ရင်သားကင်ဆာအကြောင်း သိကောင်းစရာ
10-May-2017
ရင်သားကင်ဆာသည် မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်တွင်ပါ အဖြစ်များသောမကူးစက်သည့်ရောဂါ တစ်မျိုးဖြစ်သည်။ သို့သော် ယခုခေတ်တွင် ရင်သားကင်ဆာကိုစောစောသိရှိပြီး အချိန်မှီထိရောက်စွာ ကုသမှုခံယူပါက အသက်ရှည်ကြာစွာနေထိုင်နိုင် မှုမှာ ပို၍မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့အတွက်ရင်သားကင်ဆာ၏ လက္ခဏာများ၊ဖြစ်နိုင်ချေ များသူများအကြောင်းကို သိရှိဖို့လိုအပ်ပါတယ်။လက္ခဏာများအနေနဲ့
- ရင်သားတွင် အလုံးစမ်းမိခြင်း
- အလုံးမှာလပိုင်းအတွင်း ကြီးလာခြင်း
- ရင်သားပတ်လည်ရှိ အရပြား ပုံမှန်မဟုတ်ပဲ ထူလာခြင်းနှင့် တချို့သောနေရာများ ချိုင့်ဝင်နေုခြင်း
- ရင်သားပေါ်ရှိ အရေပြားပတ်လည်တွင် လိမ္မော်သီးခွံကဲ့သို့ အပေါက်များဖြစ်နေခြင်း
- နို့သီးခေါင်းအက်ကွဲခြင်း၊ အထဲသို့ချိုင့်ဝင်သွားခြင်း၊
- နို့သီးခေါင်းမှသွေးရည်ကြည်ထွက်ခြင်း
- ချိုင်းကြားတွင် အလုံးအကျိတ်များ စမ်းမိခြင်း
ရင်သားကင်ဆာသည် အသက် ၄၀ ကျော်အမျိုးသမီးများ၊မျိုးရိုးရှိသောသူများ၊
မိမိ၏ဆဲလ်ထဲတွင် BRCA1 and BRCA2 gene ပါလာသူများ၊ အဝလွန်သူများ၊ ဓာတ်ရောင်ခြည်နှင့် ထိတွေ့ဖူးသူများ၊ ရာသီစော၍ပေါ်သူများ၊ ရာသီသွေးဆုံးခြင်းနောက် ကျသူူများ၊ အသက်၃၀ ကျော်မှကလေးရသူများ၊ ကလေးမမွေးဖူးသော အမျိုးသမီးများ ၊နို့မတိုက်သောအမျိုးသမီးများ ၊ဟော်မုန်းဆေးမှီဝဲနေသောသူများ၊ အရက်သောက်သုံး သူများတွင် ပို၍အဖြစ်များသည် ဟုဆေးပညာလေ့လာချက်များ တွင်ဖော်ပြထားပါသည်။ ထို့ကြောင့်အမျိုးသမီးများမိမိ၏ ရင်သားတွင်အလုံးရှိမရှိကို ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ လိုအပ်ပါသည် အကယ်၍ စမ်းမိရင်သော်လည်ကောင်း အထက်ဖော်ပြပါလက္ခဏာများဖြစ်ပေါ်လျှင်သော်လည်းကောင်း ဆရာဝန်နှင့် အမြန်ဆုံးကုသမှုခံယူသင့်ပါသည်။
Writer : Dr Toe
Credit : Mayo clinics
မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
