Print

ကိုယ်ဝန်ဆောင်ချိန်မှာ အိမ်မွေးတိရစ္ဆာန် မွေးသင့်သလား

  30-Oct-2016
Preview Image

 

အိမ်မွေးတိရစ္ဆာန် မွေးတယ်ဆိုတာ ယနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာခေတ်စားနေပြီး အိမ်လုံခြံုမှုပေးတဲ့အပြင် အထီးကျန်ဆန်မှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့အတွက်ကြောင့် အိမ်တိုင်းနီးပါး မွေးလာကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူတဲ့အခါမှာလည်း စနစ်တကျမွေးမြူပါက အိမ်သူအိမ်သားများအတွက် ကျန်းမာရေးလုံခြံုစိတ်ချမှု ရရှိစေမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ ခွေး၊ ကြောင်အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူခြင်းက ကို်ယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတွေအတွက် တစ်စုံတစ်ရာထိခိုက်မှု ရှိ မရှိ လေ့လာကြရအောင် ကိုယ်ဝန်ဆောင်မိခင်အတွက် သတိထားရမှာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်တွေရဲ့ အညစ်အကြေး (မစင်) တွေကို ထိတွေ့ကိုင်တွယ်ခြင်းကိုရှောင်ပါ။ တိရစ္ဆာန်အညစ်အကြေးက ဖြစ်စေတဲ့ Toxoplasmosis ခေါ်တဲ့ရောဂါကြောင့် သင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီးအချင်းကိုဖြတ်ကာ သန္ဓေသားလေးဆီရောက်ရှိ၍ အန္တရာယ်ပေးနိုင်ပါတယ်။ဒီလိုပဲ သင့်အနေနဲ့ ခြံထဲမှာ ရေလောင်းပေါင်းသင်လိုက်တာမျိုးနဲ့ အသားစိမ်းငါးစိမ်းတွေကို ကိုင်တွယ်ရာမှာလည်း Toxoplasmosis ရောဂါ ကူစက်ခြင်းမခံရအောင် လက်အိတ်ဝတ်ပြီးမှ ကိုင်တွယ်ပါ။

 

ကြောင်ကလေး များနဲ့ သင့်ကျန်းမာရေး

ကလေးမမွေးဖွားမီမှာ အကောင်းဆုံး အကြံဉာဏ်ကတော့ သင်မွေးထားတဲ့ ပူစီလေးကို သင်နဲ့သင့်ကလေးနေမယ့် အခန်းထဲကို အဝင်မခံဘဲ ဝေးဝေးထားသင့်ပါတယ်။ ပူစီလေးတွေရဲ့ အမွှေးလေးတွေက အသက်ရှူလမ်းကြောင်းထဲ ဝင်တဲ့အခါ ဓာတ်မတည့် ခြင်ကြောင့်ဖြစ်တဲ့ ရင်ကျပ်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေနိုင်တာကြောင့်ပါပဲ။ ဒါ့အပြင် ကြောင်ရဲ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ ကပ်ပါးကောင်၊ ကြောင်သန်းတွေကြောင့် အရေပြားယားယံပြဿနာတွေကိုခံစားရစေနိုင်တယ်လေ။ မွေးဖွားလာမယ့် သင့်ကလေငယ်ရဲ့ နုနယ်တဲ့အရေပြား ကကြောင်သန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

 

တိရစ္ဆာန်သန်းတွေနှင့် သယ်ဆောင်လာတတ်သော ဗိုင်းရပ်စ်ပိုးများ

ဟမ်စတား၊ ဝက်ပေါက်ငယ်များနဲ့ အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေမှာတွေ့ရများတဲ့ LCMV ဗိုင်းရပ်စ်ပိုးက ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်မျိုးကို ဖြစ်စေပြီး ကိုယ်ဝန်ပျက်ကျတာတဲ့ ကလေးမွေးဖွားရာမှာ ဆိုးရွားတဲ့ ချို့ယွင်းမှုတွေကို ဖြစ်စေပါတယ်။ ဒီပိုးကတိရစ္ဆာနလေးတွေရဲ့ တံတွေး၊ သွေး၊ ဆီးနှင့် ကိုယ်တွင်းကထွက်တဲ့အရည်တွေမှာ ပါလာတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အခန်းသန့်ရှင်းတာ၊ တိရစ္ဆာန်မွေးမြူးထားတဲ့ လှောင်အိမ်လေးတွေကို သန့်ရှင်းရေးလုပ်တာမျိုးကို ရှောင်ပါ။

 

ကိုက်ရာခြစ်ရာများ

တိရစ္ဆာန်လေးတွေရဲ့ လက်သည်း၊ ခြေသည်းလေးတွေက သင့်အသားအရေကို ကုတ်ခြစ်မိတဲ့အခါ၊ သွားပေါက်စ အကောင်ငယ်လေးတွေက သင့်ကို ငုံခဲကိုက်တဲ့အခါမှာရောဂါပိုးတွေ ကူးစက်နိုင်တာကို သင်သိပါသလား။ ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္တာန်လေးတွေရဲ့ ကိုက်ရာ၊ ကုတ်ခြစ်ရာများမှတဆင့် မေးခိုင်ပိုး၊ Rabies ပိုးတွေ ကူးစက်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေက်ို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သင်နဲ့သင့်ကလေးရဲ့ ကျန်းမာရေးကို တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိရလေအောင် အိမ်မွေးတိရစ္ဆာန်တွေကို သင်နှင့်ဝေးဝေးခဏဖယ်ထားပြီး ကိုယ်ဝန်ဆောင်ကာလ ကျန်းမာပျော်ရွှင်ဖို့အတွက် အထက်ဖော်ပြပါ ရှောင်ရန်၊ ဆောင်ရန်အချက်များကို လိုက်နာကျင့်သုံးနိုင်ဖို့ ရေးသားတင်ပြလိုက်ရပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18