အကျိတ်ရောင်ခြင်း
18-Jul-2017ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး တုပ်ကွေးဆန်ဆန် ဝေဒနာများစတင်ခံစားရခြင်းနဲ့အတူ ဂျာမန်ဝက်သက် (German Measle or Rubella) ကဲ့သို့ အနီအစက်အပြောက်များ ပေါ်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကလေးငယ်များမှာ ပိုမိုဖြစ်ပွားတတ်ပြီး ငယ်လွန်းတဲ့ ကလေးငယ်များမှာတော့ ရှားရှားပါးပါးသာဖြစ်တတ်ပါတယ်။ သိပ်လည်းဆိုးဆိုးဝါးဝါး မခံစားရပါဘူး ၊ ဒီရောဂါအတွက် ကုသရန် ဆေးတိတိကျကျ မရှိပါဘူး။ သူ့ဘာသာတစ်လလောက်အတွင်း တဖြည်းဖြည်းပျောက်သွာပါတယ်။ အကျိတ်ထဲကို ရောဂါပိုးရောက်ရှိတဲ့အတွက် အကျိတ်ရောင်လာခြင်း ၊ ဘေလုံးကြီးခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ အကျိတ်ရောင်တဲ့အတွက် ဘာမှထူးထူးခြားခြားခံစားရခြင်းမရှိတတ်ပါဘူး။ ဘေလုံးကြီးတာကလည်း ရောဂါပိုးမရှိတော့တဲ့အခါ အလိုလို ပြန်သေးသွားပါတယ်။
ရောဂါလက္ခဏာများ
- အကျိတ်ရောင်ခြင်း ၊ အထူးသဖြင့် လည်ပင်းအကျိတ်များရောင်ပြီး ဖျားခြင်း။
- ကလေးညှိုးပြီး ၊ မအီမသာဖြစ်ခြင်း ၊ လန်းလန်းဆန်းဆန်းမရှိခြင်း။
- နားအနောက်မှ အပိမ့်များထွက်ပြီး နဖူးသို့ ပျံ့သွားခြင်း။
- နာကျင်ကိုက်ခဲခြင်း ၊ နှာရည်ယိုခြင်း ၊ လည်ချောင်းနာခြင်း။
အရေးကြီးသလား???
ဒီရောဂါ သက်သက်ဆိုရင် ဘာမှမစိုးရိမ်ရပါဘူး။ ဒါပေမယ့် တခြားရောဂါများနဲ့ လက္ခဏာတူနေတဲ့အတွက် ဆရာဝန်ထံပြသပြီး အကျိတ်ရောင်နာရောဂါသာဖြစ်ကြောင်း အတည်ပြုချက်ရယူဖို့ လိုအပ်ပါသည်။
သင်ပထမဆုံးဘာတွေလုပ်သင့်သလဲ???
၁) စစချင်း ရောဂါလက္ခဏာက ကလေးမအီမသာ ခံစားနေရာတာသာဖြစ်ပြီး ဘာရောဂါလို့ မသိနိုင်သေးပါဘူး။ နောက်ပိုင်းကျမှ အကျိတ်များရောင်ရမ်းလာပြီး ဖျားလာတတ်ပါသည်။ အကျိတ်များရောင်နေစဉ် ကိုယ်အပူချိန်ကို မှန်မှန်တိုင်းပေးပါ။ ကိုယ်အပူချိန်များရင်တော့ ပါရာစီတမော တိုက်ပေးပါ။
ဆရာဝန်နဲ့ ပြသသင့်လား??
ကလေးခံစားရတဲ့ရောဂါဟာ တုတ်ကွေးလောက် အအေးမိတာလောက်တင်မကတဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါတယ်။
ဆရာဝန်က ဘာတွေညွှန်ကြားမလဲ???
ဆရာဝန်က သွေးဖောက်ယူပြီး အကျိတ်ရောင် ဗိုင်းရပ်စ်ကို ခုခံပေးတဲ့ တုန့်ပြန်ပစ္စည်း သွေးထဲမှာ ရှိ မရှိ စမ်းသပ်ပါလိမ့်မယ်။ ရှိတယ်ဆိုရင်တော့ အိမ်မှာနားစေပြီး ၊ ဆေးဝါးကုသတိုက်ကျွေးဖို့ မလိုအပ်ပါဘူး။ နားနေဖို့သာ လိုပါတယ်။
သင်ဘာတွေလုပ်ဆောင်ပေးသင့်လဲ???
- ဆရာဝန်ထံက အကြံဉာဏ်ရယူပြီး ခွင့်ပြုချက်ရတော့မှ ကျောင်းသို့လွှတ်ပါ။ ကျောင်းတစ်လလောက် ပျက်ပါလိမ့်မယ်။
- အိပ်ရာထဲမှာပဲ နေချင်ရင်နေပါစေ။ အိမ်ထဲမှာပဲ မနေချင်ဘူးဆိုလည်း အဖျားကျတဲ့ထိတော့ အိမ်ထဲမှာပဲ နေစေရပါမယ်။
- ကိုယ်ပူဖျားလို့ အရည်ခန်းခြောက်ခြင်း မဖြစ်ရအောင် အရည်များများ တိုက်ကျွေးပါ။
- ဒီရောဂါတစ်ခါဖြစ်ပြီးရင် နှစ်နှစ်အတွင်း ထပ်မံဖြစ်ပွားတတ်တဲ့အတွက် သံသယစိတ်ရှိလာရင် ဆရာဝန်ထံ အကြံဉာဏ်တောင်းခံပါ။
credit : ဒေါက်တာ မာမာဆွေ
By Dr. May Hnin Phyu (7887 Healthcare Call Center)