Print

ကိုယ်ဝန်ဆောင်ချိန်ချစ်တင်းနှောခြင်း

  30-Aug-2017
Preview Image

(၁) ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံလျှင် စိတ်ချရပါသလား။

>>သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် လိင်ဆက်ဆံမှုကို ရေမွှာပေါက်သည်အထိ (သို့) ကလေးမွေးဖွားသည့်အချိန်အထိ ပြုလုပ်နိုင်ပါတယ်။ တချို့သော အခြေအနေများတွင် သင်၏လှုပ်ရှားမှု (သို့) လိင်ဆက်ဆံမှုကို ပြောင်းလဲရန် လိုအပ်ပါတယ်။ သင်၏ဆရာဝန် (သို့) ကျွမ်းကျင်သော သားဖွားဆရာမနှင့် မေးမြန်း၍တိုင်ပင်နိုင်ပါတယ်။


(၂) ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံလျှင် သန္ဓေသားကို ထိခိုက်နိုင်ပါသလား။
>> မထိခိုက်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သူမ၏ ဆက်ဆံဖော် ချစ်တင်းနှောစဉ် ကလေးကို မထိခိုက်နိုင်ပါဘူး။ ရေမွှာအိတ်နှင့် သားအိမ်၏ အားကောင်းသော ကြွက်သားများက ကလေးကိုကာကွယ်ပေးထားပြီး၊ သားအိမ်လည်တိုင်ထိပ်တွင်ရှိသော အချွဲများက ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်ပေးထားပါတယ်။ ထို့အပြင် ဆက်ဆံနေစဉ်တွင် အမျိုးသား၏ လိင်အင်္ဂါသည်ယောနိကိုကျော်၍ မရောက်နိုင်ပါ။


(၃) လိင်ဆက်ဆံခြင်းက ကလေးမွေးဖွားချင်စိတ်ကို လှုံ့ဆော်ပါသလား။
သင့်တွင် သာမန်အန္တရာယ်မရှိသော ကိုယ်ဝန်ဆောင်ထားပါက မဖြစ်နိုင်ပါ။ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု (သို့) ထိုးသွင်းဆက်ဆံမှုက ကလေးမွေးဖွားချင်စိတ်ကို မလှုံ့ဆော်နိုင်သလို ကိုယ်ဝန်ပျက်ကျမှုကိုလည်း မဖြစ်စေနိုင်ပါ။ ထိုးသွင်းဆက်ဆံစဉ်တွင် အားပျော့သော သားအိမ်ကျုံ့ခြင်း (နို့သီးခေါင်းကို လှုံ့ဆော်မှုနှင့် အမျိုးသား သုတ်ရည်တွင်ပါသော prostaglandins ကြောင့်) ဖြစ်နိုင်ပါသည်။ အဆိုပါ သားအိမ်ကျံု့ခြင်းသည် ခဏတာဖြစ်ပြီး အန္တရာယ်မရှိပါ။


(၄) ကိုယ်ဝန်ဆောင်စဉ် လိင်မဆက်ဆံသင့်သော အခြေအနေများ
ကိုယ်ဝန်ဆောင်အများစုသည် လိင်ဆက်ဆံရာတွင် အန္တရာယ်မရှိပါ။ သို့သော် အောက်ပါအခြေအနေများတွင် ကိုယ်ဝန်ဆောင်စဉ် လိင်မဆက်ဆံသင့်ပါ။
• အချင်းအရှေ့ရောက်ခြင်း
• အချိန်မတိုင်မီ ကလေးမွေးဖွားခြင်း
• အမျိုးသမီးအင်္ဂါမှ သွေး (သို့) ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း
• သားအိမ်လည်တံကျယ်ခြင်း
• ရေမြွှာပေါက်ခြင်းလိင်အင်္ဂါတွင် ရေယုန်ပေါက်နေခြင်း


(၅) မည်သည့်ရောဂါလက္ခဏာများပြလျှင် ဆရာဝန် (သို့) ကျွမ်းကျင်သော သွားဖွားဆရာမထံ ချက်ချင်းပြသင့်ပါသလဲ။
လိင်ဆက်ဆံစဉ် (သို့) ဆက်ဆံပြီးချိန်တွင် ခဏတာ သားအိမ်ကြွက်သားညှစ်ခြင်းက ပုံမှန်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိနစ်အတော်ကြာအောင် (သို့) လိင်ဆက်ဆံပြီး နာကျင်မှု (သို့) သွေးများဆင်းလျှင် ချက်ချင်းဆေးရုံ။ ဆေးခန်းပြသင့်ပါတယ်။ အကယ်၍ သင့်တွင် လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ မေးမြန်းစရာရှိလျှင် ဆရာဝန်အား မေးမြန်းရန် မတွေဝေပါနဲ့။ အထူးသဖြင့် ကလေး၏အန္တရာယ်ကင်းစေရန် ဆောင်ရန်ရှောင်ရန်များကို မေးမြန်းပါ။ အကယ်၍ သင့်အား လိင်ဆက်ဆံရန် ဆရာဝန်က ခွင့်မပြုပါက ရှောင်ကြဉ်ပါ။


မိခင်နှင့်ကလေးပါ ကျန်းမာကြ၍ အိမ်ထောင်မှုသုခနှင့် ပြည့်စုံကြပါစေ။

Credit : Dr. Tun



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18