မိန်းမကိုယ်ရောင်ရမ်းခြင်း လက္ခဏာများ
28-Feb-2017
မျိုးပွားနိုင်တဲ့ အသက်အရွယ်တွေဖြစ်တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက Vaginal discharge တွေ ဆင်းလေ့ရှိပါတယ်။ ပမာဏ၊ အရောင်ပါဝင်မှုနဲ့ အနံ့တွေ ပြောင်းလဲသွားတဲ့ အခါမှာတော့ ဒါဟာရောဂါတစ်ခု ဖြစ်နိုင်ပါပြီ။ ဒီလိုပြောင်းလဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု များခြင်း စတာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဘက် သမ်းနေတဲ့ အနံ့ဆိုးတွေလည်း ရှိမယ်။ ပမာဏလည်း နည်းလိုက်များလိုက်ဖြစ်မယ်ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့ -
- ယားယံခြင်း
- အနီကွက်များ ထွက်ခြင်း
- တင်ပါးဆုံရိုး အတွင်းပိုင်း နာခြင်း
- အနံ့ဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတက်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီ မဟုတ်သော မူမမှန် သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ်။
Credit:
သက်တန့်ချို
Health for all magazine, November 2015, Pg. 87
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
