ကလေးငယ်တို့အတွက်ခံတွင်းကျန်းမာရေး
07-Nov-2017ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလို သွားကျန်းမာရေးဟာ အရေးကြီးလှပါတယ်။ အရေးကြီးပြီး သေချာဂရုစိုက်ရမယ့် သွားနှင့်ခံတွင်းကျန်းမာရေးကို ကလေးဘဝထဲက ကောင်းစွာဂရုုစိုက်တတ်သည့် အလေ့အထများရှိသင့်ပါတယ်။ ကလေးငယ်တွေများတွင် ခံတွင်းကျန်းမာရေးမကောင်းသောကြောင့် သွားပိုးစားခြင်း၊ သွားကိုက်ခြင်း၊ သွားများမညီမညာ မလှမပဖြစ်ခြင်း၊ သွားကြောင့် နှုတ်ခမ်းပုံသဏ္ဍာန်ပျက်ခြင်းများဖြစ်နိုင်ပါတယ်။
ငယ်စဉ်ကတည်းက စတင်လုပ်ဆောင်ရန်တိုက်တွန်းခြင်း
ကလေးငယ်များရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို အသက်တစ်နှစ်သားအရွယ်ထဲက ဂရုပြုလုပ်ဆောင်သင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြငိ့ အသက် ငါးနှစ်အရွယ်တွင် သွားနှင့်ခံတွင်းအတွက်ကုန်ကျစရိတ် လေးဆယ်ရာခိုင်နှုန်းထိ လျော့ချနိုင်တယ်လို့ လေ့လာချက်များအရတွေ့ရှိရပါတယ်။
သွားပွတ်တံကြိုးအသုံးပြုနည်းသင်ကြားပေးခြင်း
မိမိ ကလေးငယ်သွားနှစ်ချောင်းစထွက်ချိန်မှစကာ ထိုသွားနှစ်ချောင်းကြားမှာ သွားပွတ်တံကြိုးအသုံးပြုနည်းကို သင်ကြားပေးသင့်ပါတယ်၊ ခံတွင်းသန့်ဆေးရည်အသုံးပြုဖို့ကို သွားနှင့်ခံတွင်း ဆရာဝန်က လိုအပ်ရင်ညွှန်ကြားပေးမှာပါ။ ခံတွင်း သန့်စင်ဆေးရည် ကိုအသုံးပြုခိုင်းသည့်အခါ သတိထားရမှာက မျိုမချပဲ ထွေးထုတ်ရမည်ဖြစ်ကြောင်းသေချာပြောပြထားပေးဖို့ပါ။
ရေသောက်ခိုင်းပါ
ကလေးများနေ့လည် နေ့ခင်းအိပ်စက်ရာတွင် နို့ဘူးစို့ရင်းအိပ်ခြင်း၊၊ အအေးပုလင်းသောက်ပြီးအိပ်ခြင်း၊ သကြားလုံးငုံပြီး အိပ်ခြင်းတို့ဟာ ကလေးငယ်တို့၏ သွားများပျက်စီးစေနိုင်သည့်အတွက် သတိပြုကြရန် သွားဆရာဝန်များမှ အကြံပေးထားပါတယ်။ သကြားပါဝင်သော အချိုရည်များသည် ကလေးငယ်၏ သွားများတွင် ကပ်ကျန်နေပြီးခံတွင်းတွင် ဘက်တီးရီးယားပိုးများပေါက်ပွားမှုကို အားပေးပါတယ်။ ယင်းဘက်တီးရီးယားများမှ အက်စစ်ဓာတ် ထုတ်ခြင်းကြောင့် သွားများပျက်စီးစေပါတယ်။ ဒါကို သွားပိုးစားတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကလေးများ အိပ်ရာဝင်ခါနီးတွင် အချိုရည်မသောက်ပဲ ရေသောက်ခိုင်းပါလို့ သွားဆရာဝန်များမှ အကြံပြုထားပါတယ်။
သွားတိုက်ပေးပါ
အများစုက ကလေးငယ်များ သွားတိုက်ဖို့ မလိုပါဘူးဟု ထင်မြင်တတ်ကြပါတယ်။ မိမ်၏ ကလေးငယ်သည် သွားတစ်ချောင်းပဲ စထွက်နေပြီးဆိုရင်တောင် သွားတိုက်ပေးဖိို့ုပါတယ်။ သွားထွက်ခါစ ကလေးငယ်ကို ပိတ်ပါးစနှင့်သွားကို ညှင်သာစွာ ပွတ်တိုက်ပေးခြင်းဖြင့် သန့်စင်ပေးနိုင်ပါတယ်။ သွားမထွက်သေးသည် ့ကလေးငယ်များတွင် သွားဖုံးလေးတွေကို ပွတ်တိုက်ပေးနိုင်ပါတယ်။ သွားထွက်ပြီးသော ကလေးငယ်များအတွက် ကလေးတိုက်သွားတိုက်တံများ သီးသန့်ရွေးဝယ်ပြီး ဖိုရှိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့နှှစ်ကြိမ်သွားတိုက်ပေးသင့်ပါတယ်။
ရော်ဘာကွင်းပျော့တွေကိုကြာရှည်မသုံးသင့်ပါ
ကလေးငယ်များ သွားပေါ့က်လာမယ့်အချိန်တွင် သွားဖုံးယားပြိးတွေ့ကရာများကို ကိုက်တတ်ကြပါတယ်။ နိို့တိုက်ရင်းနို့သီးခေါင်းကိုက်ခံရတာကြောင့် နာကျင်တဲ့ဝေဒနာကို မိခင်တိုင်ခဲ့စားဖူကြပါတယ်။ မိဘများက ရော်ဘာကွင်း ပျော့ပျော့လေးမျာကို ကလေးငယ်ကိုက်ဖို့အတွက် သိီးသန့်ဝယ်ပေးတတ်ကြပါတယ်။ ကလေးငယ်အိပ်ပျော်သွားတာ၊ ကြာရှည်အသုံးပြုတာတွေဟာ ကလေးငယ်ရဲ့ သွားပေါက်ပုံကို ထိခိုက်စေပြီး ရုပ်ဆိုးစေပါတယ်။ အထူးသဖြင့် ကလေး၏ရှေ့သွားပေါက်ပုံကို ဖရိုဖရဲဖြစ်စေပြိီး နှုတ်ခမ်းပုံစံပါပြောင်းလဲနိုင်ပါတယ်။
အချိုရည်လျော့သောက်ခိုင်းပါ
အဝမှာစုပ်သောက်လို့ရတဲ့ အပေါက်ပါတဲ့ ခွက်များအသုံးပြုပြီး အချိုရည်အသောက်ရန် ကလေးများကို တားမြစ်သင့်ပါတယ်။ သောက်နေကျပုံမှန် ခွက်ကိုပဲ အသုံးပြုရန်သင်ကြားပေးပါ။ အပေါက်ပါသောခွက်များ ကြာရှည်အသုံးပြုပါက သွားနဲ့အတွင်းပိုင်း မျက်နှာပြင်ထိခိုက်စေပါတယ်။ ဒါ့အပြင် အချိုရည်များ သောက်သုံးခြင်းဟာ ကလေးငယ်များ အဝလွန်ဖြစ်ခြင်းနှင့် ဆက်စပ်နေပြီး သွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေပါတယ်။ သစ်သီးများကိုဖျော်ရည်ပြုလုပ်ပြီး တိုက်မယ်ဆိုရင်တောင် တစ်နေ့ကိုလေးအောင်စ ထက်ပိုမတိုက်သင့်ပါဘူး။
ကြာရှည်ဆေးဝါးများ အသုံးပြုနေရပါက ဆရာဝန်ထံပြသပါ
သကြားသို့မဟုတ် အနံ့အရသာအုပ်ထားတဲ့ ဆေးအများစုက ကလေးငယ်ကို သွားပိုးစားစေပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါစတဲ့ နာတာရည်ရောဂါ ခံစားနေရသော ကလေးများတွင် ဒီလိုပြဿနာများ ပိုတွေ့ရတတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးများနဲ့ ပန်းနာရင်ကြပ်ရောဂါကုဆေးများက မှိုပိုးများပွားစေပြီး ခံတွင်းတွင်မှိုပိုးစွဲစေပါတယ်။ ခံတွင်းသို့မဟုတ်လျုှာပေါ်တွင် ခရင်မ်ရောင်၊ ဒိန်ချိဉ်ရောင်ကဲ့သို့ အဖြူအဖတ်အဖတ်များ ဖြစ်တတ်ပါတယ်။ မိမ်၏ ကလေးငယ်သည် ဆေးဝါးများကြာရှည်သောက်သုံးနေရပါက သွားနှင့်ခံတွင်းဆရာဝန်ထံ ပုံမှန်စစ်ဆေးမှုများ လုပ်သင့်ပါတယ်။
ဆွဲဆောင်စည်းရုံးပါ
တချို့ကလေးငယ်များက မနက်အိပ်ရာထချိန်တွင် သွားတိုက်မျက်နှာသစ်ရန် ပျင်းတတ်ကြပါတယ်။ ကလေးငယ်တို့ သွားတိုက်ရအောင် မပျင်းရအောင် ရေချိျးခန်းထဲတွင် သွားတိုက်တာနဲ့ပတ်သက်တဲ့ ပညာပေးရုပ်ပုံကားချပ်။ ကာတွန်းစတာတွေ ကပ်ထားပေးသင့်ပါတယ်။ ကလေးငယ်ကိုယ်တိုင် လိုလိုလားလား လုပ်ဆောင်ချင်လာအောင် မိဘများကစည်းရုံးသင့်ပါတယ်။
အချိန်တိတိကျကျသတ်မှတ်ပေးပါ
သွားတိုက်ချိန်၊ သွားကြားပွတ်ကြို းအသုံးပြုသင့်ချိန်များကို မိဘများက သတ်သတ်မှတ်မှတ် သင်ကြားပြုလုပ် ထားပေးသင့်ပါတယ်။ မနက်တစကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သွားတိုက်ဖို့၊ အစာစားပြီးတိုင်းပလုတ်ကျင်းဖို့၊ သွားကြားပွတ်ကြိုး တစ်နေ့တစ်ကြိမ်အသုံးပြုဖို့ သင်ကြားထားပါ။ သွားကြားပွတ်ကြိုးသည် ငယ်ရွယ်လွန်းသော အရွယ်တွင် အသုံးမပြုတတ်ပါဘူး။ အသုံးပြုခိုင်းဖို့လည်း မသင့်ပါဘူး။
သွားတိုက်ဆေးကိုယ်တိုက်ရွေးချယ်ခိုင်းပါ
ကလေးငယ်များ သွားမတိုက်ချင်ဘဲ ငြင်းဆန်နေရတဲ့ အကြောင်းရင်းတွေထဲတွင် ကလေးငယ်တို့ ကြိုက်နှစ်သက်သည့် သွားတိုက်ဆေးကို အုံးမပြုတာလည်း ပါ၀င်ပါတယ်။ ဒါကြောင့်ကလေးငယ်လိုချင်တဲ့။ နှစ်သက်တဲ့ သွားတိုက်ဆေးကို ကိုယ်တိုင်ရွေးချယ်ခိုင်းပြီးဝယ်ယူပေးးပါ
credit to// အာရောဂျံ magazine