မွေးကင်းစကလေးငယ်အား ပြုစုစောင့်ရှောက်ခြင်း
23-May-2025
မွေးကင်းစကလေးငယ်အား ပြုစုစောင့်ရှောက်ခြင်း
• ကလေးငယ်အား ခြောက်သွေ့သန့်ရှင်းအောင်သုတ်ပေးပါ။ အနည်းဆုံး၂၄နာရီနောက်ပိုင်းမှ ရေစချိုးပေးပါ။
• ကလေးငယ်အား အဝတ်နှစ်ထပ်ဖြင့်နွေးထွေးအောင်ဝတ်ပေးပါ။ ကလေးငယ်ခေါင်းကို ဦးထုပ်ဆောင်းထားပေးပါ။
• ကလေးငယ်အား အမြင်နှင့်အကြားပိုင်းတွင် ပြဿနာရှိမရှိနှင့် အသားဝါခြင်းရှိမရှိစစ်ဆေးပါ။
• ကလေးငယ်၏ချက်အား ခြောက်သွေ့အောင်ထားပါ။ အဆီနှင့်အခြားအရာဝတ္ထုများထည့်ခြင်းမပြုပါနှင့်။
• ကလေးငယ်အားမကိုင်တွယ်မီ လက်ကို ဆပ်ပြာနှင့်ရေဖြင့်စင်ကြယ်စွာဆေးပါ။
• ကလေးငယ်တွင် ဖြစ်တတ်သော အန္တရာယ်ရှိလက္ခဏာများကို သတိထားစောင့်ကြည့်ပါ (ဥပမာ- နို့မစို့ခြင်း၊ အသက်ရှူမြန်ခြင်း သို့ ကိုယ်အပူချိန်တက်ခြင်း/ကျခြင်း)
Dr. Hazel
Ref: WHO
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
