Print

ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါ

  20-Sep-2017
Preview Image

ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသား၏ ဖွံ့ဖြိုးမှုအတွက် မိခင်၏ သွေးဆဲလ်များကို ပိုမို၍ထုတ်ရသည်။ ဤတွင် သွေးဆဲလ်များထုတ်ရန် လိုအပ်သော အာဟာရဓာတ်များ မလုံလောက်ပါက သွေးအားနည်းရောဂါ ဖြစ်ပေါ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် သွေးအားအတန်ငယ် နည်းသွားတတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့၍ ပြင်းထန်သော သွေးအားနည်းရောဂါများလည်း ဖြစ်လာနိုင်သည်။



သွေးအားနည်းရောဂါအမျိုးအစားများ
- သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ
- ဖောလစ်အက်ဆစ်ချို့တဲ့သော သွေးအားနည်းရောဂါ
- ဗီတာမင်ဘီ ၁၂ ချို့တဲ့သော သွေးအားနည်းရောဂါ


လက္ခဏာများ
- အသားအရေ၊ နှုတ်ခမ်း၊ လက်သည်းများ ဖြူရော်ရော်ဖြစ်ခြင်း
- နုံးခြင်း၊ နွမ်းခြင်း၊ ပင်ပန်းလွယ်ခြင်း
- မူးဝေခြင်း
- ရင်တုန်ခြင်း
- အာရုံစူးစိုက်မှုအားနည်းခြင်း


နောက်ဆက်တွဲဆိုးကျိုးများ
 ပြင်းထန်သော (သို့) ကုသမှုကောင်းစွာမခံယူသော သွေးအားနည်းရောဂါများ၌
- လမစေ့၊ ပေါင်မပြည့် ကလေးမွေးနိုင်ခြင်း
- သွေးသွင်းရနိုင်ခြင်း
- မီးတွင်း၌ ဓာတ်ကျရောဂါရနိုင်ခြင်း
- ကလေး၌ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
- မိခင်၌ နှလုံးထိခိုက်နိုင်ခြင်း စသည်တို့ဖြစ်နိုင်သည်။


ကာကွယ်ခြင်း
 သွေးအားနည်းရောဂါသည် ကိုယ်ဝန်ဆောင်များ၌ တွေ့ရများသောရောဂါ တစ်ခုဖြစ်၍ အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ကာကွယ်သင့်သည်။
- ရက်ချိန်းအတိုင်း ပုံမှန်ဗိုက်အပ်ခြင်း
- အာဟာရမျှတစွာ စားသုံးခြင်း (အစိမ်းရင့်ရောင်အရွက်များ၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အသီးအနှံများ)
- ကိုယ်ဝန်ဆောင် အားဆေးနှင့် သတ္တုဓာတ်များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးခြင်း။


Credit: Dr. Soe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18