ကလေးငယ်နှင့် အိပ်စက်မှုပြဿနာ
02-Dec-2019 အိပ်စက်တာဟာ ကလေးငယ်တွေရဲ့
ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ သင်ယူဖို့အတွက် ပြန်လည်အားဖြည့်ပေးတာဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်က
ညစဉ်ညတိုင်း အိပ်စက်ချိန်ဘယ်လောက်ယူသင့်လဲ၊ သူတို့အိပ်ရေးပျက်တာကြောင့် ခန္ဓာကိုယ်တွင်း
ဘာတွေပြောင်းလဲမှုဖြစ်နိုင်လဲဆိုတာကို သင်သိပါရဲ့လား။
အိပ်ချိန်အပြည့်အဝရတဲ့
ကလေးတွေအနေနဲ့
·
ကျောင်းနေစဉ်အခါမှာ
ကျောင်းမှာ အာရုံစူးစိုက်မှုအပြည့်အဝ ရရှိနိုင်ပါတယ်။
·
သင်ထားတဲ့စာတွေကို
အလွယ်တကူမှတ်မိနိုင်ပါတယ်။
·
အားကစားလှုပ်ရှားမှုမှာ
အမှတ်ကောင်းရနိုင်ပါတယ်။
·
ထိခိုက်ဒဏ်ရာရမှုမှ
ရှောင်ရှားနိုင်ပါတယ်။
·
သူတို့ကိုယ်သူတို့
ယုံကြည်မှုရှိလာနိုင်ပါတယ်။
·
စွမ်းအင်ပြည့်ပြီး
အမြဲတမ်းလန်းဆန်းနိုင်ပါတယ်။
·
ကျန်းမာရေးနဲ့
ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိနိုင်ပါတယ်။
·
အမှားနဲ့အမှန်ကို
ပိုင်းခြားဆုံးဖြတ်နိုင်ပြီး အမှန်ကိုသာ ရွေးချယ်နိုင်ပါတယ်။
တစ်ည ဒါမှမဟုတ်
နှစ်ည အိပ်ရေးပျက်တဲ့ ကလေးငယ်တွေအနေနဲ့
·
သင်ထားတဲ့စားတွေကို
မေ့လျော့သွားတတ်ပါတယ်။
·
ကျောင်းမှာ
အာရုံစူးစိုက်မှုအားနည်းသွားနိုင်ပါတယ်။
·
အားကစားလှုပ်ရှားမှုတွေမှာ
အမှတ်နည်းနိုင်ပါတယ်။
·
သူငယ်ချင်းတွေနဲ့
အငြင်းအခုန်တွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။
·
အမှားအမှန်
မခွဲခြားနိုင်ဘဲ အမှားတွေကို ပြုလုပ်မိတတ်ပါတယ်။
အမြဲတမ်းအိပ်ရေးမဝတဲ့
ကလေးငယ်တွေအနေနဲ့
·
အမြဲတမ်းအားငယ်ဝမ်းနည်းနေတတ်ပါတယ်။
·
စိုးရိမ်စိတ်အမြဲတမ်းရှိနေတတ်ပါတယ်။
·
အဝလွန်နိုင်ပါတယ်။
·
မှားယွင်းတဲ့အပြုအမူတွေကို
အမြဲတမ်းပြုလုပ်တတ်ပါတယ်။
·
ဆေးလိပ်၊
အရက်နဲ့ မူးယစ်ဆေးတို့ကို အသုံးပြုနိုင်ပါတယ်။
ကလေးတစ်ယောက်အတွက်
အိပ်ချိန်ဘယ်လောက်လိုအပ်ပါသလဲ
·
အသက်
၆ - ၁၂ နှစ်အရွယ်အထိ
အိပ်စက်ချိန် ၉ - ၁၂ နာရီ
·
အသက်
၁၃ - ၁၈ နှစ်အရွယ်အထိ
အိပ်စက်ချိန် ၈ - ၁၀ နာရီ
Credit : ဒေါက်တာ ခင်မိုးမိုး