Print

ကိုယ်ဝန်ဆောင် ကြွက်တက်ခြင်းနှင့် ကာကွယ်နိုင်သော နည်းလမ်းကောင်းများ

  30-Oct-2016
Preview Image

 

ကြွက်မတက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတော့ ခြေသလုံးနဲ့ခြေမျက်စိ လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မတ်တပ်ရပ်လျှင်လည်း လုပ်နိုင်တယ်။ ခြေဆင်းထိုင်ပြီးတော့လည်း လုပ်နိုင်တယ်။ ခြေချောင်းကလေးတွေနဲ့ ခြေသလုံးကြွက်သား တွေမှာ သွေးလှည့်ပတ်မှုကိုကောင်းပြီး အဆစ်တွေကို ပိုမိုပျော့ပျောင်းစေတယ်။ ကြွက်မတက်အောင်လည်း ကာကွယ်န်ိုုင်တယ်။ ခြေဖျားကလေးတွေကို ကွေးလိုက်ဆန့်လိုက် (ကော့တင်လိုက်၊ ဆန့်ထုတ်လိုက်) အပေါ်အောက် လှုပ်ရှားပေးရမယ်။ ပြီးတော့ ခြေဖဝါးကို ခြေချင်းဝတ်ကနေပြီး ဘယ်ဘတ်လှည့်လိုက်၊ ညာဘက်လှည့်လိုက် ပတ်လည်ဘယ်ညာလှည့်ပေးရမယ်။ ထိုင်တဲ့အခါမှာ ခြေထောက်ကိုနည်းနည်းလေး မြှောက်ပြီး ထိုင်သင့်တယ်။ နေ့စဉ်မှန်မှန် လမ်းလျှောက်ခြင်းဟာလည်း အင်မတန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ် ပါတယ်။ ကြွက်မတက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။မှတ်မိလွယ်စေရန် ကဗျာလေးနဲ့ ဖော်ပြပေးလိုက် ပါတယ်...."ကြွက်မတက်အောင်ခြေဖျားကော့ပြီး ဆန့်ထုတ်ကွယ်နှိပ်နယ်ပေးရမယ် …ဖိမထိုင်ရ၊ မချိတ်ရ …လေးလျှောက်ပေးပါဗျ။"

 

Healthcare.com.mm

 

Ref: ဒေါက်တာစိုးလွင် (တွဲဖက်ပါမောက္ခ)

Health for all magazine

December 2013, Pg.26-27



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18