Print

သင့်ယောနိကို ကျန်းမာပြီး သက်သောင့်သက်သာရှိစေမယ့် အချက် ၅ ချက်

  30-Oct-2016
Preview Image

 

၁။ ချည်သားအတွင်းခံမှမဟုတ်ရင် လုံးဝမဝတ်ဘဲနေပါတာကိုကောင်းပါတယ်။ ချည်သား ဟာစိုစွတ်မှုကို ဓါတုဗေပစ္စည်းတွေထက် ပိုစုပ်ယူနိုင်တာမို့ လေဝင်လေထွက် ကောင်းမွန်စေပါတယ်။

 

၂။ ကြွက်သားတွေကို အလုပ်လုပ်ပေးပါ။ တင်ပါးဆုံကြွက်သားများကိုညှစ်ခြင်း၊ ဆန့်ခြင်းလေ့ကျင့်ခန်းက သင့်ဆီးအိမ်ထိန်းချုပ်မှုကို ကောင်းစေရုံသာမကဘဲ သင့်ရဲ့လိင်မှုဆိုင်ရာဆန္ဒပြီးမြောက်ခြင်းကိုပါ အကျိုးပြုပါတယ်။ တင်ပါးဆုံကြွက်သားတွေက သင့်ဆီးသွားမှုကို ထိန်းချုပ်နိုင်တဲ့ ကြွက်သားတွေနဲ့တူတူပါပဲ။ ဒီကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ဖို့က သင့်တင်ပါးဆုံကြွက်သားများကို ငါးစက္ကန့်လောက်ခပ် တင်းတင်း ရှုံ့ညှစ်ထားကာ ငါးစက္ကန့်လောက်ဖြေလျော့ထားလိုက်ပါ။ ဒီလိုပုံစံနဲ့ တစ်နေ့ကို ငါးခါလောက်ပြုလုပ်ပေးသင့်ပါတယ်။

 

၃။ ချောဆီသုံးကြည့်ပါ။ တခါတရံလိင်ဆက်ဆံနေစဉ် သင့်ကိုယ်ခန္ဓာက စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်တတ်ပါတယ်။ အပိုချောဆီကို သုံးခြင်းက လိင်ဆက်ဆံနေစဉ်မှာခြောက်သွေ့မှုကို ဖြေရှင်းပေးနိုင်ပြီး ပွန်းပဲ့နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။

 

၄။ ကိုယ်တိုက်ဆပ်ပြာတွေသုံးပြီး ဆေးတာကို ဂရုစိုက်ပေးပါ။ တခြားခန္မာကိုယ် အစိတ်အပိုင်းတွေကို ဆပ်ပြာတိုက်ဖို့ လိုအပ်သော်ငြား လိင်အင်္ဂါဇာတ်အနီးတစ်ဝိုက်ကို ကိုယ်တိုင်ဆပ်ပြာနဲ့ မတိုက်ပါနဲ့။ ကိုယ်တိုက်ဆပ်ပြာတွေဟာ သင့်ယောနိကို ပိုုိခြောက်သွေ့စေပြီး ယားယံမှု တွေဖြစ်စေပါတယ်။ ရေနွေးနွေးလေးနဲ့ဆေးတာက သန့်ရှင်းရေးအတွက် လုံလောက်ပါတယ်။

 

၅။ ယောနိအတွင်းပိုင်းထိ ဆပ်ပြာနဲ့မဆေးမိပါစေနဲ့။ ယောနိတည်ဆောက်ပုံဟာ အတော် အံ့သြဖွယ်ကောင်းပါတယ်။ သူဟာ သူ့ဟာသူ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။မိန်းမကိုယ် သန့်စင်ဆေးရေအချို့ဟာဆိုရင် ဆီးလမ်းကြောင်းပိုးဝင်မှုနဲ့ဆီးလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ခံရ နိုင်မှုတွေအပြင် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ တချို့သောကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေမြင့်စေကြောင်း လေ့လာမှုများက ပြသလျက်ရှိပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18