Print

ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများ

  27-Sep-2017
Preview Image


ကိုယ်ဝန်ဆောင်အများစုဟာ အာဟာရ ပြည့်ဝ အောင် စားပေးရမယ်ဆိုတဲ့ ခံယူချင်ရှိတာကြောင့် လိုအပ်တာထက်ပိုစားလေ့ရှိပြီး ဝ လာလေ့ရှိကြသည်။ ကိုယ်ဝန်ဆောင် တစ်ဦးဟာ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမို မြင့်မားလာပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ တွဲဖတ်လာတတ်တယ်လို့ ဗြိတိသျှဆေးပညာ ဂျာနယ်မှာဖော်ပြထားပါသည်။ ထို့ကြောင့် ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များနှင့် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းများ နေ့စဉ် ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါသည်။ထိုသို့  ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင် လှုပ်ရှားသွားလာပါက ကလေးမီးဖွားရာမှာ လွယ်ကူချောမွေ့ပြီး မိခင်ရော ကလေးပါ ကျန်းမာစေမှာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။  


ကိုယ်ဝန်ဆောင်ဟာ အဝလွန်လို့ ဖြစ််ဖြစ် ကိုယ်အလေးချိန် ချချင်လို့ ဖြစ်ဖြစ် အစားလျှော့စားခြင်း မလုပ်သင့်ပါ။ အစားလျော့စားခြင်းက မိခင်ရော ကလေးကို ပါ ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ အစားလျော့စားခြင်းမှာ ကိုယ်ဝန်သည်အား ကယ်လိုရီ ကျဆင်းစေရုံသာမက သံဓာတ် ဖောလစ်အက်စစ် တို့အပါအဝင် အရေးကြိးသော ဗီတာမင်နှင့် သတ္ထု ဓာတ်များကိုပါ လျော့နည်း စေနိုင်သည်။ကိုယ်အလေးချိန်ကိုလည်း သတိထားရမှာ ဖြစ်ပါသည်။ ကိုယ်ဝန်ပထမ ၃ လမှာ ၁ ပေါင်မှ ၅ ပေါင် အထိ တက်သင့်ပါသည်။ ၃လကျော်မှ မွေးဖွားချိန်အထိ ဆိုရင်တော့ ၁ ပတ်လျှင် ၁ ပေါင်နှုန်းတက်သင့့်ပါသည်။ 


တချို့သော မိခင်များတွင် ကိုယ်အလေးချိန်မြင့်တက်လာသည်နှင့်အမျှ ဆီးချို သွေးတိုး ရောဂါတွဲဖက်ဖြစ်ပွားလာတတ်သည်ကို သတိထားသင့်ပါသည်။နေ့စဉ် ပုံမှန် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းဖြင့် မလိုလား အပ်သော သွေးတိုးရောဂါ ၊ သွေးတွင်း ကိုလက်စရော နှင့် အချိုဓာတ် မြင့်မားခြင်းကို ဖယ်ရှား နိုင်ပြီး ကလေး မွေးဖွားရာတွင် ကလေး ကြီးထွားခြင်း ကိုလည်း မဖြစ်စေတော့ပါ။  ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာသော ကလေးကို မွေးဖွားနိုင်မှာဖြစ်သည်။ အကယ်၍ အမြွှာပူးကိုယ်ဝန်ဆိုပါက သားဖွားဆရာနှင့် သေချာတိုင်ပင်ဆွေးနွေး၍ စားသောက်နေထိုင်သင့်ပါသည်။   


ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင် စားသောက်ရာတွင် အသား၊ငါး ၊ ဟင်းသီးဟင်းရွက် ၊ ပဲ နှင့်သစ်သီး အမျိုးမျိုးကို သင့်တင့်မျှတစွာ စားသုံးပေးဖို့လိုအပ်ပါသညိ။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ သန္ဓေသား လှုပ်ရှားမှု များလာသောကြောင့် မိခင် ၏ အစာအိမ်နှင့် အစာခြေ အင်္ဂါ များကို ထိခိုက်မှု ဖြစ်စေတတ်သည် ။ ထိုအပြင်  မိခင်၏ အစာအိမ်ထဲတွင် အစာများများထည့် ထားရန် နေရာ အလုံ အလောက်မရှိသောကြောင့် ၁ ကြိမ်လျှင် နည်းနည်းစီ မကြာခဏစားပေးသင့်သည်။ကိုယ်ဝန်ဆောင်မိခင်များသတိမထားမိတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးခြင်းနှင့် အစားအစာ အာဟာရ သင့်တင့် မျှတစွာစားပေခြင်း၏ အကျိုး ကျေးဇူး များကြောင့် ကလေး မွေးဖွားမှု သေဆုံးနှုန်း နှင့် ရောဂါ ဖြစ်ပွားမှု တို့ကိုလျော့ချပေးနိုင်ကြောင်း တင်ပြအပ်ပါသည်။ 


Credit : health digest journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18