သင့်ကလေး မိတ်ပေါက်နေသလား
30-Oct-2016
ပူပြင်းတဲ့ နွေရာသီမှာ နုနယ်တဲ့ ကလေးအသားအရေတွေက မိတ်ပေါက်လွယ်တတ်ပါတယ်။ယေဘုယျအားဖြင့် မိတ်ပေါက်တာက အန္တရာယ်မရှိပါဘူး။ ရာသီဥတုပူပြီး ချွေးထွက်များရာက ကလေးတွေ မှာ မိတ်ပေါက်လေ့ရှိပါတယ်။
လေထုစိုထိုင်းစေသော စက်တပ်ဆင်ပါ။
***********************************
ရာသီဥတုက ပူတဲ့အပြင် ပတ်ဝန်းကျင်လေထုထဲမှာ ရေငွေ့မရှိဘဲ ခြောက်သွေ့နေရင် အရေပြားကို ကာကွယ်ထားတဲ့ သဘာဝအဆီဓာတ်တွေက ကွာကျသွားပါတယ်။ ဒါကြောင့် အယားဖု လေးတွေနဲ့ မိတ်ဖုလေးတွေ ပေါက်လာတာဖြစ်ပါတယ်။ ဒါကြောင့် အယားဖုလေးတွေ နဲ့မိတ်ဖုလေးတွေ ပေါက်တာဖြစ် ပါတယ်။ ဒါကြောင့် ကလေးရှိတဲ့ ဝန်းကျင်မှာလေထုစိုထိုင်းနေအောင် Humidifier လို့ခေါ်တဲ့ လေထုစို ထိုင်းစက်ကို ဖွင့်ထားပေးပါ။
ပေါ့ပါးသော ချည်သားဝတ်စုံများဝတ်ပေးပါ။
**********************************
အပူရှိန်မြင့်မားချိန်မှာ ခန္ဓာကိုယ်က ပြန်လည်အငွေ့မပျံ နိုင်ရင် မိတ်ပေါက်နိုင်ခြေပိုများပါတယ်။ ဒါကြောင့်ချွေးထွက်တိုင်း အငွေ့ပျံလွယ်တဲ့ ပေါ့ပါးတဲ့ အဝတ်အစားတွေကို ကလေးကို ဝတ်ဆင်ပေးသင့် ပါတယ်။ ထူထဲတဲ့ အဝတ်အစားတွေကို လုံးဝမဝတ်ပေးသင့်ပါ။
အရေပြားကို လိုးရှင်းပေးပါ။
**********************
ကလေးရဲ့ အရေပြားက စိုပြည်နေရင် အယားဖုတွေနဲ့ မိတ်ဖုတွေအလွယ်တကူမပေါက်နိုင်ပါဘူး။ ဒါကြောင့် ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှု မရှိအောင် ထိန်းသိမ်းပါ။
ကလေး လက်သည်းများကို ညှပ်ပေးပါ။
*********************************
မကြာခဏ လက်ဆေးပေးပါမိတ်ပေါက်တာက ယားတာကလွဲလို့ အန္တရာယ်မရှိပေမယ့် ယားတဲ့အခါ ကလေးတွေက မသန့်ရှင်းတဲ့ လက် နဲ့ ကုတ်ခြစ်မိတတ်ကြပါတယ်။ အဲဒီအခါ မိတ်ဖုကနေ ယားနာအဖြစ် ကူးပြောင်းသွားတတ်တာကြောင့် ကလေးရဲ့လက်သည်းတွေကို တိုအောင် စနစ်တကျ ညှပ်ပေးပြီးလက်တွေကိုလည်း မကြာခဏဆေးကြောပေးရပါမယ်။
ယားယံမှု သက်သာစေရန် ဆေးလိမ်းပါ
**********************************
မိတ်ပေါက်နေတဲ့ ကလေးငယ်ရဲ့ အရေပြားကို ခြောက်သွေ့အောင် မထားသင့်တဲ့အပြင် ယားယံမှု သက်သာစေဖို့ပေါင်ဒါ၊ ဆေးပေါင်ဒါ၊ Calamine လိုးရှင်း၊ Caladryl လိုးရှင်းတွေ လိမ်းပေးနိုင်ပါတယ်။
Healthcare.com.mm
Ref;
Credit: ငွေစုစံ