ကျွန်မကလေးခေါင်းစောင်းနေလို့
02-May-2017ဘာကြောင့်ခေါင်းစောင်းတာလဲ?
ဖြစ်ပွားရသည့်အဓိကအကြောင်းရင်းမှာ လည်ပင်းထောက်ကြွက်သား တိုနေသောကြောင့် ဖြစ်ပါတယ်။ လည်ပင်းထောက်ကြွက်သားဆိုသည်မှာ နားအနောက်မှစ၍ ညှပ်ရိုးကိုတွယ်ဆက်ထားသော လည်ပင်းတစ်ဖက်တစ်ချက်တွင်ရှိသည့် ကြွက်သားချောင်းကြီးဖြစ်သည်။ တိုနေသောဘက်မှ ကြွက်သားသည် ကလေးခေါင်းကို တိုနေသောဘက်သို ့ဆွဲချသလိုဖြစ်သွားသည်။ ထိုအခါ ခေါင်းစောင်းသွားသည်။
ကြွက်သားဘာကြောင့်တိုသွားတာလဲ ဆိုတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ ကျွမ်းကျင်သူများက အခုချိန်ထိ အဖြေရှာဆဲဖြစ်သည်။ ကလေးမမွေးဖွားမှီ ဝမ်းဗိုက်တွင်းရှိစဉ်အခါက အနေအထား မမှန်ခြင်း၊ ညှပ်ဆွဲ၊ လေစုပ်မွေးရ၍ ထိခိုက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ထိခိုက်သွားသော ကြွက်သားတွင် အမာရွတ်ဖြစ်သွားပါက ခေါင်းစောင်းနိုင်ပါတယ်။မွေးရာပါခေါင်းစောင်းခြင်းကို ဖြစ်စေသော အခြားအကြောင်းရင်းများမှာ လည်ပင်းကျောရိုးဖွဲ ့စည်းပုံမမှန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုသိနိုင်မလဲ?
မွေးရာပါဖြစ်သော်လည်း မွေးပြီးပြီးချင်းတွင် သတိမထားမိတတ်ပေ။ ကလေးဝမ်းလျားမှောက်ချိန်၊ ခေါင်းထောင်နိုင်သည့်အချိန်များမှ သတိထားမိတတ်ကြသည််။ ခေါင်းစောင်းနေခြင်း ( စောင်းသည့်ဘက်မှာ ညာဘက်ဖြစ်လျှင် ညာဘက်ရှိကြွက်သားတိုနေခြင်းဖြစ်သည်)။ ဒါအပြင် ကလေးခေါင်းမှာ အခြားကလေးများကဲ့သို ့လွတ်လွတ်လပ်လပ် မလှုပ်နိုင်ခြင်း၊ ကလေး၏လည်ပင်းတွင် အဖုစမ်းမိိတတ်ခြင်း တို ့ဖြစ်တတ်သည်။
ဘယ်လိုလုပ်ရမလဲ?
လည်ပင်းထောက်ကြွက်သားကို ဆွဲဆန် ့သည့် လေ့ကျင့်ခန်းလုပ်ပေးရမည်။ ကလေးကို ခေါင်းစောင်းသည့်ဘက်အခြမ်းကို လှည့်ကြည့်အောင် လုပ်ရမည်။
--ကလေးနို ့တိုက်သည့်အချိန်တွင် မေးစေ့ကိုကိုင်၍ နေရာမှန်ရောက်အောင်ပြန်လုုပ်ပေးရမည်။ ထပ်ခါထပ်ခါ လုပ်ပါ။
--ခေါင်းစောင်းနေသည့်ဘက်ကို လှည့်ကြည့်နိုင်အောင် ကလေးဆော့နေကျ ဂျောက်ဂျက်များဖြင့် စောင်းနေသည့်ဘက် အနောက်နားမှ အသံပေးခြင်း၊ အမေမှ အသံပြုခြင်း တို ့ပြုလုပ်ပေးနိုင်ပါတယ်။
ထိုသို ့လေ့ကျင့်ခန်းလုပ်ပေးတာတောင် လအနည်းငယ်ကြာသည့်အထိ ကလေးခေါင်းစောင်းတာ မသက်သာလျှင် ခွဲစိတ်ကုသရန်လိုအပ်၍ ကလေးခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပြသပါ။
Dr.Moon (7887 Healthcare Call Center)
Ref:Web MD