ကိုယ်ဝန်ဆောင်မိခင်တွင် အခြေခံ အသက်ကယ် ပြုစုနည်းများ
24-Feb-2017
(၁) ကျွမ်းကျင် အကူကို စောစီးစွာ တောင်းပါ (သားဖွားမီးယပ် ပါရဂူနှင့် မွေးကင်းစ ကလေးအထူးကု ဆရာဝန်ကြီးများ)
(၂) ပုံမှန် အခြေခံ အသက်ကယ် ပြုစုနည်းအတိုင်း ပြုလုပ်ပါ။ ကောင်းမွန်၍ ထိရောက်သော ရင်ခေါင်းဖိခြင်းကို ဆောင်ရွက်ပါ။
(၃) ဘယ်ဘက်သို့ အနည်းငယ် စောင်းထားပါ။ (၁၅ ဒီဂရီမှ ၃၀ ဒီဂရီ)။ Cardiff Resuscitation Wedge သို့မဟုတ် ခေါင်းအုံး၊ စောင် တို့ဖြင့် ခုထားပါ။ အကြောင်းမှာ ရင်ခေါင်းဖိခြင်း လွယ်ကူစေရန်နှင့် လိုအပ်ပါက ကလေးအား ဗိုက်ခွဲမွေးရာ၌ (Caesarean Section) လွယ်ကူစေရန် ဖြစ်ပါသည်။
(၄) အရေးပေါ် ဗိုက်ခွဲမွေးရန် (Emergency Caesarean) အဆင်သင့် ပြင်ထားရန် လိုအပ်ပါသည်။ အကြောင်းမှာ ကနဦး အသက်ကယ်ခြင်း မအောင်မြင်ခဲ့သော် ကလေးအား အရေးပေါ် ခွဲမွေးရမည် ဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင်လတ်
နှလုံးအထူးကုဆရာဝန်ကြီး
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

