လစ်လျှူမရှုသင့်သော လေဖြတ်နိုင်ချေရှိသော သတိပေးလက္ခဏာများ
30-Apr-2020 လေဖြတ်ခြင်းခံစားရသူများကို
၃နာရီအတွင်းမှာ သိနိုင်မယ်ဆိုရင် ပြန်ကောင်းအောင် ခွဲစိတ်ကုသနိုင်တဟ်ဆိုတဲ့အကြောင်းကို
အာရုံကြောခွဲစိတ်အထူးကုများက အခိုင်အမာ ပြောဆိုထားပါတယ်။
ဆေးပညာအကြောင်း ဗဟုသုတနည်းသူတွေကတော့
လေဖြတ်ပြီဆိုရင် အဆိုးဘက်ကိုပဲ တွေးတတ်ကြပြီး ပြန်မကောင်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။
ဒါကြောင့် အကြမ်းဖျင်းနားလည်အောင်
အကျဉ်းချုပ်လေးရှင်းပြချင်ပါတယ်။ ဖတ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကို
ကယ်တင်နိုင်သလို အခြားသူတွေရဲ့အသက်တွေကိုလည်း ကယ်တင်နိုင်ပါလိမ့်မယ်။
လေဖြတ်နေပြီလားဆိုတာကို
ဘယ်လိုသိနိုင်မလဲ?
-ဘယ်ဘက်လက် ဘယ်ဘက်ခြေထောက်
ဒါမှမဟုတ် မျက်နှာဘယ်ဘက်ခြမ်း ထုံကျင်မှုခံစားရခြင်း။
-စကားပြောရခက်ခဲခြင်း
( စကားပြောစဉ် ဗလုံးဗထွေးဖြစ်ခြင်း)၊ အခြသူများ၏စကကို
နားမလည်နိုင်ဖြစ်ခြင်း။
-အမြင်အာရုံဆုံးရှုံးခြင်း
(မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး)
-ကိုယ်တစ်ခြမ်းလုံးဒါမှမဟုတ်
ကိုယ်တစ်ပိုင်းလုံး အကြောသေခြင်း။
-ခေါင်းမူးခြင်း၊ သတိလစ်ခြင်း။
လေဖြတ်နေလားဆိုတာသိနိုင်အောင်
လုပ်နိုင်တဲ့ အဆင့် ၄ဆင့်
-ပြုံးပြခိုင်းခြင်း
(နှုတ်ခမ်းထောင့်တစ်ဖက်နဲ့တစ်ဖက် မညီညာခြင်း)
-ရိုးရှင်းလွယ်ကူတဲ့
စာကြောင်းတစ်ခု ဖတ်ခိုင်းခြင်း ( မဖတ်နိုင်ခြင်း၊ ဗလုံးဗထွေး
ဖြစ်နေခြင်း)
-လျှာထုတ်ခိုင်းခြင်း(
လျှာသည် တစ်ဖက်ဖက်သို့ စောင်းနေခြင်း)
-လက်နှစ်ဖက်လုံးမြှောက်ခိုင်းခြင်း
(လက်မမြှောက်နိုင်ခြင်း)
အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက်ရှိနေလျှင်
အရေးပေါ်ဌာနကို ချက်ချင်းအကြောင်းကြားပါ။
Reference- Bright side
Dr.Lwin