Print

နို့တိုက်မိခင်များ နို့ထွက်နည်းခြင်း ကင်းဝေးစေရန်

  30-Oct-2016
Preview Image

အစားအသောက်ကို ဂရုစိုက်ပါ

နို့တိုက်မိခင်တွေအနေနှင့် အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များစုံလင်အောင်စားပေးဖို့လိုပါတယ်။ သစ်သီး၊ နို့၊ ကွေကာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီး အဆီနည်းသောအမဲသား၊ ကောက်နှံကွေကာ၊ ဥအမျိုးမျိုး၊ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ ဘလူးဘယ်ရီသီး၊ စွပ်ပြုတ်စတဲ့ အချို၊ အချဉ်၊ အငန်စတာတွေကို စုံလင်အောင် စားတာက နို့ထွက်ကောင်းစေပါတယ်။ ကလေးငယ်က နို့ကို ကုန်အောင် မစို့တဲ့အခါ ကျန်ရှိတဲ့ နို့ကို ညစ်ပစ်လိုက်ပါ။

 

စိတ်နှင့်ခန္ဓာကိုယ် လန်းဆန်းကျန်းမာပါစေ

တစ်ခါတစ်ရံမှာ နို့ထွက်နည်းတာက ခက်ခက်ခဲခဲ အကြောင်းအရာမဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးတာ၊ စိတ်ပျက်အားငယ်နေတာနဲ့ အနားမယူရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မိခင်နို့ထွက်နည်းတာကြောင့် ကလေးနို့မဝတာမျိုးဖြစ်တတ်ပါတယ်။ အနည်းငယ်ပြောင်းလဲမှု လေးတွေ ပြုလုပ်ပြီး စိတ်နဲ့ခန္ဓာကိုယ် တက်ကြွလန်းဆန်းအောင် ဆောင်ရွက်ပါ။

 

အလေ့အထအချို့ကို ပြင်ဆင်ပါ

နို့မိခင်တစ်ယောက် နို့ထွက်ကောင်းဖို့က အစားအသောက်အပြင် အခြားသက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ များစွာရှိပါသေးတယ်။ အိပ်စက်တဲ့အလေ့အထ၊ အစစားသောက်မှု အလေ့အထ၊ အနားယူတာနဲ့ ပျော်ရွှင်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

 

အစာမကြာခဏ စားပါ

နို့တိုက်မိခင်တစ်ောက်အနေနဲ့ အစာကို နည်းနညိးနဲ့ မကြာခဏ စားဖို့လိုပါတယ်။ နေ့ဘက်မှာ နှစ်နာရီခြား တစ်ကြိမ်လောက် စားပြီး ညဘက်မှာ လေးနာရီခြားတစ်ကြိမ် စားသင့်ပါတယ်။ ကလေးနို့ဝသွားပါက ကလေးကို မတ်တပ်ရပ်ပြီး ၅-၁၀ မိနစ် မတ်တပ်ရပ်ပေးပြီး လေထုတ်ပေးပါက ကလေးနို့ပိုစို့နိုင်ပါတယ်။

 

ရေလံလောက်စွာ မသောက်သုံးခြင်း

နို့ထွက်ကောင်းစေဖို့ မိခင်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်ဖို့လိုပါတယ်။ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးတွေစားပါ။ ဖျော်ရည်လုပ်သောက်ပါ။ ကလေးငယ်ကို နို့တိုက်ကျွေးရင်တောင် ဘေးနားမှာ ရေပုလင်းထားပြီး ရေသောက်ပေးပါ။ ဒါမှ နို့ထွက်ကောင်းမှာ ဖြစ်ပါတယ်။

 

အရေးကြီးသော အချက်အလက်များကို မှတ်သားပါ

နို့ထွက်နည်းပါက ကိုယ်တိုင်ပထမဆုံး သတိပြုမိတတ်ပါတယ်။ နို့ထွက်နည်းတာကို အခြားသူကိုပြောပြဖို့ ရှက်မနေပါနဲ့။ ပြောပြတိုင်ပင်မှသာ နို့ထွက်နည်းရတဲ့ အကြောင်းကို အဖြေရှားနိုင်မှာပါ။ နို့ထွက်နည်းတာကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာမျိုး မဖြစ်မိပါစေနှင့်။ ဒီလိုပြဿနာ မျိုးကို နို့တိုက်မိခင် အများစုခံစားရလေ့ရှိပါတတ်တာကြောင့်ပါ။

 

ကောင်းစွာအနားယူပါ

အိမ်မှာပဲ ကလေးငယ်ကို ပြုစုစောင့်ရှောက်နေတဲ့ အိမ်ရှင်မ ဒါမှမဟုတ် အိမ်အပြင်ထွက် အလုပ်လုပ်နေတာ ဘယ်လိုပင်ဖြစ်ပါစေ နို့ထွက်ကောင်းစေဖို့နှင့် မိခင်ကျန်းမာသန်စွမ်းစေဖို့ အနားယူဖို့လိုပါတယ်။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ကလေးထိန်းတာ၊ အိမ်မှုကိစ္တွေလုပ်တာ၊ ကလေးဝေယျာဝစ္စလုပ်တာတွေနဲ့ အချိန်တွေကုန်ပြီး အနားမယူနိုင်တာ၊ ခဏတစ်ဖြုတ်မအိပ်စက်နိုင်တာမျိုးတွေ မဖြစ်အောင် သတိထားဖို့လိုပါတယ်။

 

ထိုင်ပုံအနေအထားမှားယွင်းခြင်းခြင်း

သားဦးမိခင်တွေအနေနဲ့ ကလေးငယ်ကို နို့တိုက်ရာမှာ ထိုင်ပုံအနေအထား၊ နို့တိုက်ပုံအနေအထားတွေ မမှန်ကန်တာကြောင့် နို့ထွက်နည်း တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေထံကနေ နို့ထွက်ပိုကောင်းစေတဲ့ အနေအထားမျိုးကို သင်ယူဖို့ မရှက်ပါနဲ့။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18