Print

ကိုယ်ဝန်ဆောင်နှင့် ဆီးချိုရောဂါ

  13-Sep-2017
Preview Image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ -

-(Fasting blood sugar level) Fasting လုပ်ထားသော အချိန်၌ရှိသော သွေးတွင်းသကြားဓာတ် 7.8 mmol / L ထက်များနေလျှင် (သို့)
- Glucose 75 gram စားပြီး ၂ နာရီအကြာတွင်ရှိသော သွေးတွင်းသကြားဓာတ် 11.1 mmol / L ထက်များနေလျှင် ဆီးချိုရောဂါရှိနေပြီဟု သတ်မှတ်နိုင်တယ်။
- ကိုယ်ဝန်ဆောင်နေစဉ်အချိန်တွင် ခန္ဓာကိုယ်တွင် ဘာတွေပြောင်းလဲနေလဲ။



 (Insulin) အင်ဆူလင်သည် ခန္ဓာကိုယ်အတွင်းရှိ ကာဗိုဟိုက်ဒရိတ် (carbohydrate) ဇီဝဖြစ်ပျက်မှုအတွက် လိုအပ်သော အရာတစ်ခုပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတွင် human plasental lactogen (HPL) နှင့် Cootiso စသော (hormone) ဟော်မုန်းများ ခန္ဓာကိုယ်အတွင်းတွင် မြင့်တက်လာကြသည်။ HPL နှင့် cortiso များသည် Insulin (အင်ဆူလင်) ၏ လုပ်ငန်းဆောင်တာများကို ဆန့်ကျင်စေသည်။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်သည် Insulin (အင်ဆူလင်) ၏ အာနိသင်အကျိုးကျေးဇူးကို အပြည့်အဝမရရှိနိုင်ပါ။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်၏ မုန့်ချိုအိတ် ကာဗွန်ဟိုက်ဒရိတ်မှ ဇီဝဖြစ်ပျက်မှုအတွက် Insulin (အင်ဆူလင်) အမြောက်အများကို ထုတ်လုပ်ပေးသည်။  ထိုသို့ဖြစ်ပျက်မှုသည် ကိုယ်ဝန်ဆောင်ချိန် တတိယ ၃ လအတွင်း (Insulin trimester) အသိသာဆုံးဖြစ်သည်။ ထိုသို့ထုတ်လုပ်မှုကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်း စေသည်။



 ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းတွင်း ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း အဖွဲ့အစည်း မှ alacose ကို ပြန်လည်စုပ်ယူနိုင်မှု လျော့ကျစေသည်။ ရလာဒ်အနေဖြင့် alacose ဆီးအတွင်း သကြားဓာတ်ပါဝင်မှု ပို၍မြင့်တက်စေသည်။ ကိုယ်ဝန်ဆောင်မိခင်အများစုတွင် ဆီးအတွင်းတွင် သကြားဓာတ်များပြားမှု alacose သည် တစ်ခါတစ်ရံတွင် ဖြစ်တတ်ပါသည်။ ထို့ကြောင့် alycoscric (ဆီးအတွင်းသကြားဓာတ်များစွာပါဝင်ခြင်း) ဖြင့်လည်း ကိုယ်ဝန်ဆောင်သည် ဆီးချိုရောဂါရနေရသည်ဟု အတိအကျမပြောနိုင်ပါ။  Risk Factors for development of dickotes in pregnancy (ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုဖြစ်ပွားစေရန် အားပေးသောအချက်များ)



- အဝလွန်ခြင်း (BMI တန်ဖိုး 30 ထက်ပိုနေသူများ (body mass index)
- မိသားစုဆွေမျိုးများတွင် ဆီးချိုများတွင် ဆီးချိုရှိနေသူများ
- ယခုကိုယ်ဝန်မတိုင်ခင် မွေးခဲ့သော ကလေး၏အလေးချိန် 4.5kg ထက်ပိုသူများ
- ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးမွေးဖူးသူများသည် ကိုယ်ဝန်ထောင်စဉ် ဆီးချိုရောဂါခံစားရရန် ပို၍ဖြစ်နိုင်ပါသည်။



ဆီးချိုရောဂါ ခံစားနေရသော အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ပါက မည်သို့သောသက်ရောက်မှုများရှိနိုင်ပါလဲ။ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်တွင် (human plccental homone နှင့် cootiso) ဆိုသော ဟော်မုန်းများတွင်လာသည်။ ထိုဟော်မုန်းများသည် ဆီးချိုဖြစ်စေရန် အားပေးပါသဖြင့် ဆီးချိုထိန်းရနိုင်ရန် ပို၍ခက်ခဲသွားနိုင်သည်။ ယခင်က အစားအသောက်နှင့်သာထိန်းနေရသော သူသည် အင်ဆူလင် (insulin) ထိုးရန်လိုအပ်နိုင်ပါသည်။ အင်ဆူလင် (insulin) လိုအပ်မှုပမာဏသည်လည်း ပို၍များလာနိုင်သည်။
ဆီးချိုရောဂါကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတို့တွင် ခံစားရနိုင်သော ဆိုးကျိုးများ မိခင်သည် ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်းတွင်



- ဆီးလမ်းကြောင်း၊ မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းတို့တွင် အလွယ်တကူ ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
- ကိုယ်ဝန်ဆောင်သွေးပေါင် အလွန်တက်ခြင်းသည် ၂ ဆ၊ ၃ ဆ လောက်ပိုများနိုင်သည်။
- သွေးတွင်းသကြားဓာတ် အရမ်းများခြင်း၊ နည်းခြင်း
- နှလုံးသွေးကြောနှင့် ထိုင်သောရောဂါ
- သွေးကြောများတွင် သွေးခဲများဖြင့်ပိတ်ဆို့နှင်ခြင်း
- ရေမွှာရည် အရမ်းများလွန်းခြင်း
- ကျောက်ကပ်ထိခိုက်မှု၊ ပို၍ဆိုးလာနိုင်ခြင်း
- ဆီးချိုကြောင့်မျက်စိထိခိုက်မှု ပိုဆိုးလာနိုင်ခြင်းတို့ ဖြစ်နိုင်သည်။



မီးဖွားသည့်အခါတွင်လည်း

 ကလေးအရမ်းကြီးသည့်အတွက် မွေးရခက်တာ၊ ကလေးကလေးပခုံးတစ်နေတာတွေကြောင့် ဗိုက်ခွဲမွေး (Caesarean section) ရနိုင်သည့် ရာခိုင်နှုန်းပိုများပါသည်။ ပုံမှန်အတိုင်းမွေးနိုင်ခဲ့လျှင် ကလေးကြီးသောကြောင့် မွေးလမ်းကြောင်းတွင် ထိခိုက်ဒဏ်ရာများရရှိနိုင်သည်။


မီးတွင်းကာလတွင်လည်း

 ဗိုက်ခွဲထားခြင်းကြောင့်ရသော ချုပ်ရိုးနေရာတွင်ဖြစ်စေ၊ မွေးလမ်းကြောင်းတွင်ဖြစ်စေ ရောဂါပိုးဝင်နိုင်မှု ပို၍ဖြစ်နိုင်သည်။

သန္ဓေသားတွင်လည်း -
- နှလုံး၊ အာရုံကြောအဖွဲ့အစည်းနှင့် အရိုးအဖွဲ့အစည်းတည်ဆောက်ရာတွင်လည်း ချို့ယွင်းမှုကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသည်များဖြစ်နိုင်သည်။
- သားပျက်သားလျှောနှင့် လမစေ့ပဲ မွေးသွားနိုင်ခြင်း
- သားအိမ်အတွင်း၌ သန္ဓေသားအသက်သေခြင်း
- ကလေးကြီးသောကြောင့် မွေးရာတွင်ခက်ခဲသဖြင့် ကလေးရေမွန်ခြင်း၊ မွေးဖွားရာတွင် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်နိုင်ပါသည်။


မွေးကင်းစကလေးတွင်လည်း -
- အသက်ရှူရခက်ခဲခြင်းမွန်းခြင်း
- သွေးတွင်း အဝါဓာတ် အလွန်များခြင်း
- အသားဝါခြင်း
- သွေးတွင်သကြားဓာတ်ကျစေခြင်း
- ကလေးသေဆုံးနိုင်မှုနှုန်း ၅ ဆ မှ ၁၀ ဆ အထိ ပို၍ဖြစ်နိုင်ပါသည်။


ဆီးချိုရောဂါရှိနေသော အမျိုးသမီးတစ်မျိုးသည် ကိုယ်ဝန်ယူမည်ဟု ဆုံးဖြတ်ထားလျှင်
- ကိုယ်ဝန်မယူခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်သည်။ သို့မှသာ ဆောင်ရန်၊ ရှောင်ရန် သိရှိနိုင်ပြီး စစ်ဆေးမှု၊ ကုသမှုတို့ကို စနစ်တကျခံယူနိုင်မည်ဖြစ်သည်။
- ကိုယ်ဝန်မယူခင်အချိန်တွင် အမျိုးသမီး၏ ကျန်းမာရေး အခြေအနေသည် ကိုယ်ဝန်ဆောင်ရန် သင့်တော်မှုရှိမရှိ၊ အရင်စစ်ရမည်။  အကယ်၍ ကျော်ကပ်အလွန်ထိခိုက်နေခြင်း၊ မျက်စိထိခိုက်နေခြင်းဖြစ်ပါက ကိုယ်ဝန်မဆောင်သင့်ပါ။
- ဆီးချိုထိန်းရ၊ မရအတွက် (Hb Alc) နှင့်တိုင်းတာနိုင်သည်။ ဆီးချိုထိန်းရပါက ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးမွေးဖွားခြင်းကို လျှော့ချနိုင်သည်။
- ဆီးချိုထိန်းရပါက - နောက်ဆက်တွဲ ဆီဒချိုကြောင့်ဖြစ်စေသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်မှုကို လျော့ကျနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုကြောင့်ဖြစ်စေသော လက္ခဏာများလျော့နည်းစေ ပါသည်။


ဆီးချိရှိနေသော အမျိုးသမီးကိုယ်ဝန်ဆောင်သည်အခါ မည်သို့ပြုမူနေထိုင်ရမည်နည်း
- ကိုယ်ဝန်ရှိနေပြီဟု သိသိချင်းတွင် သားဖွားနှင့်မီးယပ်ဆရာဝန် (OG) နှင့် ကိုယ်ဝန်အပ်ရပါမည်။ ထို့အပြင် ဆီးချိုရောဂါအတွက်ပါ ဆီးချိုသမားတော်နှင့် ပြ၍ကုသမှုခံယူရမည်။
- ကိုယ်ဝန်ဆောင်ချိန်အတွင်းတွင် ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း လိုက်၍နေထိုင်ရမည်။ သွေးတွင်းသကြားဓာတ်များစေသော အစားအစာများ၊ အချိုရည်များ၊ အဆီနှင့်အငန်များသော အစားအစာများ၊ ရှောင်ရမည်။
- ကိုယ်ဝန်ဆောင်အားတိုးဆေးနှင့် Folic acid တို့ကို သောက်သုံးရမည်။
- ဆီးချိုကျဆေး (သောက်ဆေး) ကို ကိုယ်ဝန်ဆောင်ချိန်အတွင်းတွင် သောက်၍မရပါ။
- ဆီးချိုထိန်းရန် အစားအသောက် (သို့) အင်ဆူလင် (insulin) ထိုးခြင်းတို့ဖြင့် ထိန်းရမည်။


မိခင်၏ သွေးတွင်းသကြားဓာတ်၊ ဆီးတွင်းပါဝင်သော သကြားဓာတ်နှင့် Hb Aic Level တို့ကို ဖောက်၍ စစ်ဆေးပြီး ဆီးချိုထိန်းရ၊ မရ စောင့်ကြည့်ရပါမည်။ မိခင်ကျန်းမာရေးအတွက် ဆီးချိုထိန်းရမည့်အပြင် ကိုယ်အလေးချိန် ဘယ်လောက်တက်လာလဲ ဆိုတာကို မှတ်ထားရမည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်အလွန်တက်လာခြင်း၊ ရေမွှာရည် အရမ်းများလာခြင်း ဖြစ်နေပြီလား သိရှိနိုင်ရန် စစ်ဆေးမှုများလုပ်သင့်သည်။ ကလေး၏ကိုယ်လက်အင်္ဂါပြည့်စုံမှုရှိမရှိနှင့် ကိုယ်ဝန်ဘယ်နှစ်ပတ်ရှိနေသလဲကို သိနိုင်ရန် USG (ultrasound) အာထရာဆောင်း ရိုက်သင့်ပါသည်။ သို့မှသာ ကလေး၏ကြီးထွားတိုးတက်မှုကို သိနိုင်ပါသည်။


ဘယ်အချိန်မှာ ဆေးရုံတက်သင့်လဲ။

- ဆီးချိုထိန်းမရပါက (36 – 38) ပတ်အတွင်းတွင် ဆေးရုံတက်ပြီး ဆရာဝန်များ၏ စောင့်ကြည့်ကုသမှုအောက်တွင် လိုက်နာနိုင်လျှင်တော့ အကောင်းဆုံးဖြစ်သည်။
- မွေးဖွားရန်အသင့်တော်ဆုံးအချိန်မှာ (38 - 40) ပတ် အတွင်း၌ဖြစ်သည်။
- ရက်နောက်ကျ၍ နွေးခြင်းသည် မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သဖြင့် နောက်မကျသင့်ပါ။


ဘယ်လိုနည်းလမ်းတွေနဲ့ ကလေးမွေးနိုင်မလဲ။
(၁) နေ့စေ့လစေ့ဖြစ်သည်။ ရက်မကျော်ဘူး သားအိမ်ညှစ်ပြီး၊ ဗိုက်နာတယ်ဆိုရင်တော့ (Vaginal delivery ပုံမှန်သမရိုးကျအတိုင်းပဲ မွေးလို့ရပါတယ်။

(၂) ဆီးချို၏ နောက်ဆက်တွဲဆိုးကျိုးများ (ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ချိန်တက်ခြင်း ဆီးချိုအရမ်းတက်ခြင်း ကလေးအနေအထားမမှန်ခြင်း၊ ကလေးကောင်းကောင်း မလှုပ်ခြင်း၊ စသည်ဖြင့်ဖြစ်ပါက (Caesorean section) ဗိုက်ခွဲ၍ ကလေးမွေးရတာမျိုး ဖြစ်နိုင်ပါသည်။


ကလေးမွေးပြီးရင် ဘယ်လိုနေထိုင်ရမလဲ။

- ဆီးချိုအတွက် အစားအသောက်နှင့် ဆေးပြန်လည်ထိန်းညှိပေးရမည်။
- ဗိုက်ချုပ်ရိုးအနာကိုလည်းကောင်း၊ မိန်းမကိုယ်ရှိချုပ်ရိုး၊ အနာကိုလည်းကောင်း ပိုးမဝင်စေရန် ဂရုစိုက်ရပါမည်။
- သားဆက်ခြားနည်း တစ်မျိုးမျိုးကို အသုံးပြုသင့်သည်။


Credit: Dr. That Naing



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18