Print

ကိုယ်ဝန်ဆောင်နှင့် အိပ်မက်ဆိုးမက်ခြင်း

  30-Oct-2016
Preview Image

 

မကောင်းတဲ့အိပ်မက်ဆိုတာက ထိတ်လန့်ဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို အိပ်မက်ထဲမှာ တွေ့ကြံုရတာမျိုး ကိုယ်တိုင်ခံစားနေရတယ်လို့ အိပ်မက်တာမျိုးတွေပါ။ ဒီလို အိပ်မက်မျိုးတွေကို အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ချိနမျိုးမှာ မြင်မက်ရလေ့ရှိကြပါသည်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တာမျိုးပါ။ စိတ်ထဲမှာလည်း မကောင်းတဲ့ အရာအဖြစ် အနက်အဓိပ္ပါယ် ကောက်မိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစယောက်ဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုတွေ အများဆုံးကာလဖြစ်တာကြောင့် အိပ်မက်ဆိုးတွေ မက်လေ့ရှိကြပါတယ်။

 

ပျော်ရွှင်နေစေခြင်း

ပျော်စရာကောင်းတဲ့နေရာကို လျှောက်လည်တာမျိုးဟာ စိတ်ရော လူကိုပါ ကျန်းမာပျော်ရွှင်စေပါတယ်။ မိတ်ဆွေအပေါင်း အသင်းတွေနဲ့အတူ စကားပြောတာမျိုးကလည်း သင့်စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အိပ်ရာမဝင်ခင်အချိန်မျိုးမှာ ပျော်စရာအကြောင်း အရာလေးတွေကို တွေးတောပြီးမှ အိပ်ရာဝင်ပါ။ စိတ်ကူးထဲမှာ လေထဲမှာ ပျံဝဲနေတာမျိုး၊ သစ်ပင်ပန်းမန်တွေကြားမှာ ကခုန်နေတာမျိုး၊ ကျေးငှက်တိရိစ္ဆာန်လေးတွေနဲ့ တောထဲမှာ လမ်းလျှောက်သွားနေတာမျိုးတွေကို စိတ်ကူးယဉ်လိုက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အတတ်နိုင်ဆုံး ပျော်ရွှင်ကြည်နူးစေမယ့် အကြောင်းအရာတွေကိုသာ တွေးတောပြီး အိပ်ရာဝင်ပါ။

 

အိပ်မက်ဆိုးမက်ခြင်းအား ကုသပုံအဆင့်ဆင့်

အိပ်မက်ဆိုးဟာ မက်လေ့မက်ထရှိတယ်ဆိုပေမယ့် အကြိမ်ပေါင်းများစွာ၊နေ့စဉ်ရက်ဆက် မက်နေတာမျိုးမဟုတ်ပါဘူး။ ညအချိန်မှာ အိပ်မက်ဆိုးမက်ပေမယ့် မနက်ခင်းနိုးထလာချိန်မှာ အိပ်မက်ကို မေ့သွားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်မက်ပေါ်မှာ စွဲလမ်းလွန်ပြီးစဉ်းစားတွေးခေါ်မှု ပုံစံမှားနေမယ်ဆိုရင်တော့ အိပ်မက်မက်တိုင်း စိတ်ခံစားမှုတစ်ခါ ဖြစ်လိုက်၊ ဒါကို စွဲလမ်းတာကြောင့် နောက်ထပ် အိပ်မက်မက်လိုက်နှင့် စိတ်ခံစားမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါဟာ စိတ်ကျရောဂါနှင့် စိတ်လှုပ်ရှားမှုတွေကို ဖြစ်စေနိုင်တဲ့အကြောင်းပြချက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကို ပြန်လည်ကုသနိုင်မယ့် နည်းလမ်းအဆင့်ရှိပါတယ်။

 

စိတ်ခံစားမှုကို ပြောင်းလဲခြင်း

စိတ်ထဲမှာ ခံစားနေရတတ်တဲ့ ခံစားမှုကို ပြောင်းလဲစေပြီး အိပ်မက်ဆိုးမက်တာကို ကုသနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒါဟာ မှန်ကန်တဲ့ ကုထုံးပုံစံလို့လည်း လူသိများကြပါတယ်။ အိပ်မက်ထဲမှာ မြင်မက်နေရတတ်တဲ့ ချောက်ချားစရာ ရုပ်ပုံတွေဟာ အပြင်မှာ တကယ်မရှိဘဲ သင့်စိတ်ကို နှောက်ယှက်နေတာမျိုးသာ ဖြစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့ လိုတယ်ဆိုတာကို ပြောပြပေးတဲ့ ကုသမှုမျိုးပါ။ ဒါကိုနားလည်အောင် ပြောနိုင်မယ်ဆိုရင်တော့ ဒီကုသမှုမျိုးဟာ ခံစားနေရတဲ့ အိပ်မက်ဆိုးမက်တဲ့ ပြဿနာ ကို ရဝ ရာခိုင်နှုန်းလောက်အထိ ကုသပေးနိုင်ပါတယ်။

 

အိပ်မက်ကိုပုံဖော်စေခြင်း

အချိန်ကြာကြာ အိပ်မက်ဆိုးမက်လေ့ရှိတယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်သည်ကိုသူမက်နေတဲ့ အိပ်မက်ထဲက ပုံရိပ်နဲ့ အဖြစ်အပျက်တချို့ကို မှတ်မိသလောက်ပုံဆွဲပြစေတာမျိုး ပြုလုပ်ပါ။ ပြီးတဲ့အခါမှာ အိပ်မက်ဟာ ချောက်ချားစရာမဟုတ်ဘဲ ပျော်စရာအိပ်မကဖြစ်ကြောင်း ဖန်တီးပြောဆိုပေးဖို့ပါ။ အိပ်မက်အတော်များများက ဆက်စပ်မှုမရှိတတ်ကြပါဘူး။ဟိုရောက်၊ ဒီရောက်နဲ့ဖြစ်နေတတ် ကြပါတယ်။ ပုံဆွဲပြီးတာနဲ့ သူ့အိပ်မက်ကနေ လွတ်မြောက်သွားပြီဖြစ်ကြောင်းနှင့် အိပ်မက်မြင်မက်သူက ထင်နေတဲ့ ချောက်ချားစရာဆိုတာဟာ အပြင်မှာ ဘယ်တော့မှ တကယ်ဖြစ်မလာနိုင်တဲ့အဖြစ်ဆိုပြီး ပြောပြပေးလိုက်ပါ။

 

သက်သောင့်သက်သာရှိစေခြင်း

စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး အနားရစေတဲ့ လေ့ကျင့်မှုမျိုးတွေကို ပြုလုပ်ပါ။ ရုပ်ပိုင်းဆိုင်ရာအတွက် လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။ အရက်ကို လုံးဝမသောက်မိပါစေနဲ့။ နီကိုတင်းပါဝင်တဲ့ ဆေးလိပ်နဲ့ အခြားအရာတွေကို ရှောင်ပါ။

 

အသိဉာဏ်ဖွင့်ပေးခြင်း

သင့်အိပ်မက်တွေထဲကနေ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ထွက်လာကြည့်လိုက်ပါ။ အပြင် လောကကြီးထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာကြည့်တာဟာလက်တွေ့ကျတဲ့ သင့်ဘဝပါပဲလို့ ဆိုပါတယ်။ အပြင်မှာမဟုတ်ဘဲ အိပ်မက်ထဲကအကြောင်းအရာတွေကြောင့် စိတ်တွေ တုုန်လှုပ်ချောက်ချားနေတာဟာ သင့်အသိအဉာဏ်တွေကို မှေးမှိန်နေစေတာမျိုးပါလို့ ဆိုပါတယ်။ ဒီတော့ လက်တွေ့ကျလှတဲ့ ဘဝထဲမှာ အိပ်မက်တွေကိုဖက်တွယ်မနေဘဲ အိပ်မက်ကနေနိုးထလိုက်ပါလို့ အကြံပြုထားပါတယ်။ ဒါဟာလည်း အိပ်မက်ဆိုးမက်တာကို ကုသနိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

 

ခင်ပွန်းသည်က ချစ်ခင်ကြင်နာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အားငယ်မှုနဲ့ နာကျင်ကြေကွဲမှုတွေက ဖြစ်လွယ်တတ်ပါတယ်။ တော်ရုံကိစ္စတွေကိုလည်း စိတ်လှုပ်ရှား နေတတ်ပါတယ်။ စိတ်လှုပ်ရှားမှုတွေ များလာတာကလည်း ညဖက်အိပ်မက်ဆိုးမက်တာကို အားပေးသလိုဖြစ်စေနိုင်ပါတယ်။ ခင်ပွန်သည်မှ ပွေ့ဖက်နှစ်သိမ့်ပေးတာမျိုးတို့က စိတ်ဖိစီးမှုနဲ့ စိတ်ထိခိုက်နာကျင်မှုတွေကို ကုစားပေးနိုင်ပါတယ်။ ခင်ပွန်သည်နှင့်အတူ ရုပ်ရှင်အတူကြည့် တာမျိုး၊ လမ်းအတူလျှောက်တာမျိုး၊ ဆေးခန်းသွားတာမျိုး၊ စျေးဝယ်ထွက်တာမျိုးတွေက သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေပြီး ညဖက်နှစ်ခြိုက်စွာ အိပ်ပျော်စေတာကြောင့် အိပ်မက်ဆိုးမက်တာကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18