Print

တင်ပဆုံတွင်း အင်္ဂ ါများ ရောင်ရမ်းခြင်းရောဂါ (PID)

  30-Oct-2016
Preview Image

 

တင်ပဆုံတွင်းအင်္ဂ ါများ ရောင်ရမ်းခြင်းရောဂါ (Pelvic Inflammation Diseases) ဆိုတာ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂ ါတွေ ဖြစ်တဲ့ သားအိမ်၊ သားဥပြွန်များ၊ သားဥအိမ် စတဲ့ တင်ပဆုံတွင်းက အင်္ဂ ါအစိတ်အပိုင်းတွေကို ရောင်ရမ်းစေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်...

 

ပါဝင်နိုင်သော အင်္ဂ ါ အစိတ်အပိုင်းများ

- သားအိမ်ခေါင်း ရောင်ရမ်းခြင်း

- သားဥပြွန် ရောင်ရမ်းခြင်း

- သားအိမ်နံရံ ရောင်ရမ်းခြင်း

- ဝမ်းဗိုက်တွင်း ရောင်ရမ်းခြင်း အထိ ဖြစ်နိုင်ပါတယ်။

 

အဖြစ်များသူများ

- ဆယ်ကျော်သက်အမျိုးသမီးငယ်များနှင့် အသက်၂၅နှစ်အောက် အမျိုးသမီးများ

- လိင်ဆက်ဆံဖော် များသူများ

- မိမိ၏ အဖော်တွင် လိင်ဆက်ဆံသူတစ်ဦးမက ရှိနေသောသူများ

- လတ်တလောတွင် သားအိမ်ထဲ ပစ္စည်းထည့်ထားသူများ

- မိန်းမကိုယ်တွင်းသို့ပစ္စည်းများ ထိုးထည့်တတ်သူများ

- ယခင်က လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ဖူးခြင်း၊ တင်ပဆုံတွင်း အင်္ဂ ါများ ရောင်ရမ်းခြင်းရောဂါများ ဖြစ်ဖူးသူများ

 

ဖြစ်စေသော အကြောင်းအရင်းများ

- အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်ခြင်း

- ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်မှတစ်ဆင့် ကူးစက်ခြင်း

- အချို့သောသူများတွင် သားအိမ်ထဲ ပစ္စည်းထည့်ခြင်း၊ မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းတို့တွင် မျိုးပွားအင်္ဂ ါများမှ တစ်ဆင့် ရောဂါပိုးဝင်ခြင်း

 

ရောဂါလက္ခဏာများ

- ဗိုက်အောက်ပိုင်းနှင့် တင်ပဆုံနားတဝိုက် နာခြင်း

- ခါးနာခြင်း

- မိန်းမကိုယ်မှ ပုံမမှန် သွေးဆင်းခြင်း

- ပုံမှန်မဟုတ်သော၊ များသော၊ အနံ့ဆိုးသော အကျိအချွဲနှင့် အရည်များ ဆင်းခြင်း

- ဆီးသွားလျှင် နာကျင်ခြင်း၊ ခက်ခဲခြင်း

- လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း

- ဖျားခြင်း၊ ပျို့အန်ခြင်း

 

အမျိုးသမီးအချို့ဟာ ဖော်ပြပါရောဂါလက္ခဏာတွေ လုံးဝမပြသတာ၊ ပြင်းထန်ခြင်းမရှိတာတွေကြောင့် မိမိကိုယ်ကို ရောဂါရှိမှန်းမသိဘဲ နောက်ပိုင်း ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲ ဖြစ်မှ ၊ ခါးအရမ်းနာလာမှ ဒီရောဂါရှိမှန်း သိတတ်ကြပါတယ်။လက္ခဏာပြတဲ့အမျိုုးသမီးတွေမှာတော့ ရာသီလာပြီးရက်နှင့် ထိုရက်နောက်ပိုင်းနေ့များမှာ ပိုပြီးခံစားရတတ်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသင့်လဲ

- ပြင်းထန်သော ဗိုက်အောက်ပိုင်းနာခြင်း မသက်သာလျှင်

- ပုံမှန်မဟုတ်သော သွေးဆင်းလျှင်

- ပုံမှန်မဟုတ်သော၊ အနံ့ဆိုးသော မိန်းမကိုယ်မှ အရည်ထွက်လျှင််

- ထို့အပြင် ဖျားခြင်း၊ ပျို့အန်ခြင်းများ ဖြစ်လာလျှင်အထူးသဖြင့် အဖျားကြီးခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်းတွေ တွေ့ရရင်

သွေးဆိပ်တက်ခြင်း (Septicaemia) အရေးပေါ်အခြေအနေ ဖြစ်နိုင်တာကြောင့် ဒီလိုအခြေအနေမျိုးမှာ နီးစပ်ရာ ဆေးရုံရဲ့ အရေးပေါ်ဌာနကို အမြန်သွားဖို့ လိုအပ်ပါတယ်။

 

နောက်ဆက်တွဲ ဆိုးကျိုးများ

ပုံမှန်သားဥသွားရာလမ်းကြောင်း(သားဥပြွန်)မှာ ရောင်ရမ်းခြင်းဖြစ်ပြီး ကုသမှု မခံယူရင် ပြည်တည်ခြင်း၊ ပျက်စီးခြင်း စတာတွေ ဖြစ်ပြီး သားဥပြွန်ပိတ်သွားတတ်တာကြောင့်

- မျိုးမအောင်နိုင််ခြင်း၊ ကလေးမရနိုင်ခြင်း

- မျိုးအောင်သော်လည်း မျိုးအောင်ပြီး သားဥသည် သားအိမ်ပြင်ပတွင် နေရာမှား သန္ဓေတည်ခြင်း

- နာတာရှည် ခါးနာခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

စမ်းသပ်စစ်ဆေးမှုများ

- မိန်းမကိုယ်အင်္ဂ ါများကို စမ်းသပ်ခြင်း

- ဂွမ်းစဖြင့် အကျိအချွဲယူ၍ ရောဂါရှိ၊ မရှိ စစ်ဆေးခြင်း

- လိုအပ်လျှင် အယ်လ်ထရာဆောင်းရိုက်ခြင်း

- အသားစယူ စစ်ဆေးခြင်း

 

ရောဂါကုသမှု

- ပိုးသတ်ဆေးဖြင့် ကုသခြင်း

- လူနာနှင့်တကွ လူနာ၏ ဆက်ဆံဖော်ကိုပါ ရောဂါရှိ၊ မရှိ စစ်ဆေးရန်နှင့် ရှိခဲ့လျှင် ကုသမှုု ခံယူရန် အကြံပေးတိုက်တွန်းခြင်း

- ရောဂါပျောက်ပြီးသည်အထိ လိင်ဆက်ဆံမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းပိုမိုပြင်းထန်သည့် လူနာများတွင် ဆေးသွင်းခြင်း၊ ခွဲစိတ်ခြင်း ပြုလုပ်ရသည်အထိဖြစ်နိုင်ပါတယ်။

 

ကာကွယ်ရန်နည်းလမ်းများ

- လိင်ဆက်ဆံလျှင် ကွန်ဒုံး အသုံးပြုခြင်း

- မိမိ၏ ဆက်ဆံဖက်အပေါ်တွင် သစ္စာရှိခြင်း

- လိင်မှတစ်ဆင့်ကူးစက်သောရောဂါရှိနေသည်ဟု သံသယရှိလျှင် စောလျင်စွာ စစ်ဆေးပြီး ကုသမှုခံယူခြင်း

- မိန်းမကိုယ်တွင်းသို့ ပစ္စည်းများ ထိုးသွင်းခြင်း၊ ထိုးထည့်ခြင်းကို ရှောင်ကြဉ်ခြင်း

- ဆီးသွားပြီး၊ ဝမ်းသွားပြီးနောက် သန့်ရှင်းရေးပြုလုပ်လျှင် အရှေ့မှ အနောက်သို့ ဆွွဲပြီးသာ ပြုလုပ်ပေးရန်။ (စအိုဘက်မှ မိန်းမကိုယ်သို့ သန့်ရှင်းရေး မလုပ်ပါ)

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18