ကိုယ်ဝန် ရှိစဉ်ပြုလုပ်သင့်သော စမ်းသပ်စစ်ဆေးမှုများ
23-Aug-2017ကိုယ်ဝန်ရှိပြီဆိုလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးဖွားလာမည့် သားသမီး၏ ကျန်းမာရေးနှင့် ပတ်သက်သော သတင်း အချက်အလက်များ သိရှိနိုင်ရန်အတွက်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ကိုယ်ဝန် ရှိစဉ် စမ်းသပ်မှုများရဲ့ ရလဒ်ပေါ်မူတည်ပြီးဘယ်လိုလိုက်နာ ဆောင်ရွက်ကြမလဲ ဟူသော အချက်မှာ အလွန်အရေးကြီးသည်။ ထို့ကြောင့်အဖြေရပြီဆိုလျှင် သင်အပ်ထားသော သားဖွားဆရာဝန် ၊သားဖွားဆရာမ၊ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးသူနှင့် တိုင်ပင်ကာ ဆုံးဖြတ်သင့်ပါသည်
စမ်းသပ်မှုများ
ကိုယ်ဝန် ရှိပြီလို့ သိသိချင်း ကိုယ်ဝန်အပ်သင့်ပါသည်။အနည်းဆုံးမမွေးမီ ၄ ကြိမ်တော့ ဆေးခန်းပြသင့့်ပါသည် ။ကိုယ်ဝန်ဆောင်၏ ကျန်းမာရေးအခြေအနေနှင့် စစ်ဆေးမှု ရလဒ်များပေါ် မူတည်ပြီး အကြိမ်ရေ များများ ပြရန် လိုအပ်တတ်ပါသည်။ ကိုယ်ဝန်ပထမ ၃ လပတ် ၊ ဒုတိယ ၃ လပတ် ၊ တတိယ ၃ လပတ် အသီးသီးမှာစစ်ဆေးမှုများ ပြုလုပ်သင့်လုပ်ပါသည် ။ကိုယ်ဝန်ဆောင် အမျိုးသမီး၏ သွေးနှင့် ဆီးကို ယူပီး အောက်ပါရောဂါအခြေအနေများ ခံစားနေရခြင်း ရှိ ၊မရှိ စစ်ဆေးရမှာ ဖြစ်ပါသည်။
- HIV ပိုးနှင့် အခြား လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်တတ်သော ရောဂါများ ရှိ၊မရှိ စစ်ဆေးခြင်း
- သွေးအားနည်း ရောဂါ ရှိ မရှိ စစ်ဆေးခြင်း
- ဆီးချိုသွေးချို ရောဂါရှိ မရှိ စစ်ဆေးခြင်း
- အသည်းရောင် အသားဝါ B ပိုး Cပိုး ရှိမရှိ စစ်ဆေးခြင်း
- ကိုယ်ဝန်ဆိပ်တက်ခြင်း ရောဂါရှိ မရှိစစ်ဆေးခြင်း
ထို့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီး၏သွေး အမျိုးအစားနှင့် Rh factor ကိုစစ်ဆေးသိရှိနိုင်ပါသည်။
နောက်ထပ်ပြုလုပ်သင်တဲ့ စမ်းသပ်စစ်ဆေးမှုမှာ ကိုယ်ဝန်အား အာလ်ထရာဆောင်း Ultrasound ရိုက်ခြငး် ဖြစ်ပါသည် ။Ultarsound ရိုက်ခြင်း ဖြင့် ကလေး အနေအထား ၊အမေ၏ သားအိမ်နှင့်အချင်းအနေအထား ကြည့်နိုင်သည်။မီးဖွားမည့် ရက်ကို အကြမ်းဖျင်းတွက်ချက်နိုင်သည်။ပုံမှန်ကိုယ်ဝန်ဆိုလျှင် အနဲဆုံး နှစ်ကြိမ်ရိုက်လေ့ရှိပြီး ပထမအကြိမ်မှာ ကိုယ်ဝန်ရှိပြီဟုစပြီးသိချိန်နှင့် ဒုတိယအကြိမ်မှာ ကိုယ်ဝန် ၁၈ ပတ်နှင့် အပတ် ၂၀ ကြားရိုက်ပီး သားသားမီးမီးလား သိရှိရန် ရိုက်ခြင်း ဖြစ်သည်။
- အသက် ၃၅ နှစ်ကျော်နေသော ကိုယ်ဝန်ဆောင်များ
- ယခင်က ပေါင် မပြည့် လမစေ့ကလေးမွေးဖွားသူများ
- မွေးရာပါ ချို့ယွင်းချက် ပါလာသည့် ကလေးမွေးဖွားသူများ
- မိသားစုတွင် မွေးရာပါ ချို့ယွင်းချက် နှင့် မျိုးရိုးလိုက် ရောဂါရာဇဝင်ရှိသူများ
- ဆီးချို သွေးချို ရောဂါ ၊သွေးတိုးရောဂါ ၊ဝက်ရူးပြန် ရောဂါ အပါအဝင် အတက်ရောဂါ ၊ လေးဖက်နာ ရောဂါ ၊ နှလုံးရောဂါ ရှိသူများ
- ကိုယ်ဝန်ပျက်ကျ ဖူးသူ ၊ကလေး အသေေမွးဖူးသူ
- ကိုယ်ဝန်ဆောင်စဉ်က သွေးဆိပ််တက်ဖူးသူ
အထက်ပါ ရောဂါ ရာဇဝင် ရှိသူများသည် မျိုးရိုးဗီဇ ချို့ယွင်းမှုနှင့် မွေးရာပါ ရောဂါ ရှိ ၊မရှိ အထူးစမ်းသပ်စစ်ဆေးမှုလိုအပ်ပီး သားဖွား ဆရာဝန်အထူးကု သမားတော်များနှင့် သေချာ တိုင်ပင်၍ ပြသသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည် ။
Credit - Health Digest Journal