Print

ရင်သား နာကျင်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းများ

  30-Oct-2016
Preview Image

ရာသီအကြိုဝေဒနာ

လစဉ်ရာသီ စက်ဝန်းကာလ အတွင်း အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်း အလဲတွေ ဖြစ်တတ် ပါတယ်။ ဒီလိုပြောင်းလဲ မှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်း မှာ အမျိုးသမီး အများစုက ရင်သားနာ ကျင်တတ်ကြ ပါတယ်။ ဒါပေမယ့် ရာသီလာ တဲ့ကာလ ပြီးဆုံးသွားပြီ ဆိုတာနဲ့ ရင်သား နာတာက အလိုလို သက်သာသွားတတ်ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာစတဲ့ ဝေဒနာတွေကို ရာသီအ ကြိုဝေဒနာလို့ ခေါ်ပါတယ်။ တချို့အမျိုး သမီးတွေက လစဉ်လတိုင်း ရင်သားနာ တာကို ခံစားနေရပေမယ့် တချို့အမျိုး သမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

 

အပျိုဖော်ဝင်ခြင်း

အပျိုဖော်ဝင်ချိန်အတွင်း ရင်သား တစ်သျှူးတွေက ဖွံ့ဖြိုးနေပြီး ခန္ဓာကိုယ် အတွင်းက ဟော်မုန်းတွေကလည်း အ တက်အကျဖြစ်နှုန်း များနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သား နာကျင်နေတတ်ပြီး ရင်သားတစ်သျှူးတွေ လုံးဝ ဖွံ့ဖြိုးပြီးတဲ့အဆင့်အထိ နာနေတတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ခြင်း

ရင်သားနာတာနဲ့ ရောင်ရမ်းတာ တွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တွေထဲက တစ်ချက်က ကိုယ်ဝန်ဆောင် တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ်နာတာနဲ့အတူ သွေး စဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာ တွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသမီး၂ဝ-၃ဝရာခိုင်နှုန်းခန့်က ကိုယ်ဝန်ဆောင် ရချိန်မှာ ဒီလိုလက္ခဏာတွေ စပြတတ်ပါ တယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာ ကျင်တာက ကိုယ်ဝန်ပထမသုံးလပတ် အတွင်းမှာပဲ သက်သာသွားတတ်ပါတယ်။ ရင်သားတင်းတာနဲ့ တခြားအပြောင်းအလဲတွေ ဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ ချိုတိုက်ကျွေးဖို့ပြင်ဆင်နေတာကြောင့် ဖြစ်တတ်ပါတယ်။

 

ရင်သားအကျိတ်

ရင်သားအကျိတ်က အမျိုးသမီး ၅ဝရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်ဖြစ်ပါ တယ်။ ရင်သားတစ်သျှူးတွေထဲမှာ ဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်း နာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သားအကျိတ်ဖြစ်တာက သက်သာသွားလေ့ ရှိပါတယ်။

 

စိတ်ဖိစီးမှုနှင့် ပူပင်သောက များခြင်း

ရင်သားနာကျင်ရတာရဲ့ နောက်အကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာ နဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။ အမျိုးသမီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေ ခံစားနေရရင် ဟော်မုန်းအပြောင်း အလဲတွေဖြစ်ကာ ရင်သားနာတာ၊ ရင် သားတင်းတာစတဲ့ မသက်မသာဖြစ်မှု တွေ ခံစားရတတ်ပါတယ်။

 

နံရိုးများ ရောင်ရမ်းခြင်း

ဒီအခြေအနေဖြစ်ရင်လည်း ရင် သား တင်းမာတာနဲ့အတူ ရင်သားအနည်းငယ် မသက်မသာဖြစ်တာနဲ့ ပူစပ်ပူ လောင်ဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ဒါက ကိုယ်နေဟန်ထား မမှန်တာကြောင့် ဖြစ်တတ်သလို သဘာဝရဲ့ အိုမင်းတဲ့ဖြစ် စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ နံရိုး ရောင်ရမ်းနာကျင်တဲ့ ဝေဒနာက ရင်သား နေရာကနေ စတင်ဖြစ်ပေါ်လာတတ်ပြီး ရင်ရိုးနဲ့ ကျောရိုးတွေအထိ ပျံ့နှံ့ခံစားရ တတ်ပါတယ်။

 

သွေးဆုံး အကြိုကာလ

သွေးဆုံးချိန်ကို ချဉ်းနင်းဝင်ရောက် လာတဲ့အခါ ချွေးစေးတွေ ထွက်တာ၊ စိတ် လှုပ်ရှားတာ၊ ညဘက်ချွေးထွက်များတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကိုယ်အ လေးချိန် မြင့်တက်တာ၊ ဆံပင်ကျဲပါးတာ စတဲ့ လက္ခဏာတွေနဲ့ အတူ ရင်သား တောင့်တင်းနာကျင်မှု ဖြစ်တတ်ပါတယ်။

 

သန္ဓေတားဆေး သောက်ဆေး

သန္ဓေတားဆေး သောက်တဲ့အခါ အီစထရိုဂျင်ဟော်မုန်းအဆင့် မြင့်တက် တာကြောင့် ရင်သားတောင့်တင်းတာနဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါ တယ်။ အမျိုးသမီးတိုင်း မဖြစ်တတ်ပေ မယ့် တချို့အမျိုးသမီးတွေမှာ ခံစားရ တတ်ပါတယ်။

 

ကဖင်းဓာတ်

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက် ဖက်ရည် ချောကလက် စတာတွေကိုမှီဝဲ တာကြောင့် တချို့အမျိုးသမီးတွေမှာ က ဖင်းဓာတ် လွန်ကဲပြီး ရင်သားတောင့်တင်း မှု ဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေပြီး ရင်သား တစ်သျှူးနဲ့ တည်ဆောက်ပုံကို ဆွဲဆန့်စေ ကာ ရင်သားနာကျင်တာ၊ တောင့်တင်း တာနဲ့ ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။

 

အချို့ဆေးဝါးများ

အကိုက်အခဲပျောက်ဆေး၊ ရောင် ရမ်းမှု လျော့ကျစေတဲ့ဆေး၊ စိတ်ကျကုသ ဆေးနဲ့ ကိုလက်စထရောကျစေတဲ့ ဆေး တွေလို တချို့ဆေးတွေက ရင်သားတင်း မာတာ၊ နာကျင်တာနဲ့ တောင့်တင်းတာ တွေကို ဖြစ်စေနိုင်ပါတယ်။

 

မသင်တော်သော ဘရာစီယာ

အမျိုးသမီးတစ်ယောက်က ကိုယ်နဲ့ မသင့်တော်တဲ့ ဘရာစီယာကို ဝတ်ဆင် ထားရင် ရင်သား တောင့်တင်းတာ၊ နာကျင်တာနဲ့ ကိုက်ခဲတာတို့ကို ခံစားရတတ် ပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18