ကလေးလေးဖက်နာ
24-Feb-2017
၁၆ နှစ်အောက် ကလေးတစ်ယောက် အဆစ်နာရုံတင်မက ပူပြီးရောင်နေတာ ၆ ပတ် ကျော်သွားပြီဆိုရင် “ကလေးလေးဖက်နာ” လို့ သတ်မှတ်လို့ ရပါတယ်။ သူ့မှာက ပုံစံမျိုးစံရှိတော့ တစ်ဆစ်နှစ်ဆစ်ပဲ နာတဲ့သူ ရှိသလို၊ လေးဆစ်အထက် အများကြီးနာတဲ့ သူတွေလည်း ရှိပါတယ်။ သွေးလေးဖက်နာကို လက်ဖျား၊ ခြေဖျားအဆစ်လေးတွေရောင်တဲ့သူရှိသလို၊ ခါးဆစ်ရောင်လေးဖက်နာလို ကျောရိုးထဲ၊ တင်ပါးဆုံထဲက နာတဲ့သူတွေလည်းရှိပါတယ်။
ကြောက်ဖို့အကောင်းဆုံးက အရေပြားလေးဖက်နာလို အကွက်ကလေးတွေထွက်ပြီး အဖျားမကျနိုင်ဘဲ ဆရာပေါင်းစုံနဲ့ လှည့်ပြလို့ ရောဂါ အမည်ပေါင်းစုံ ရခဲ့တဲ့သူတွေပါပဲ။ ပိုရှုပ်ထွေးစေတာက စစ်ကြည့်ရင်လည်း စံလွဲခုခံ ဓာတ်တွေက တစ်မျိုးတည်း သတ်သတ်မှတ်မှတ် တွေ့ရတာမဟုတ်ဘဲ တချို့မှာ RA တွေ၊ တချို့မှာ ANA တွေ၊ တချို့မှာက သွေးထဲမှာရှာလို့ ဘာရောဂါမှ ထူးထူးခြားခြား မတွေ့ရ တာတွေလည်းရှိပါတယ်။
ကုသလို့ရပါသလား
ထုံးစံအတိုင်းပင် ကုသလို့ရပါသည်ဟု ဖြေရပါတယ်။ သို့သော် ကုသမှုဆိုင်ရာ တွင် ဝေဒနာကုသမှု၊ ရောဂါကုသမှုနှင့် လူ့ဘဝအရည်အသွေးကုသမှုဟု သုံးပိုင်းရှာရာ အဖွဲ့ဝင်များစွာ ပေါင်းစပ်ကုသရန် လိုပါတယ်။ နာကျင်မှုဝေဒနာအတွက် အန်ဆေ့ (NSAID) ခေါ် အဆစ်ရောင်ပျောက်ဆေးများ ကျွေးရပါတယ်။ ရောဂါငြိမ်သွားအောင် မီသိုထရက်ဆိတ်လို ရောဂါထိန်းဆေးတွေ ပေးရပါတယ်။
စာရေးနိုင်အောင်၊ စိတ်ဓာတ် မကျအောင်၊ ကောက်ကွေးပြီး အိပ်ရာပေါ်မလဲအောင်၊ လူ့ဘဝအရည်အသွေး ကျမ သွားအောင်၊ ပျော်ရွှင်စွာဘဝကို ဖြတ်သန်းနိုင်အောင်တော့ မိဘ၊ ဆရာ၊ စိတ်ရောဂါကုဆရာ၊ပြန်လည်ထူထောင်ရေးဆရာ၊ မျက်စိဆရာ စသဖြင့် သက်ဆိုင်ရာအဖွဲ့များမှ စောစောစီးစီး အချိန်မီ ပါဝင်စောင့်ရှောက်ကြဖို့ လိုပါတယ်။ ဆေးတွေသောက်ပြီးလို့ နာလည်းမနာ၊ရောင်လည်းမရောင်တော့ သွေးအဖြေတွေလည်း ကောင်းနေရရင် ကုသတာ အောင်မြင် တယ် မခေါ်နိုင်ပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး)
Ziwaka magazine, October 2014, Pg. 33-34
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

