပိုးဝင်လို့ ဖျားနာတယ်ဆိုရင် လိုအပ်သော ပဋိဇီဝ လိမ်းဆေးတစ်ခုခုညွှန်ကြားပါလိမ့်မယ်။ ကလေးဟာ ယားလွန်းလို့ ညညမအိပ်နိုင်ဘူးဆိုရင်အိပ်ဆေးပေးပါလိမ့်မယ်။


Reference - ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် ( ဒေါက်တာမာမာဆွေ )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18