ကလေးများတွင် လိင်တံထိပ်ရောင်ခြင်း
04-Jul-2017လိင်တံထိပ်နဲ့ထိတွေ့နေတဲ့ ဘောင်းဘီကို လျှော်ဖွပ်တဲ့ ဆပ်ပြာမှုန့်နှင့် မတည့်တဲ့အတွက်ကြောင့် အင်္ဂါစပ်ယားနဲ့ လိင်တံထိပ်ရောင်နာတို့ ဖြစ်ပွားတတ်ပါတယ်။ ဒါမှမဟုတ် အသက် ၃ - ၅ နှစ် အရွယ်ကလေးတွေမှာ လိင်တံထိပ်အရေပြားတင်းလာမှုကြောင့် ရောင်ရမ်းလာတတ်ပါတယ်။
ရောဂါလက္ခဏာများ
* လိင်တံထိပ်နီရဲရောင်ရမ်းပြီး ထိပ်ဝစိုစွိတ်နေခြင်း
* လိင်တံထိပ်မှ ပြည်ထွက်ခြင်း
* လိင်တံရှေ့အရေပြားတင်းပြီး ဆွဲတင်၍မရခြင်း
* တင်ပါးနှင့် အင်္ဂါစပ်တို့တွင် နီရဲရောင်ရမ်းနေခြင်း
စိုးရိမ်ရပါသလား?
ကလေးငယ်အတွက် မသက်မသာခံစားရတာမို့ ချက်ချင်းဆေးကုသဖို့လိုအပ်သော်လည်း အသက်အန္တရာယ်မရှိပါ။
ပထမဆုံး ဘာလုပ်သင့်လဲ?
* လိင်တံထိပ်ပတ်လည်နီရဲနေကြောင်း တွေ့ရှိပါက လိင်တံရှေ့ အရေပြားကို အနောက်ဘက်သို့ ဆွဲလှန်ကြည့်ပါ။ အားသုံးပြီး ဆွဲတင်ခြင်းမလုပ်ပါနဲ့။ လိင်တံရှေ့အရေပြားတင်းနေပါက ဆရာဝန်ထံ အမြန်သွားရောက်တိုင်ပင်ပြသပါ။
* လိင်တံရှေ့ အရေပြားကို ဆွဲလှန်ပြီးနောက် သန့်ရှင်းပေးပါ။ ခြောက်သွေ့အောင်သုတ်ပေးပါ။ သန့်ရှင်းနေအောင် ပိုးကာကွယ်ဆေးလိမ်ပေးပါ။
* အင်္ဂါစပ်နေရာ ယားယံနာရှိနေပါက ဘောင်းဘီ မကြာခဏလဲလှယ်ပေးပါ။ အင်္ဂါစပ်နေရာကို သန့်ရှင်း ခြောက်သွေ့စွာထားပေးပါ။ ပိုးကာကွယ်ဆေး လိမ်းပေးပါ။