Print

Gestational diabetes (ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ)

  04-Oct-2017
Preview Image


အကျဉ်းရှင်းလင်းချက်        

          ဆီးချိုရောဂါဆိုသည်မှာ အချိုဓာတ်(သကြားဓာတ်) ပမာဏ သွေးထဲနှင့် ဆီးထဲတွင် ပုံမှန်ထက်ပို၍များလာသော ရောဂါကိုဆိုလိုပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်မှ ဆီးချိုရောဂါဖြစ်လာခြင်းဖြစ်သည်။ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်ကို (insulin)အင်ဆူလင် ဆိုသည့်ဟော်မုန်းမှ ထိန်းညှိပေးထားသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ်ပုံမှန်ထက်ပို၍ များလာခြင်းကို အင်ဆူလင်မှ လိုက်၍ မထိန်းချုပ်နိုင်သောအခါ ရောဂါဖြစ်ပွားရသည်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၈ပတ်နောက်ပိုင်းမှာ ပေါ်လာတတ်ပြီး ကလေးမွေးဖွားပြီးချိ်န်တွင် ပျောက်ကင်းသွားတတ်သည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ဖူးသူများသည် နောက်ပိုင်းတွင် ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်ပွားနိုင်ချေများသည်။


လက္ခဏာများ

-အာခြောက်ခြင်း

-ရေမကြာခဏဆာခြင်း

-ညဘက်ဆီးမကြာခဏသွားခြင်း

-မောပန်းလွယ်ခြင်း

-အမြင်ဝေဝါးခြင်း

-မကြာခဏ ရောဂါပိုးဝင်ခြင်း၊ ဥပမာ- ပါးစပ်အတွငး် အဖြူဖတ်များပေါ်ခြင်း၊ မိန်းမကိုယ်မှိုပိုးဝင်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

          ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ oestrogen, progesterone, and human placental lactogen စသည့်ဟော်မုန်းများ ပို၍ထွက်သည်။ ထိုဟော်မုန်းများ၏ အကျိုးသက်ရောက်မှုကြောင့် ပုံမှန်အင်ဆူလင် အလုပ်မလုပ်နိုင်ဘဲ သွေးတွင်းသကြားဓာတ်များလာကာ ဆီးချိုရောဂါဖြစ်ပွားစေသည်။


ဖြစ်နိုင်ချေများသူများ

-ကိုယ်အလေးချိ်န်ညွှန်းကိန်း BMI 30 ထက်ပို၍များခြင်း

-ယခင် ကလေးကြီး (၁၀ပေါင်နှင့်အထက်)မွေးဖူးခြင်း

-ယခင်ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ဆီးချိုရောဂါဖြစ်ဖူးခြင်း

-မျိုးရိုးထဲတွင် ဆီးချိုရောဂါရှိခြင်း


နောက်ဆက်တွဲ ပြဿနာများ

-မိခင်နှင့် ကလေးပါ နောက်ဆက်တွဲ အကျိုးများသက်ရောက်နိုင်သည်။

-ကလေးကြီးမွေးခြင်း(ပေါင်ချိန် 4kg နှင့်အထက် သို ့မဟုတ် ၈ပေါင် ၈အောင်စထက် ပို၍မွေးခြင်း)

-ကလေးမွေးရခက်ခြင်း

-ကလေးစောမွေးခြင်း

-ကလေးပျက်ကျခြင်း

-ကလေးအသေမွေးခြင်း

-မွေးစဉ် ကလေးပခုံးလွဲခြင်း

-နောက်ပိုင်းတွင် ကလေးတွင်လည်း အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ချေများခြင်း


စစ်ဆေးမှုများ

       ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ရှိစဉ်ကတည်းက ကိုယ်ဝန်အပ်ပြီး လိုအပ်သည့်စစ်ဆေးမှုများကို ပုံမှန်ခံယူသင့်သည်။

        ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ရန် အလားအလာများရှိပါက OGTTဟုခေါ်သည့် သွေးတွင်းသကြားဓာတ်တုံ ့ပြန်နည်းဖြင့် စမ်းသပ်သင့်သည်။


ကုသခြင်း

        အချို ့ကိုယ်ဝန်ဆောင်အမျိုးသမီးရောဂါသည်များတွင် အစားအသောက်အနေအထိုင်ဆင်ခြင်ရုံဖြင့် သက်သာနိုင်ပြီး အချို ့သူများတွင် ဆေးကုသရန်လိုအပ်သည်။


ပြုလုပ်နိုင်သောအချက်များမှာ

-သွေးတွင်းသကြားဓာတ်ပုံမှန်တိုင်းခြင်း

-အစားအသောက်အနေဖြင့် ပုံမှန်စားခြင်း၊ အသီးအရွက်များများစားခြင်း၊ သကြားနှင့် အချိုဓာတ်ပါသော အစားအစာများကို သင့်တင့်ရုံသာစားခြင်း၊ မပြည့်ဝဆီများစားသုံးခြင်း၊ BMIနှင့် ယှဉ်၍ လိုအပ်သလောက် အစာအင်အားပမာဏ စားသုံးခြင်း

-လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

-ဆရာဝန်မှဆေးဝါးဖြင့် လိုအပ်သလိုကုသခြင်း၊ ဥပမာ - အင်ဆူလင်ထိုးခြင်း။

      အင်ဆူလင်ထိုးနေသည့် လူနာများတွင် Hypoglycemia ဟုခေါ်သည့် သွေးတွင်းသကြားဓာတ်နည်းခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဖြစ်ပွားလျှင်ခံစားရနိုင်သည့် လက္ခဏာများမှာ-

-ဗိုက်ဆာလာခြင်း

-ရင်တုန်ခြင်း

-လက်တုန်ခြေတုန်ဖြစ်ခြင်း

-ဂဏာမငြိမ်ဖြစ်ခြင်း

-ဖြူဖျော့ဖျော့ဖြစ်ခြင်း

-ချွေးစေးများထွက်ခြင်း

  အထက်ပါလက္ခဏာများပေါ်လာပါက သကြားစားခြင်း၊ ဖျော်ရည်သောက်ခြင်းတို ့ကို ချက်ချင်းပြုလုပ်ရမည်။


Ref: NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18