Print

ကြွက်သားသန်မာသော ကလေးများမွေးဖွားရန် ဗီတာမင် D များများစား

  30-Oct-2016
Preview Image

 

ဆောက်သမ်တန်ယူနီဗာစီတီက ဆေးပညာရှင်များဟာ မတ်တတ်စမ်းကလေးငယ်များရဲ့ ဖမ်းဆုတ်နိုင်စွမ်းအား၊ ကြွက်သားသန်မာထွားကျိုင်းမှု အားကောင်းခြင်းစတဲ့ အချက်များမှာ မိခင်ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D များများသောက်သုံးခြင်းနှင့် သက်ဆိုင်ကြောင်း တင်ပြထားပါသည်။ မိခင်ဖြစ်သူ ဗီတင်မင် D စားသုံးမှုနှင့် ကလေးငယ်ရဲ့ ကြွက်သားသန်မာမှုတို့ ဆက်ဆံမှုရှိကြောင်းနှင့် နောက်ပိုင်းကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်မှုရှိကြောင်း လေ့လာတွေ့ရှိပါတယ်။ အင်္ဂလိပ်လူမျိုးမိခင်နှင့် ကလေးငယ် ရ၀၀ ကို စမ်းသပ်လေ့လာပြီး Sunshine Vitamin လို့ခေါ်တဲ့ နေရောင်ခြည်မှရရှိနိုင်သည့် ဗီတာမင် D ဓာတ် (သို့) ဗီတာမင် D အားဆေးလုံလောက်စွာ မှီဝဲသူမိခင်များမှမွေးသော ကလေးများမှာ အသက် ၄ နှစ်အရွယ်၌ ကြွက်သာဆုပ်ကိုင်အား ပိုမိုသန်မာကြောင်း ဖော်ပြထားပါတယ်။

 

သန်မာသောကြွက်သားရှိသူ ကလေးငယ်များမှာ လဲကျပြီး ဒဏ်ရာဒဏ်ချက်များခြင်း၊ အရိုးကျိုးခြင်း၊ စသည်တို့ အသက်အရွယ်ကြီးသည်အထိ ဖြစ်ပွားမှုနှုန်းကြောင်း တွေ့ရှိရပါတယ်။ ဆီးချိုကဲ့သို့ ရောဂါမျိုးကိလည်း ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဗီတာမင် Dမှာ အဆီများသော ငါးနဲ့ အခြားသော အစာများထဲမှာ တွေ့ရှိနိုင်ပြီး လူသားတို့အရေပြားနဲ့နေရောင်ခြည် ထိတွေ့သောအခါ (နေပူထဲလမ်းလျှောက်သောအခါများ) မှာလည်း ခန္ဓာကိုယ်ကနေ ဗီတာမင် D ကို ဖန်တီးပေးရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ တစ်နေ့လျှင် Vitimin D အနည်းဆုံး ၁၀ မိုက်ခရိုဂရမ် စားသုံးသင့်ပါတယ်။

 

Healthcare.com.mm

 

Ref:

Ziwaga magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18