Print

အရွယ်နှောင်းမှ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အန္တရာယ်တွေ

  30-Oct-2016
Preview Image

 

ယနေ့ခေတ်မှာ အမျိုးသမီး အများစုဟာ မပူမပင်မကြောင့်မကျ နေရတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အလုပ်ကြိုးစားလုပ်လေ့ ရှိကြတယ်။ သက်မွေးဝမ်းကျောင်းအလုပ်နဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို နိုင်နင်းအောင် ကြိုး စားနေရလို့ ကိုယ်ဝန်ဆောင်ဖို့ စောင့်ရတာကို ပိုနှစ်သက်တဲ့ အမျိုးသမီး အရေအတွက် ပိုများလာတယ်။ ဒါပေမယ့် ယခုလို လျစ်လျူ ရှုခြင်းအတွက် ၎င်းတို့ရင်ဆိုင်ရနိုင်တဲ့ ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးမှုတွေကို အမျိုးသမီးတွေ သတိမပြုမိကြပါ။ အမျိုးသမီးတွေဟာ အသက် ၂ဝ ကျော်အရွယ်မှာ မျိုးပွားနိုင်မှု အဆင့် အမြင့်ဆုံး အခြေအနေမှာရှိပြီး၊ အသက် ၃၈ နှစ် ကျော် လွန်သွားပါက ၎င်းင်းတို့ရဲ့ မျိုးပွားနိုင်မှုမှာ သိသိ သာသာ ကျဆင်းသွားတတ်တယ်။ စွမ်းအင်ထုတ်ပေးတဲ့ ဆဲလ် တွေကထုတ်လုပ်တဲ့ စွမ်းအင်တွေ လျော့ကျလာတာကြောင့် မမျိုးဥ အရည်အသွေး လျော့ကျသွားတယ်။ အဲဒီအတွက်ကြောင့် ငယ်ရွယ်နုပျို စဉ်မှာ ကျန်းမာသန်စွမ်းတဲ့ မျိုးဥတွေ မှာ အသက် အရွယ်ကြီးရင့်လာတာနဲ့ မျိုးအောင်နိုင်မှုနဲ့ ကြီးထွားမှုကို အထောက်အကူမပြုနိုင်တော့ပါ။

 

အမျိုးသမီးတစ်ဦး အသက် အရွယ်ကြီးရင့်လာတာနဲ့ မျိုးဥထုတ် လုပ်မှု လျော့ကျသွားပြီး မျိုးအောင်ပြီး သား သားဥမှာ သားဥအိမ်ထဲဝင် ရောက်မှု နည်းပါးသွားတတ်တယ်။ ဒါ့အပြင် သားအိမ်ထဲ အကျိတ်ဖြစ် ပေါ်နိုင်တဲ့ အန္တရာယ် ပိုများလာတယ်။ အသက် ၄ဝ အရွယ်မှာ အိန္ဒိယနိုင်ငံရှိ အမျိုးသမီးအများစုမှာ သွေးဆုံးကိုင် လေ့ရှိကြတယ်။ အဲဒီကိစ္စမှာ အမျိုး သမီး များစွာအတွက် အရေးပါတဲ့ ကိစ္စရပ်ဖြစ်ပြီး သွေးဆုံးချိန်မှာ မျိုးဥ ထုတ်လုပ်မှု ရုတ်တရက် ရပ်ဆိုင်းသွား တယ်။ အမျိုးသမီး အများစုမှာ အသက် ၃၅ နှစ်အရွယ်မှာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ဖြစ်လေ့ရှိကြ တယ်။ ကိုယ်ဝန်ဆောင်မှုကို အဟန့် အတားဖြစ်စေနိုင်တဲ့ အခြားသော ဟော်မုန်းဆိုင်ရာ ရှုပ်ထွေးမှုတွေ လည်း ရှိနိုင်တယ်။ မွေးလာတဲ့ကလေး ငယ်မှာ ဖွံ့ဖြိုးမှုနဲ့ အသိဉာဏ်ဆိုင်ရာ နှေးကွေးမှုရောဂါ ( Down’s Syndrome )လို ခရိုမိုဆုမ်းမူမမှန်ဖြစ်နိုင် တဲ့ အန္တရာယ်တွေ ပိုများလာတယ်။ ကလေးအသေမွေးနိုင်ခြေ ပိုများလာ တယ်။ မိခင်သေဆုံးနိုင်ခြေ ပိုလာပြီး ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ် မြင့်မားလာတယ် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရေးဆွဲသင့်တယ်။ သင်ရဲ့ သံသယ အမြောက်အမြားကို ဖယ်ရှားပေးဖို့ အထောက်အကူပြုမယ့် ကိုယ်ဝန် မဆောင်မီ တိုင်ပင်ဆွေးနွေး ပွဲတွေသို့ တက်ရောက်သင့်တယ်။ အထွေထွေ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ် ပါ။ ရှုပ်ထွေးမှုတွေကို ကာကွယ်ဖို့ အသက် ၃ဝ မတိုင်မီ ကိုယ်ဝန်ဆောင် ဖို့ စီစဉ်ပါ။ အမျိုးသမီးတွေ အသက် ၂ဝ နဲ့ ၃၅ နှစ်ကြား ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ် ၁၅ ရာခိုင်နှုန်း ရှိပြီး၊ ၃၅ နှစ်နဲ့ အသက် ၄ဝ ကြား အန္တရာယ်မှာ ၁၈ ရာခိုင်နှုန်းအထိ ရှိတယ်။ အသက် ၄ဝ နဲ့အထက် အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာပါက ပျက်ကျနိုင်တဲ့ အန္တရာယ်မှာ ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရတယ်။

 

Healthcare.com.mm

 

ညွန့်လွင်(စက်မှုတက္ကသိုလ်)

Ref; TOI



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18